အိမ်ထောင်ပြုလိုက်မှရလာတဲ့ အသိတရား

အိမ်ထောင်ပြုလိုက်မှရလာတဲ့ အသိတရား google.com

အိမ်ထောင်ဦးစီးဖြစ်လာမည့်သူသည် အိမ်ထောင်သည်ဘ၀ရောက်သွားရင်တော့ အရင်လူပျိုဘ၀တုန်း ကထက် ပိုတော်လာကြပါတယ်။

 

အိမ်ထောင်အရင်ပြုသွားကြတဲ့ ကိုယ့်ရဲ့အစ်ကိုတွေအစ်မတွေက သူတို့ရဲ့ အိမ်ထောင်ရေးအတွေ့အကြုံတွေကို ကိုယ့်အလှည့်ကျတော့ ပြန်ပြောပြတဲ့အခါမှာတော့ အချို့အကြောင်းအရာတွေက တူညီနေတာကို တွေ့ရမှာပါ။

ကိုယ့်အလှည့်ရောက်တော့လည်း သူတို့ဆီကအကြံဉာဏ်နဲ့ အတွေ့အကြုံတွေကို မေးမြန်းထားပါ။

 

 

အိမ်ထောင်ပြုကာစ ခက်ခဲခြင်း

 

အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ နှစ်ယောက်တစ်ဘ၀တည်ဆောက်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ နှစ်ဦးနှစ်ဘက်ညှိနှိုင်းရတာ၊ ဆုံးဖြတ်ချက်ချရတာတွေက နှစ်ဘက်အသိုင်းအ၀ိုင်းကြားမှာ အဆင်ပြေဖို့အတွက် အတော်ကြိုးစားရမှာပါ။အိမ်ထောင်ပြုလိုက်တယ်ဆိုကတည်းက နှစ်ဦးစလုံး လူလွတ်ဘ၀မဟုတ်တော့ဘူး တာဝန်တွေများလာပါတယ်။ အချို့ကတော့ ဒီလိုဘ၀ကို ခက်ခဲတယ်လို့ထင်မြင်ကြပြီး အချို့ကတော့ အပြန်အလှန်ညှိနှိုင်းနားလည်ကြတော့ ထင်သလောက် မခက်ခဲကြောင်းပါဘူး။

 

 

အိမ်ထောင်ပြုလိုက်မှ ပြီးပြည့်စုံခြင်း

 

မိဘတွေလက်ထဲကလွတ်ပြီး နှစ်ဦးသဘောတူ ဘ၀သစ်တစ်ခုကို စတင်ခြင်းဖြစ်ပါတယ်။ အိမ်ထောင်ပြုလိုက်မှ တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်ခြင်း၊ သည်းခံတတ်ခြင်းနှင့်အတူကြိုးစားရုန်းကန်မှုတွေလည်း ရှိလာမှာပါ။အိမ်ထောင်ပြုလိုက်မှပဲ ဘ၀ကို ရေရေရာရာ နားလည်သဘောပေါက်ပြီး ကိုယ့်ရဲ့ ဘ၀အစစ်အမှန်ကို မြင်ရမှာဖြစ်ပါတယ်။

 

 

အိမ်ထောင်ပြုလိုက်မှ လူကောင်းဖြစ်ခြင်း

 

အိမ်ထောင်ပြုလိုက်မှပဲ ဘ၀ကိုပိုပြီး နားလည်ခြင်း၊ ပိုရင့်ကျက်လာတတ်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ်လုပ်ချင်တာနဲ့ လုပ်သင့်တာကို ခွဲခြားတတ်လာပြီး မဖြစ်ဖြစ်မနေ လုပ်ရမယ့်အရာတွေကိုလည်း အားစိုက်လုပ်တတ်ခြင်းဖြင့် အိမ်ထောင်သည်ဘ၀မှာ အောင်မြင်မှုများ ရှိလာပါလိမ့်မယ်။အိမ်ထောင်သည်ဘ၀မှာ ဘာမှမလုပ်ဘဲနေရင် ဘာမှဖြစ်မလာသလို အရင်လူပျိုဘ၀တုန်းကလိုမျိုး ကိုယ့်စိတ်ကို ဦးစားပေးနေရင်လည်း အိမ်ထောင်ရေးအဆင်မပြေနိုင်ဘူးဆိုတာကိုတော့ သိထားရမှာဖြစ်ပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:55
Rate this item
(1 Vote)