အပေါစားဆန်တဲ့ယောကျာ်းတွေမှာရှိတတ်တဲ့ အမူအကျင့်များ

အပေါစားဆန်တဲ့ယောကျာ်းတွေမှာရှိတတ်တဲ့ အမူအကျင့်များ google

မိန်းကလေးတွေအနေနဲ့ ချစ်သူရွေးကြတဲ့အခါ အပြင်ပန်းဟိတ်ဟန်ကောင်းလွန်းတဲ့သူ၊ တော်ကီကောင်းလွန်းတဲ့သူထက် ကိုယ်ကျင့်တရားကောင်းမွန်ပြီး စိတ်သဘောထားပြည့်ဝတဲ့သူမျိုး၊


မအောင်မြင်သေးရင်တောင် ကြိုးစားချင်စိတ်ရှိတဲ့သူမျိုးကို ရွေးချယ်သင့်ပါတယ်။ အခုဖော်ပြချင်တာကတော့ မိန်းကလေးတွေ အထူးသတိထားရှောင်ရှားသင့်တဲ့ ၊


တွဲမိနေရင်တောင် ချက်ချင်းဖြတ်ပစ်သင့်တဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့၊ အပေါစားဆန်တဲ့ယောကျာ်းတွေမှာရှိတတ်တဲ့ အမူအကျင့်တွေအကြောင်းပါ။

 

(၁) အရမ်းကြွားတယ်

 

သူ့လက်ထဲမှာ ပိုက်ဆံရှိရင်ရှိသလောက် ထုတ်ကြွားတတ်တယ်၊ မရှိရင်လည်း မရှိရှိတာတွေကြွားလိမ့်မယ်။

 

လူတိုင်းတတ်နိုင်တဲ့အရာမျိုးတွေကိုတောင် ထွေထွေထူးထူးလုပ်ပြီး ကြွားနေတတ်တဲ့သူမျိုးပေါ့။

 

သူကဘယ်လိုအရည်အချင်းရှိတာ၊ ဘယ်လိုတော်တာစသဖြင့် ထပ်ခါတလဲလဲပြောတတ်ပြီး သူ့ကြည့်တော့လည်း ဘာမှထူးခြားမနေတာမျိုးပေါ့

 

(၂) တစ်ခုခုလိုချင်တာရှိရင်ချိုသာနေရော

 

ပုံမှန်ဆို သိပ်ဂရုမစိုက်တတ်ဘဲ ပိုက်ဆံလိုမှ အရမ်းတွေချွဲပြနေတာမျိုး၊ သူတို့လိုချင်တာကို အားမနာဘဲ အတင်းဝယ်ခိုင်းတာမျိုးတွေလုပ်တတ်ပါတယ်။

 

ချစ်သူနှစ်ယောက်မှာ အမှတ်တရလက်ဆောင်ပေးတာလေးတွေကဖြစ်သင့်ပေမယ့်


ယောကျာ်းလေးက သူလိုချင်တာတွေ မိန်းကလေးကိုပဲ ဝယ်ခိုင်းနေမယ်ဆိုရင်တော့ မဟုတ်သေးဘူးလေနော်။

 

(၃) ဒါပေမယ့် ချစ်သူကောင်မလေးဆီကပိုက်ဆံချေးတယ်

 

ပြောနေတာကတော့ ဘီလျံနာလိုလိုဘာလိုလိုပါပဲ၊ ဒါပေမယ့် အရေးပေါ်လိုအပ်လို့၊ အခက်အခဲဖြစ်နေလို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့

 

ချစ်သူမိန်းကလေးဆီက မကြာခဏပိုက်ဆံချေးတတ်ပါတယ်။ ဘယ်တော့မှလည်း ပြန်မဆပ်တတ်သလို၊ ဆပ်ဖို့မလိုဘူးဆိုတဲ့ အထာမျိုးလုပ်နေတတ်သူပါ။

 

(၄) ကတိဖျက်တယ်

 

ဒီလိုလူမျိုးတွေဟာ ကတိတွေကိုလွယ်လွယ်ပေးပြီး လွယ်လွယ်ဖျက်ပစ်ဖို့ ဝန်မလေးတတ်တဲ့သူတွေပါ။

 

သူတို့ကိုယုံဖို့ထပ်ခါတလဲလဲပြောတတ်ပြီး ကိုယ်မတောင်းဘဲ ကတိတွေပေးမယ်၊ ပြီးရင် အဲ့ဒီကတိတွေကိုလည်း ဘယ်တော့မှမတည်ပါဘူး။

 

(၅) အကျိုးမရှိတဲ့နေရာတွေမှာပိုက်ဆံသုံးတယ်

 

သူ့ကြည့်လိုက်ရင် အမြဲခက်ခဲနေတတ်ပြီး တကယ်လို့ ပိုက်ဆံရှိလာရင်လည်း မလိုအပ်တဲ့နေရာတွေ၊

 

အကျိုးမရှိတဲ့နေရာတွေမှာ သုံးပစ်တတ်တဲ့အကျင့်ရှိတတ်ပါတယ်။

 

(၆) စကားချိုချိုလေးတွေကိုစိတ်ထဲကမပါဘဲပြောတတ်တယ်

 

သူတို့တွေဟာ လိုချင်တာရဖို့ ဘယ်လိုစကားမျိုးဖြစ်ဖြစ်ပြောပါလိမ့်မယ်။ စိတ်ထဲကပါသည်ဖြစ်စေ၊

 

မပါသည်ဖြစ်စေ နားထောင်ကောင်းမယ့်စကားတွေကို ပါးစပ်ကလွယ်လွယ်လေးပြောတတ်တယ်၊ အဲ့ဒီစကားတွေကိုလိုက်ခံစားနေရင်တော့ ဒုက္ခရောက်ပါလိမ့်မယ်။

 

(၇) သူ့ကိုယ်သူပဲအမြဲဦးစားပေးတယ်

 

စကားတွေကတော့ ချစ်သူကိုဘယ်လိုချစ်တာ၊ ဘယ်လိုမြတ်နိုးတာဆိုပြီး ပြောလို့ကောင်းတိုင်းပြောနေပြီး သူ့ကိုယ်ကျိုးအတွက်ပဲအမြဲစဉ်းစားတတ်တယ်၊

 

သူ့ကိုယ်သူပဲအမြဲဦးစားပေးနေတယ်ဆိုရင်တော့ နောက်လည်း အဲ့ဒီအချိုးအတိုင်းဖြစ်နေဦးမှာပါ။

 

MAY THAZINHTOO

 

 

Zawgyi ျဖင့္ဖတ္ရန္

 

မိန္းကေလးေတြအေနနဲ႕ ခ်စ္သူေရြးၾကတဲ့အခါ အျပင္ပန္းဟိတ္ဟန္ေကာင္းလြန္းတဲ့သူ၊ ေတာ္ကီေကာင္းလြန္းတဲ့သူထက္ ကိုယ္က်င့္တရားေကာင္းမြန္ျပီး စိတ္သေဘာထားျပည့္ဝတဲ့သူမ်ိဳး၊

 

 

မေအာင္ျမင္ေသးရင္ေတာင္ ၾကိဳးစားခ်င္စိတ္ရွိတဲ့သူမ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။ အခုေဖာ္္ျပခ်င္တာကေတာ့ မိန္းကေလးေတြ အထူးသတိထားေရွာင္ရွားသင့္တဲ့ ၊

 

 

တြဲမိေနရင္ေတာင္ ခ်က္ခ်င္းျဖတ္ပစ္သင့္တဲ့ ကိုယ္က်င့္တရားမေကာင္းတဲ့၊ အေပါစားဆန္တဲ့ေယာက်ာ္းေတြမွာရွိတတ္တဲ့ အမူအက်င့္ေတြအေၾကာင္းပါ။

 

(၁) အရမ္းၾကြားတယ္

 

သူ႕လက္ထဲမွာ ပိုက္ဆံရွိရင္ရွိသေလာက္ ထုတ္ၾကြားတတ္တယ္၊ မရွိရင္လည္း မရွိရွိတာေတြၾကြားလိမ့္မယ္။

 

လူတိုင္းတတ္နိုင္တဲ့အရာမ်ိဳးေတြကိုေတာင္ ေထြေထြထူးထူးလုပ္ျပီး ၾကြားေနတတ္တဲ့သူမ်ိဳးေပါ့။

 

သူကဘယ္လိုအရည္အခ်င္းရွိတာ၊ ဘယ္လုိေတာ္တာစသျဖင့္ ထပ္ခါတလဲလဲေျပာတတ္ျပီး သူ႕ၾကည့္ေတာ့လည္း ဘာမွထူးျခားမေနတာမ်ိဳးေပါ့

 

(၂) တစ္ခုခုလိုခ်င္တာရွိရင္ခ်ိဳသာေနေရာ

 

ပံုမွန္ဆို သိပ္ဂရုမစိုက္တတ္ဘဲ ပိုက္ဆံလိုမွ အရမ္းေတြခြ်ဲျပေနတာမ်ိဳး၊ သူတို႕လိုခ်င္တာကို အားမနာဘဲ အတင္းဝယ္ခိုင္းတာမ်ိဳးေတြလုပ္တတ္ပါတယ္။

 

ခ်စ္သူနွစ္ေယာက္မွာ အမွတ္တရလက္ေဆာင္ေပးတာေလးေတြကျဖစ္သင့္ေပမယ့္

 

 

ေယာက်ာ္းေလးက သူလိုခ်င္တာေတြ မိန္းကေလးကိုပဲ ဝယ္ခိုင္းေနမယ္ဆိုရင္ေတာ့ မဟုတ္ေသးဘူးေလေနာ္။

 

(၃) ဒါေပမယ့္ ခ်စ္သူေကာင္မေလးဆီကပိုက္ဆံေခ်းတယ္

 

ေျပာေနတာကေတာ့ ဘီလ်ံနာလိုလိုဘာလိုလိုပါပဲ၊ ဒါေပမယ့္ အေရးေပၚလိုအပ္လို႕၊ အခက္အခဲျဖစ္ေနလို႕ ဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႕

 

 

ခ်စ္သူမိန္းကေလးဆီက မၾကာခဏပိုက္ဆံေခ်းတတ္ပါတယ္။ ဘယ္ေတာ့မွလည္း ျပန္မဆပ္တတ္သလို၊ ဆပ္ဖို႕မလိုဘူးဆိုတဲ့ အထာမ်ိဳးလုပ္ေနတတ္သူပါ။

 

(၄) ကတိဖ်က္တယ္

 

ဒီလိုလူမ်ိဳးေတြဟာ ကတိေတြကိုလြယ္လြယ္ေပးျပီး လြယ္လြယ္ဖ်က္ပစ္ဖို႕ ဝန္မေလးတတ္တဲ့သူေတြပါ။

 

သူတို႕ကိုယံုဖို႕ထပ္ခါတလဲလဲေျပာတတ္ျပီး ကုိယ္မေတာင္းဘဲ ကတိေတြေပးမယ္၊ ျပီးရင္ အဲ့ဒီကတိေတြကိုလည္း ဘယ္ေတာ့မွမတည္ပါဘူး။

 

(၅) အက်ိဳးမရွိတဲ့ေနရာေတြမွာပိုက္ဆံသံုးတယ္

 

သူ႕ၾကည့္လိုက္ရင္ အျမဲခက္ခဲေနတတ္ျပီး တကယ္လို႕ ပိုက္ဆံရွိလာရင္လည္း မလိုအပ္တဲ့ေနရာေတြ၊

 

အက်ိဳးမရွိတဲ့ေနရာေတြမွာ သံုးပစ္တတ္တဲ့အက်င့္ရွိတတ္ပါတယ္။

 

(၆) စကားခ်ိဳခ်ိဳေလးေတြကိုစိတ္ထဲကမပါဘဲေျပာတတ္တယ္

 

သူတို႕ေတြဟာ လိုခ်င္တာရဖို႕ ဘယ္လုိစကားမ်ိဳးျဖစ္ျဖစ္ေျပာပါလိမ့္မယ္။ စိတ္ထဲကပါသည္ျဖစ္ေစ၊

 

မပါသည္ျဖစ္ေစ နားေထာင္ေကာင္းမယ့္စကားေတြကို ပါးစပ္ကလြယ္လြယ္ေလးေျပာတတ္တယ္၊ အဲ့ဒီစကားေတြကိုလိုက္ခံစားေနရင္ေတာ့ ဒုကၡေရာက္ပါလိမ့္မယ္။

 

(၇) သူ႕ကိုယ္သူပဲအျမဲဦးစားေပးတယ္

 

စကားေတြကေတာ့ ခ်စ္သူကိုဘယ္လိုခ်စ္တာ၊ ဘယ္လိုျမတ္နိုးတာဆိုျပီး ေျပာလို႕ေကာင္းတိုင္းေျပာေနျပီး သူ႕ကိုယ္က်ိဳးအတြက္ပဲအျမဲစဥ္းစားတတ္တယ္၊

 

သူ႕ကိုယ္သူပဲအျမဲဦးစားေပးေနတယ္ဆိုရင္ေတာ့ ေနာက္လည္း အဲ့ဒီအခ်ိဳးအတိုင္းျဖစ္ေနဦးမွာပါ။

 

MAY THAZINHTOO

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 21 February 2020 15:52
Rate this item
(1 Vote)
Tagged under