ရိုးစင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချက်များ - ၂

ရိုးစင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချက်များ - ၂ google.com

မိန်းကလေး တစ်ယောက်က ကောင်လေးတစ်ယောက်ကို

တကယ်ချစ်မိသွားပြီဆိုရင် သစ္စာဆိုတာ သင်မတောင်းလည်း သူ့ဘက်ကနေပေးပြီးသားဖြစ်ပါတယ်။

 

စိတ်ကူးထဲတွင် သူအမြဲရှိနေခြင်း

 

သစ္စာရှိတဲ့ မိန်းကလေးတွေကတော့ ချစ်သူ အနားမှာ အမြဲရှိချင်မှ ရှိမယ်။ သို့ပေမယ့် သူ့ရဲ့စိတ်ထဲမှာ ချစ်သူကို စိတ်ကူးထဲတွင် အမြဲထားတတ်ကြပါတယ်။

 

ချစ်သူ ရှေ့မှာပဲဖြစ်ဖြစ်၊ ချစ်သူ ကွယ်ရာမှာပဲဖြစ်ဖြစ် ချစ်သူ စိတ်ညစ်မယ့် အရာတွေကို မလုပ်ဘဲ သူတို့ရဲ့စိတ်ထဲမှာ ချစ်သူ ကို အပြည့်အဝ နေရာပေးထားတာကြောင့် တခြားသူတွေအတွက်ဆိုတာ မရှိတော့ပါဘူး။

 

လေးနက်မှုရှိခြင်း

 

သစ္စာ ရှိတဲ့ မိန်းကလေး တွေကတော့ ချစ်သူ နဲ့ ပတ်သက်ရင် အရာရာကို လေးလေးနက်နက် သဘောထားပြီး ချစ်သူနဲ့ ပတ်သက်ရင် အသေးအမွှားကအစ တန်ဖိုးထားတတ်သူတွေဖြစ်ပြီး အရာရာကို စိတ်ခံစားလွယ်တတ်ကြပါတယ်။

 

ချစ်သူပြောတဲ့ စကားတွေ၊ ချစ်သူနဲ့ ပတ်သက်တဲ့ အသေးအမွှားကိစ္စလေးတွေတိုင်းကိုတောင် မှတ်မိနေတတ်ကြပါတယ်။ ဒီလိုမိန်းကလေးမျိုးကတော့ သင့်အပေါ် အလိုလို သစ္စာရှိပြီးသားဖြစ်ပါတယ်။

 

ဂရုစိုက်မှုရှိခြင်း

 

သစ္စာ ရှိတဲ့ မိန်းကလေး တွေကတော့ ချစ်သူကို အရမ်းဂရုစိုက်တတ်ကြပါတယ်။ ချစ်သူ အတွက် စားစရာလေးတွေ ကိုယ်တိုင်လုပ်ပေးခြင်း၊ တိုလီမုတ်စလေးတွေ ဝယ်ပေးခြင်း စတာတွေကို ခဏခဏ လုပ်တတ်ကြပါတယ်။

 

ချစ်သူ နေမကောင်းတဲ့အခါတွေမှာလည်း အရမ်းကို ကြင်နာဂရုစိုက်တတ်ကြပါတယ်။ ချစ်သူကို စိတ်ပူပြီး အမြဲတတွတ်တွတ်နဲ့ စကားတွေမှာနေတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:08
Rate this item
(0 votes)