ယောကျာ်းလေးတွေ ကိုယ့်ချစ်သူကောင်မလေးကို ဘာကြောင့်စိတ်ပျက်သွားရတာလဲ

ယောကျာ်းလေးတွေ ကိုယ့်ချစ်သူကောင်မလေးကို ဘာကြောင့်စိတ်ပျက်သွားရတာလဲ google.com

သင့်မှာလှပထူးချွန်ထက်မြက်ပြီး မိန်းကလေးချင်းတောင်အားကျရတဲ့သူငယ်ချင်းမျိုးရှိပါလိမ့်မယ်။

သူမအနေနဲ့အချစ်ရေးအဆင်မပြေတာမျိုး၊ အိမ်ထောင်ဖက်နဲ့အဆင်မပြေတာမျိုးကြောင့် စိတ်ညစ်နေရတဲ့အခါ သင်အံ့သြမိပါလိမ့်မယ်။ အရာရာပြည့်စုံသော်လည်း သူ့ကောင်လေးနဲ့သူဘာလို့အဆင်မပြေရပါလိမ့်။ ယောက်ျားလေးတွေရင်ဖွင့်ထားတဲ့ သူတို့ချစ်သူကောင်မလေးများအပေါ် စိတ်ပျက်ရတဲ့အကြောင်းရင်းတွေကို စုစည်းတင်ပြလိုက်ပါတယ်။

အမြဲစိတ်ညစ်နေတတ်တဲ့မိန်းကလေး

မဂ္ဂဇင်းတစ်ခုရဲ့ကာဗာမှာရုပ်တည်တည်နဲ့ ဆက်ဆီကျနေတဲ့မိန်းကလေးမျိုးထက် ပြုံးရယ်နေတဲ့မိန်းကလေးမျိုးကို ပိုသဘောကျတတ်ကြသလိုမျိုးပဲ လက်တွေ့ဘဝမှာလည်း အမြဲစိတ်ညစ်ငြီးညူနေတတ်တဲ့ ကောင်မလေးတွေထက် ချိုသာပြုံးရွင်နေသော ကောင်မလေးတွေကိုသာ ကောင်လေးတွေ ပိုရွေးချယ်ချင်ကြပါတယ်။

လက်ထပ်ဖို့အတွက် ဦးတည်လွန်းသောမိန်းကလေး

ချစ်သူစဖြစ်ဖြစ်ချင်းမှာပင် လက်ထပ်ဖို့ကိစ္စကိုပဲ အမြဲရှေ့တန်းတင်နေသော မိန်းကလေးမျိုးကို တချို့သော ကောင်လေးတွေ ကြောက်ကြပါတယ်။

ပုံကြီးချဲ့တတ်သောမိန်းကလေး

ယောက်ျားနဲ့မိန်းမကွာခြားချက်ကတော့ ယောက်ျားတွေကစိတ်ကိုဖြောင့်ဖြောင့်ထားပြီးတွေးပေမယ့် မိန်းကလေးတွေကတော့ ဘာမဟုတ်တဲ့ကိစ္စတွေကို ချဲ့ကားတွေးတတ်ကြပါတယ်။ အချို့သောမိန်းကလေးတွေကတော့ တော်တော်ဆိုးဆိုးကို ပုံကြီးချဲ့ပြဿနာရှာတတ်တာကြောင့် ကောင်လေးတွေစိတ်ပျက်ရခြင်း ဖြစ်ပါတယ်။

ဖြစ်ချင်တာတွေများနေသောမိန်းကလေး

အချို့သောမိန်းကလေးတွေဟာ သူတို့ချစ်သူအပေါ်ဘာပေးနိုင်မလဲဆိုတာထက် ချစ်သူဆီက ဘာတွေတောင်းဆိုရမလဲဆိုတာကိုသာ အမြဲတွေးနေတတ်ကြပါတယ်။ ကြာလာတော့လည်း ဒီအချက်က အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဖို့ကို စဉ်းစားရကျပ်စေပါတယ်။

အလှအပကိုစိတ်မဝင်စားဘဲဖြစ်သလိုနေသောမိန်းကလေး

အချို့မိန်းကလေးတွေဟာ အိမ်ထောင်သက်၊ ချစ်သူသက်ကြာလာတာနဲ့အမျှ မိမိကိုယ်ကိုအလှအပပြင်ဆင်ခြင်းမရှိဘဲ ဖြစ်သလိုနေတတ်ကြပါတယ်။ အနုစိတ်ခြယ်သနေဖို့မလိုပေမယ့်လည်း သပ်သပ်ရပ်ရပ်တင့်တင့်တယ်တယ်တော့ နေထိုင်သင့်ပါတယ်။

စိတ်ကူးယဉ်လွန်းသောမိန်းကလေး

စိတ်ကူးထဲကမင်းသားလေးလို ကိုယ့်ချစ်သူကိုအမြဲတောင်းဆိုနေတတ်တဲ့မိန်းကလေးများဖြစ်ပါတယ်။အမြဲ ရိုမန့်တစ်ဆန်ဖို့ အမြဲဂရုစိုက်ပေးဖို့ဆိုတာလက်တွေ့ဘဝမှာခက်ခဲပါတယ်။

အမြဲတမ်းသူသာလျှင်ဆုံးဖြတ်ချင်သောမိန်းကလေး

မိမိကိုယ်ကိုထက်မြက်ပြီးမှီခိုစိတ်ကင်းတယ်လို့ သတ်မှတ်ထားသောမိန်းကလေးများရှိပါတယ်။ ထိုမိန်းကလေးအများစုဟာ မည်သည့်ကိစ္စမှာမဆို မိမိသာလျှင်ဆုံးဖြတ်ချင်ကြပြီး လက်တွဲဖော်ရဲ့အကြံအစည်ကို အရာမသွင်းချင်ကြပါဘူး။ မည်သည့်ဆက်ဆံရေးမှာမဆို နှစ်ဦးနှစ်ဖက်တိုင်ပင်ဆွေးနွေးခြင်းဖြင့် ရေရှည်မှာပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

 

Original Writer : Dr Jue

Myanmar Wedding Guide

Read times Last modified on Thursday, 21 March 2019 13:43
Rate this item
(2 votes)