ရာသီခွင်အလိုက်ချစ်သူနဲ့ပြတ်ဆဲရခြင်းအကြောင်းအပိုင်း (၂)

ရာသီခွင်အလိုက်ချစ်သူနဲ့ပြတ်ဆဲရခြင်းအကြောင်းအပိုင်း (၂) google

အပိုင်း (၂) ကိုဆက်လက်ဖ်ာပြပေးလိုက်ပါတယ်....

 

 

Leo (July 23 - August 22)

 

သိဟ်ရာသီဖွားချစ်သူကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူက အများအာရုံစိုက်ခံရတဲ့သူတစ်ယောက်ဖြစ်သလို သင် သူ့ဆီကနေ လူတွေရဲ့ သတိပြုခံရမှုတွေကို လုယူခံရမှာမျိုးကို မနှစ်သက်ပါဘူး။


ဒါပေမဲ့ လူတွေသတိမထားမိအောင်နေပြန်ရင်လည်း မကြိုက်ကြပြန်ပါဘူး။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြသူတွေဖြစ်ပြီး သူတို့ကို စိန်ခေါ်နိုင်တဲ့ သူမျိုးကိုလည်းပို သဘောကျကျပါတယ်။


သင်က ရှက်တတ်တဲ့သူ၊ တစ်သီးတစ်သန့်နေတတ်တဲ့ သူမျိုးဆိုရင် relationship မှာ စိတ်လှုပ်ရှားဖို့ မကောင်းဘူးလို့သူက ယူဆတာကြောင့် ပိုပီး သတ္တိရှိ၊ ရဲဝင့်တဲ့သူမျိုးဖြစ်အောင် သင်ကြိုးစားဖို့လိုပါလိမ့်မယ်။

 

 

Virgo (August 23 - September 22)

 

ကန်ရာသီဖွားကို ချစ်သူတော်ထားတယ်ဆိုရင် သူက ရည်မှန်းချက်ပြည့်ဝတဲ့သူ၊ အောင်မြင်ဖို့ကြိုးစားလိုသူ၊ နောက်ထပ် ပိုကောင်းတဲ့ အရာရလိုသူ ဖြစ်သလို သူ့ရဲ့လက်တွဲဖော်ကိုလည်း


သူ့လို ရည်မှန်းချက်ကြီးပြီး ကိုယ်ပိုင်အိပ်မက်၊ ရည်မှန်းချက်ပန်းတိုင်ရှိသူမျိုးကို လိုချင်ကြပါတယ်။ ဒါတွေက သူ့ရဲ့အဓိကလိုအင်ဖြစ်တာကြောင့် သင်က အဲဒီလိုမျိုးမဟုတ်ရင် ထားသွားခံရနိုင်ပါတယ်။

 

 

Libra (September 23 - October 22)

 

တူရာသီဖွားချစ်သူက အမြဲအကောင်းမြင်လိုစိတ်ရှိသူ မနက်ဖြန်တိုင်းဟာ ပိုကောင်းတဲ့နေ့တစ်နေ့ဆိုတာမျိုးကို တွေးထင်တဲ့သူမျိုးပါ။


ဒါကြောင့် အရာရာတိုင်းကို မကောင်းမြင်စိတ်များသူ ဒရာမာတွေချိုးလွန်းသူဆိုရင် သူနဲ့လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။


ကောင်းမွန်တဲ့တုံ့ပြန်ခံစားမှုမျိုးကိုသာလိုချင်တဲ့ သင့်ချစ်သူအတွက် သင်က မကောင်းမြင်စိတ်များတဲ့သူတစ်ယောက်ဆို သင့်ကိုထားခဲ့တဲ့ အကြောင်းတွေထဲက အဓိက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

 

 

Scorpio (October 23 - November 21)

 

သင့်ချစ်သူက ဗြိစ္ဆာရာသီဖွားဆိုရင် သင့်ရဲ့အပြစ်အနာအဆာ၊ ချှို့ယွင်းမှုအားလုံးကို လက်ခံနိုင်တဲ့သူမျိုးပါ။


သူတို့လုံးဝလက်မခံတဲ့ အရာတစ်ခုပဲရှိပါတယ်။ သူတို့ကိုလိမ်ညာတာကိုပါ။ သင့်ရဲ့လိမ်ညာမှုက အဖြူရောင်မုသားသတ်သတ်ဆိုရင်တောင် သင်သူ့ကို ဆုံးရှုံးရဖို့များပါတယ်။


ရိုးသားမှုနဲ့ ပွင့်လင်းမှုကို မက်မောကြသူဖြစ်တဲ့အလျောက် လက်တွဲဖော်က လိမ်ညာတာမျိုးကို လုံးဝခွင့်မလွှတ်တတ်ပါဘူး။

 

 

 

Source- Chelmo 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

 

Read times
Rate this item
(4 votes)
Tagged under