အိမ်ထောင်ရေးမှာ အောင်မြင်ခြင်း

အိမ်ထောင်ရေးမှာ အောင်မြင်ခြင်း google.com

ကိုယ့်ယောက်ျားကို နှစ်သက်အားကျတဲ့မိန်းကလေးတွေ ပိုများလာအောင် ဖေးမပျိုးထောင်အားပေးနိုင်တာဟာလည်း မိန်းမတစ်ယောက်ရဲ့ အောင်မြင်ခြင်းတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပြီး

 

ကိုယ့်မိန်းမကို ချီးမွမ်းဂုဏ်ယူတဲ့လူတွေ ပိုများလာအောင် ယုယစောင့်ရှောက်နိုင်တာဟာလည်း ယောက်ျားတစ်ယောက်ရဲ့ အောင်မြင်ခြင်းတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်။

 

ကျွန်မတို့ပတ်ဝန်းကျင်မှာ ကြားနေရတဲ့စကားတွေလိုပေါ့။

 

 

အိုး... ယောက်ျားရ ကံကောင်းတယ်တော်

အိုး... မိန်းမရ ကံကောင်းတယ်နော်...ဆိုတာရှိသလို

 

အိုး... မိန်းမရမှ အရက်သမားလုံးလုံးဖြစ်သွားတာ

အိုး... ယောက်ျားရမှ အပူသည်လင်လုပ်နေသလိုပဲ လူရုပ်တောင်မပေါ်တော့ဘူး ဆိုတာတွေလည်း ရှိတာပေါ့။

 

အချစ်က လူတစ်ယောက်ကို ပိုထူးကဲတောက်ပစေပါတယ်... ပိုအကျည်းတန်သွားစေတာ မဟုတ်ပါဘူး။

 

အချင်းချင်းချစ်ကြသူတွေ အားပေးဖေးမတတ်ကြပါစေ၊ ကြင်နာယုယစောင့်ရှောက်တတ်ပါစေ၊ ခွင့်လွှတ်သည်းခံနားလည်မှုတွေရှိပါစေလို့ ဆံဖြူသွားကျိုးဆိုတာ တကယ်တော့ အချစ်နဲ့သိပ်မဆိုင်ပါဘူး။

 

စိတ်ရှည်သည်းခံမှုနဲ့ ပိုသက်ဆိုင်ပါလိမ့်မယ်။

 

တကယ်တော့ သည်းခံတာကလည်း အချစ်တစ်မျိုးပါပဲ။ ဒါကြောင့် သင့်ကိုတကယ်ချစ်တဲ့လူက သင့်အပေါ်အမြဲသည်းခံစိတ်ရှိတဲ့လူပဲဖြစ်ပါတယ်။

 

 

Credit;99 sanay

Read times Last modified on Monday, 24 September 2018 14:29
Rate this item
(1 Vote)