အစစအရာရာ ပြည့်စုံတဲ့ ကောင်လေးထက် ဒီလိုလူမျိုး လိုချင်ကြတာပါ

အစစအရာရာ ပြည့်စုံတဲ့ ကောင်လေးထက် ဒီလိုလူမျိုး လိုချင်ကြတာပါ google

ယောကျာ်းလေးတွေကို မကြာခဏခေါင်းစားနေပြီး၊ သိချင်နေကြပေမယ့် အဖြေကိုတိတိကျကျမသိကြသေးတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။

အဲ့ဒါကတော့ မိန်းကလေးတွေအမှန်တကယ်နှစ်သက်သဘောကျတဲ့၊ မိန်းကလေးတွေ လိုချင်တဲ့ ယောကျာ်းလေးဆိုတာ ဘယ်လိုပုံစံမျိုးလဲ ဆိုတာပါပဲ။ တကယ်တော့မိန်းကလေးတွေက အဖက်ဖက်ကပြီးပြည့်စုံတဲ့ယောကျာ်းလေးမျိုးကို လိုချင်တာမဟုတ်ပါဘူး၊ ဒီလိုလူမျိုးကို လိုချင်ကြတာပါ။  

 

သူမအတွက်အချိန်ပေးနိုင်မယ့်သူ

 

တန်ဖိုးကြီးလက်ဆောင်တွေထက် သူမကိုအချိန်ပေးနိုင်မယ့် သူမျိုးကိုပဲ ပိုလိုချင်တာပါ။ အချိန်ပြည့်အားနေပြီး အနားမှာပဲကပ်နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ အမြဲတမ်း မအားလို့ဆိုတဲ့အကြောင်းပြချက်ပေးပြီး၊ အလုပ်များတာကိုအကြောင်းပြပြီး ဂရုမစိုက်တာမျိုးကိုမလိုချင်တာပါ။ မအားတဲ့ကြားက ကိုယ့်အတွက်အချိန်ပေးနိုင်တဲ့သူမျိုးပေါ့။ 

 

သူမကိုတန်ဖိုးထားပြီးတလေးတစားဆက်ဆံတတ်တဲ့သူ

မိန်းကလေးတိုင်းက ကိုယ်ဘယ်လိုပုံစံမျိုးဖြစ်ဖြစ် ကိုယ့်ချစ်သူအတွက်တော့ ပြိုင်စံရှားဖြစ်ချင်ကြတာချည်းပါပဲ။ ချစ်သူရဲ့ တန်ဖိုးထားတာတောင်မခံရတဲ့၊ ကိုယ့်ချစ်သူကတောင် အရေးတယူမဆက်ဆံတဲ့သူတော့ ဘယ်သူမှမဖြစ်ချင်ပါဘူး။ ဒီတော့ တန်ဖိုးထားပြီးအလေးထားမယ့်သူမျိုးကို လိုချင်ကြပါတယ်တဲ့။

 

 ကြိုးစားချင်စိတ်ရှိတဲ့သူ

ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ပညာရေးမှာလည်းမကြိုးစား၊ အလုပ်မှာလည်းစိတ်မပါ၊ စီးပွားရေးလည်းမလုပ်ချင် ဆိုတာမျိုးလုပ်နေရင်တော့ အလကားလူပဲဖြစ်မှာပါ။ ဒီလိုမျိုး အလုပ်အကိုင်မရှိ၊ ကြိုးစားချင်စိတ်မရှိဘဲ ရည်းစားထားဖို့ပဲစိတ်ကူးနေတတ်တဲ့ ယောကျာ်းလေးမျိုးကို မိန်းကလေးတွေ သဘောမကျပါဘူး။

 

 

ကိုယ်ပြောတဲ့ စကားကို တာဝန်ယူတတ်သူ

 

စကားတွေကို လျှာအရိုးမရှိတိုင်း ခုတစ်မျိုး၊ တော်ကြာတစ်မျိုးပြောတတ်တဲ့သူ၊ စကားတစ်ခွန်းကို အလွယ်လေးပြောထွက်ပြီး တာဝန်ယူမှမရှိတဲ့သူကိုလည်း ဘယ်မိန်းကလေးမှအထင်မကြီးပါဘူး။ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူတတ်တဲ့၊ ကတိပေးပြီး လွယ်လွယ်မဖျက်တတ်တဲ့ သူမျိုးကို လိုချင်ကြတာပါ။

 

 အရေးအကြောင်းဆို အနားမှာ ရှိတတ်သူ

ပျော်စရာတွေကိုတော့ အတူတူဖြတ်သန်းခဲ့ကြပြီး အခက်အခဲဒုက္ခတွေလည်းတွေ့လာရော ကိုယ့်ကိုထားပြီး ထွက်သွားရော ဆိုရင်တော့ မဟုတ်သေးပါဘူး။ ဒီလိုလူမျိုးကိုလည်း ဘယ်သူမှအထင်ကြီးပြီး သဘောကျမှာမဟုတ်ပါဘူး။ ဒီတော့ အခက်အခဲဖြစ်လည်း ရှောင်ထွက်မသွားတတ်တဲ့ သူမျိုးကို သဘောကျတာပေါ့။

 

 နားထောင်ပေးတတ်သူ၊ အားပေးတတ်တဲ့သူ

မိန်းကလေးတွေက အကြောင်းအရာတစ်ခုကို တိုင်ပင်တဲ့အခါ အကြံဉာဏ်လိုချင်လို့မဟုတ်ပါဘူး။ သူတို့ပြောတာကိုနားထောင်ပြီး အားပေးစကားပြောတာကိုလိုချင်ကြတာပါ။ ဒီတော့ နေရာတကာ ဆရာကြီးလုပ်တတ်တဲ့သူထက် ရင်ဖွင့်တာကိုနားထောင်ပေးပြီး အားပေးတတ်တဲ့သူမျိုးကိုလိုချင်တာပါ။

 

Crd : MAY THAZINHTOO

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 11 June 2019 16:25
Rate this item
(1 Vote)
Tagged under