ချစ်သူအချင်းချင်း ချစ်လျက်နဲ့လမ်းခွဲရတာမျိုး မဖြစ်စေဖို့

ချစ်သူအချင်းချင်း ချစ်လျက်နဲ့လမ်းခွဲရတာမျိုး မဖြစ်စေဖို့ google.com

ချစ်သူအချင်းချင်း ကြားထဲမှာတော့ အဆင်မပြေတာ၊ နားလည်မှု မပေးနိုင်တာတွေဖြစ်နိုင်ပါတယ်။ သေချာလေးညှိမှသာ ချစ်လျက်နဲ့လမ်းခွဲရတာမျိုး မဖြစ်မှာပါ။

 

ချစ်သူအချင်းချင်း ချစ်လျက်နဲ့လမ်းခွဲရတာလောက် နာကျင်စရာကောင်းတာ ရှိမှာမဟုတ်ပါဘူး။ လက်တွဲတွေ တကယ်ခိုင်မြဲရင် အနာဂတ်ကိုရင်ဆိုင်ရဲတယ်ဆိုတဲ့ စာသားလေးလိုပါပဲ လက်တွဲတွေတကယ်ခိုင်မြဲဖို့ပဲ လိုတာပါ။ ချစ်သူအချင်းချင်း ကြားထဲမှာတော့ အဆင်မပြေတာ၊ နားလည်မှု မပေးနိုင်တာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို သေချာလေးညှိမှသာ ချစ်လျက်နဲ့လမ်းခွဲရတာမျိုး မဖြစ်မှာပါ။

 

 

နှစ်ဦးနှစ်ဖက်ရဲ့ သဘောထား

 

ပြဿနာတွေ ဘယ်လောက်ပဲတက်တက် နှစ်ဦးနှစ်ဖက်ရဲ့ စိတ်နေသဘောထားက အရမ်းအရေးကြီးပါတယ်။ နှစ်ဦးစလုံးမှာသာ ရှေ့ဆက်ချင်တဲ့စိတ် ရှိနေသေးတယ်ဆိုရင် နားလည်မှုဘယ်လောက်လွဲလွဲ ပြန်လည်အဆင်ပြေဖို့ ရာခိုင်နှုန်းများပါတယ်။ တစ်ယောက်ယောက်ကသာ ရှေ့ဆက်ချင်တဲ့ စိတ်ဆန္ဒမရှိတော့ဘူးဆိုရင်တော့ ဘယ်လောက်ကြိုးစားကြိုးစား၊ ဘယ်လောက်ချစ်ချစ် လမ်းခွဲရမှာမို့ နှစ်ဦးနှစ်ဖက်ရဲ့ စိတ်နေသဘောထားကို သေချာလေးသိဖို့ လိုပါတယ်။

 

 

ခံစားချက်တွေ သိပါစေ

 

ချစ်သူကြားမှာ ခံစားချက်တွေက သိပ်ကို အရေးပါပါတယ်။ တစ်ယောက် ခံစားနေရတာတွေကို တစ်ယောက်က အတိအကျ သိဖို့လိုပါတယ်။ ရင်ထဲကတော့ချစ်နေပြီး ထုတ်ဖော်မပြဘူးဆိုရင်လည်း ချစ်လျက်နဲ့လမ်းခွဲတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခံစားချက်တွေကို ထုတ်ဖော်ပြသပါ။ ကိုယ်ဘယ်လို လိုချင်တယ်၊ လိုအပ်တယ်ဆိုတာတွေ တိတိကျကျ ပြောပြဖို့လိုပါတယ်။ ရှေ့ဆက်ချင်တယ်ဆိုရင်တော့ ဒါတွေကိုအလေးထားဖို့ လိုပါတယ်နော်။

 

 

မဆိုင်တာတွေ မပြောပါနဲ့

 

စုံတွဲတိုင်းရန်ဖြစ်ကြတဲ့ အခိုက်အတန့်၊ စိတ်သဘောထား ကွဲလွဲတဲ့အချိန်တွေ ရှိကောင်းရှိမှာပါ။ ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စကားနာ ထိုးတာ၊ မဆိုင်တာတွေ ပြောတာ၊ စိတ်ထဲမှာ နာကျင်တာတွေဖြစ်သွားလောက်တဲ့အထိ မပြောပါနဲ့။ ရစ်တာတွေလည်း အဆင်မပြေချိန်မှာ လျှော့ထားဖို့လိုပါတယ်။ အဆင်မပြေတာတွေများလာရင် ပိုပြီးနားလည်မှုလွဲမယ့်ကိစ္စတွေ ဖြစ်လာစေနိုင်တာကြောင့်ပါ။

 

 

စိတ်လျှော့ပြီး ညှိနှိုင်းပါ

 

ချစ်သူနှစ်ဦး အချိန်များများတွေ့မှ ပြေလည်နိုင်မယ်ထင်ရင် များများတွေ့ပါ။ ကိုယ့်ဘက်ကမှားနေတယ်ဆိုရင်လည်း စိတ်လျှော့ပြီးတောင်းပန်လိုက်ဖို့ ဝန်မလေးပါနဲ့။ ကိုယ့်ချစ်သူအပေါ်မှာ ဆိုးလို့ရတယ်ဆိုတိုင်းမဆိုးပါနဲ့။ တစ်ဦးနဲ့ တစ်ဦးစိတ်လျှော့ပြီး ညှိနှိုင်းပါ။ ကိုယ့်ချစ်သူက တောင်းပန်တယ်ဆိုရင်လည်း တကယ်ချစ်ရင်စိတ်လျှော့ပြီး ခွင့်လွှတ်ပေးပါနော်။ ဒါမှ ချစ်လျက်နဲ့ လမ်းခွဲရတဲ့အချစ်ရေး မဖြစ်မှာပါ။

 

စုံတွဲလေးတို့ရေ ချစ်သူတွေချစ်လျက်နဲ့ လမ်းခွဲရတာမျိုး မဖြစ်ဖို့ဆိုရင်တော့ အပေါ်မှာပြောပြထားတဲ့ အချက်လေးတွေ လိုက်နာကြည့်ပါနော်။ ဒီနည်းလေးတွေနဲ့ အဆင်ပြေမယ်ဆိုရင်တော့ ချစ်လျက်လမ်းခွဲရလို့ မပူဆွေးနေရတော့ပါဘူးနော်။

 

 

Credit;Marry

 

Read times
Rate this item
(1 Vote)