အချစ်ကတစ်ကယ်ပဲအရေးကြီးလား???

အချစ်ကတစ်ကယ်ပဲအရေးကြီးလား??? google

အချစ်ဆိုတဲ့အရာနဲ့ပတ်သက်ပြီး Relationships တော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါ။

ဘယ်လိုမျိုးလည်းဆိုတော့ ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်ချစ်ရဲ့လား သို့မဟုတ် ကိုယ်က ကိုယ့်ချစ်သူကိုတကယ်ချစ်မိနေတာလားဆိုတဲ့ မေးခွန်းမျိုးတွေပါ။ အမှန်တော့ Relationship တစ်ခုမှာ ချစ်နေဖို့ကပဲ အရေးကြီးတယ်ဆိုတာ တွဲလာတဲ့အချိန်ကြာလာတာနဲ့အမျှမေ့လာကြပါတယ်။ ချစ်တယ်ဆိုပြီး အမူအကျင့်တွေအကုန်လက်ခံထားတာပါပဲ။ ကြာလာတော့မှ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ မဖြစ်သင့်ပါဘူး။ တကယ်တမ်းတော့ မတွဲခင်တည်းက ချစ်၏။ မုန်း၏ တခါထဲ ဆုံးဖြတ်သင့်ပါတယ်။ ကိုယ်နဲ့ထပ်တူကျ၊ မကျဘယ်လိုအရာတွေပေါ်မူတည်ပြီး ဆုံးဖြတ်ရမလဲဆိုတာပြောပြချင်ပါတယ်နော်။

 

ကိုယ်တကယ်သဘောကျမိတဲ့ပုံစံမျိုးလား

တစ်စုံတစ်ယောက်ကို သဘောကျမိပြီဆို ကိုယ်တကယ်သဘောကျတဲ့ပုံစံမျိုးလားဆိုတာ သေချာစဉ်းစားရမှာပါ။ တစ်ခဏတာစိတ်ကစားပြီး သဘောကျတယ်ဆိုရင်တော့ တစ်ဘဝစာအတွက် မစဉ်းစားသင့်ပါဘူး။ ဘာလို့လည်းဆိုရင် ကိုယ့်ရဲ့တခဏတာ စိတ်ကစားမှုဟာ သူများအတွက် တစ်ဘဝစာစိတ်ဒဏ်ရာဖြစ်သွားစေနိုင်ပါတယ်။

 

ကိုယ်နဲ့ရောလိုက်ဖက်ညီပါ့မလား

အချို့အတွဲလေးတွေရှိတယ်။ ကောင်လေးနဲ့ကောင်မလေးက ဘာမှပြောစရာမရှိအောင်လိုက်ဖက်မှုရှိနေတာမျိုးပါ။ ဒါမျိုးကိုယ့်မှာရောဖြစ်နိုင်ရဲ့လားဆိုတာမျိုးစဉ်းစားရမှာပါ။ လူတွေအကုန်အားကျရတဲ့ အတွဲလေးဖြစ်ဖို့ဆိုလိုက်ဖက်ညီဖို့ကလည်း လိုအပ်ပါတယ်နော်။

 

သူနဲ့ဆိုဘာမဆိုရင်ဆိုင်ရဲသလား

စိတ်ကူးယဉ်ဆန်စွာ ရင်ဆိုင်ရဲတယ်ပြောကြမှာပါပဲ။ ဘဝတစ်ခုဘယ်လိုအဆင်ပြေအောင်ထူထောင်ကြမလည်းဆိုတာတော့ နံပါတ်တစ်အရေးကြီးဆုံးပါပဲ။ ဒီအချက်ကိုလည်း သေချာစဉ်းစားဖို့လိုအပ်ပါတယ်။

 

ချစ်မိနေတာတကယ်သေချာပြီလား

ဘာကြောင့် ချစ်မိတာလည်းဆိုတာ ကိုယ့်ဘာသာ သေချာပြန်သုံးသပ်သင့်ပါတယ်။ သူမရှိရင်မဖြစ်ဘူးလား။ ကိုယ့်ဘဝမှာ တစ်ကယ်ပဲ သူ့ကိုလိုအပ်နေတာလားဆိုတာမျိုးတွေ ကိုယ်ဘာသာသေချာအောင် စဉ်းစားသင့်ပါတယ်။

 

ဒီအချက်လေးတွေကို စဉ်းစားကြည့်ပြီး ကိုယ့်ဘ၀မှာတစ်ကယ်ပဲအချစ်ကအရေးကြီးနေလားဆိုတာ ဆုံးဖြတ်နိုင်ကြပြီး ကိုယ်နဲ့ထပ်တူကျတဲ့ ချစ်သူမျိုးနဲ့ ဆုံတွေနိုင်ကြပါစေနော်။

 

 

Author : Pk

Myanmar Wedding Guide

Read times Last modified on Friday, 08 March 2019 10:41
Rate this item
(1 Vote)
Tagged under