လင်၊ မယားအဖြစ်မှပြတ်စဲခြင်း အပိုင်း(၂)

လင်၊ မယားအဖြစ်မှပြတ်စဲခြင်း အပိုင်း(၂) Google

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယား ပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည်။


(က) နှစ်ဦးသဘောတူကွာရှင်းခြင်း။

(ခ) လင်ဖြစ်သူ ရဟန်းပြုခြင်းနှင့်

(ဂ)အိမ်ထောင်ရေးပြစ်မူကြောင့် ကွာရှင်းခြင်းတို့ ဖြစ်သည်။

 

ဒီနေ့တော့ မင်မင်က လင်ဖြစ်သူ ရဟန်းပြုခြင်း အကြောင်းကို ဖော်ပြပေးမှာပါ။

▪️(၁)လင်ယောက်ျား ရဟန်းပြုလျှင် လင်မယား အလိုလိုပြတ်စဲသည်။ (ဓမ္မသတ်များ)

 

▪️(၂)ရဟန်းတော်များသည်၂၂၇-ပါးသော သိက္ခာပုဒ်များကို ထိန်းသိမ်း၍ ဝိနည်းတော်နှင့်အညီ နေထိုင်ရသည့် ပုဂ္ဂိုလ်များဖြစ်ရာ လူ့ဘဝက ဇနီးမယားကို ရဟန်းအဖြစ် ရောက်သည့်အခါ ဇနီးမယားအဖြစ် ဆက်ဆံ၍မဖြစ်နိုင်ပေ။ (မပုစီရင်ထုံး)

အကြောင်းမှာ ဘုန်းကြီးမယား၊

ဘုန်းဘုန်းအသည်းလေး၊

ဆရာတော်ဘုရား ချစ်ချစ်လေး ဟူသော အခေါ်အဝေါ်များကို ပြည်သူများနား၌ အကြားမတော်၊ နားဝင်မချို၊ မသင့်လျော်ပါ။

 

▪️(၃)လင်ယောက်ျားရဟန်းပြုခြင်းသည်လူလောကကို စွန့်ခွာသွားခြင်းဖြစ်ရာ လင်ရဟန်းပြုပြီးနောက် ခုနှစ်ရက်လွန်လျှင် ကျန်ရစ်သည့် ဇနီးမယားမှ နောက်အိမ်ထောင်ပြုနိုင်သည်။ (မနုကျယ်ဓမ္မသတ်)

 

▪️(၄)ရဟန်းပြုသည်ဆိုရာ၌ ရက်အပိုင်းအခြားနှင့် ရဟန်းပြုသည့် ဒုလ္လဘရဟန်းဝတ်သောလင်ယောက်ျား အပေါ် မယားက အခွင့်အရေးမယူနိုင်ပါ။ သို့သော်လင်ယောက်ျားက မယားအားရဟန်းဘဝ၌ ပျော်လျှင် တစ်သက်လုံး ဝတ်မည်ဟုမကြွားခဲ့ပါနဲ့ ။

 

▪️(၅)မဖော့၏ခင်ပွန်း ကိုဆင်သည် သူ၏ဇနီးကို လုပ်ကိုင်မကျွေးနိုင်သဖြင့် ရဟန်းဘောင်ဝင်ခဲ့သည်။ မဖော့က သူ့ဒွေးလေးရွာသို့ ပြောင်းရွှေ့သွားတော့မည်ဖြစ်ကြောင်း၊ အားကိုးအားထားတွေက ဦးဇင်းကြီးကခွင့်ပြုစေလိုကြောင်း၊ ဦးဇင်း ကိုဆင်ထံ ခွင့်တောင်းလေသည်။ ဦးဇင်းကြီးက နင်တို့ဒွေးလေးရွာမှာ ထန်းရည်သမား ပေါတယဟ၊ ငါပဲလူထွက်ပါတော့မယ် ဟုဆိုကာ လူထွက်လာလေတော့သည်။ ( ဇော်ဂျီ၏သူ့မယားဝတ္ထု )
(မှတ်ချက်-လူထွက်စေချင်လျှင် ဤသို့ပြောပါ)
( နောက်လူအားကိုးတွေ့ထားလျှင် သွားပြောမနေနဲ့ )

 

▪️(၆)ဖိုးသူတော်ဝတ်ခြင်း၊ မယ်သီလဝတ်ခြင်းတို့ ကြောင့် လင်ခန်းမယားခန်း မပြတ်စဲချေ။

 

အခုဖော်ပြပေးခဲ့တာကတော့  ယောကျ်ားဖြစ်သူ ရဟန်းပြုခြင်းပဲ ဖြစ်ပါတယ်။ အပိုင်း(၃)ကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်လို့ Myanmar Wedding Guide FaceBook Page ကို Like & Follow လုပ်ပေးထားပါအုံးနော်။

 

လင်၊ မယားအဖြစ်မှပြတ်စဲခြင်း အပိုင်း(၁)

 

Myanmar Wedding Guide


Crd: Zaw Win

Read times Last modified on Monday, 28 December 2020 11:57
Rate this item
(0 votes)