ဘာကြောင့် တစ်ယောက်တည်း မနေကြတာလဲ

ဘာကြောင့် တစ်ယောက်တည်း မနေကြတာလဲ google

ချစ်ခြင်းတွေဆိုတာကတော့ သူငယ်ချင်းတွေ မိဘ မောင်နှမတွေဆီကနေ ရရှိနိုင်ပေမယ့် တချို့ ယုယမှုတွေကတော့ ချစ်သူတွေကြားမှာသာ ဖန်တီးလို့ ရနိုင်တာမျိုး ဖြစ်လို့ပါ။ 

လူဆိုတာရယ် ဖြစ်လာရင် အဖော်ဆိုတာ လိုအပ်မြဲ ဖြစ်ပါတယ်။ တစ်ကိုယ်တော် တစ်ယောက်တည်း နေလို့ မရပါဘူး။ အဖော်ဆိုတာ လိုအပ်ပါတယ်။ အကောင်းဆုံး အဖော်ဆိုတာကို ရရှိနိုင်ဖို့ အတွက် လူတွေက ကိုယ်နဲ့ အဆင်ပြေမယ်လို့ ယူဆတဲ့သူကို ရှာဖွေတတ်လာကြပါတယ်။ ဘာကြောင့် ရည်းစားထားတာလဲ ဆိုတာအတွက် အချက်လေးတွေကို  ဝေမျှပေးချင်ပါတယ်။ ဘယ်လို အချက်တွေ ဖြစ်မလဲဆိုတာကို ဖတ်ကြည့်ပေးပါဦး။ ချစ်ကြည်နူးစရာ ဆက်ဆံရေးကြားက အမှတ်အသားလေးများ က ဘာတွေ ဖြစ်မလဲဆိုတာကို သိထားရမှာပါနော်။

 

 

ယုယမှုကို တပ်မက်တဲ့အတွက်

 


ချစ်ခြင်းတွေဆိုတာကတော့ သူငယ်ချင်းတွေ မိတ်ဆွေတွေ မိဘ မောင်နှမတွေဆီကနေ ရရှိနိုင်ပေမယ့် တချို့ ယုယမှုတွေကတော့ ချစ်သူတွေကြားမှာသာ ဖန်တီးလို့ ရနိုင်တာမျိုး ဖြစ်လို့ပါ။ ယုယတဲ့ အထိအတွေ့လေးတွေကတော့ ချစ်သူတွေကြားမှာသာ ဖန်တီးနိုင်တဲ့သာယာမှုတွေ ဖြစ်ပါတယ်။ ဒီလို သာယာမှုလေးတွေကို မက်မောတဲ့အတွက် ရည်းစားထားကြတာပါ။ ကြင်နာတဲ့ ကယုကယ စကားလေးတွေကြား ပင်ပန်းတာတွေကို ဖြေဖျောက်ပေးနိုင်ဖို့ အတွက်ကတော့ ကြင်နာသူတွေသာ တတ်နိုင်တဲ့အရာပဲ ဖြစ်ပါတယ်။

 

 

ရင်ဘတ်ခြင်း အနီးဆုံးလူသား

 


ရင်းနှီးမှု အတိုင်းအတာဆိုတာ အချင်းချင်းကြားမှာ စိတ်ရော ကိုယ်ပါ ပေါင်းစပ်လို့ ရနိုင်မယ့် တစ်ခုတည်းသော ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ စိတ်ထဲ ရှိတဲ့ အရာတိုင်းကို ပွင့်လင်းစွာ ပြောပြ တိုင်ပင်လို့ ရသလို နားလည်မှု အပေးနိုင်ဆုံး လူသားပဲ ဖြစ်ဖို့ အတွက် မျှော်လင့်လို့ပဲ ဖြစ်ပါတယ်။ ချစ်သူ ရည်းစားတွေဆိုတာ အရင်းနှီးဆုံး လူသားဖြစ်တဲ့အတွက် အေးအတူ ပူအမျှ အခက်အခဲ မှန်သမျှကို အတူတူ ဖြတ်ကျော်နိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။

 

 

အားကိုးရာ ဖြေသိမ့်ပေးနိုင်သူ

 


အရေးရယ် အကြောင်းရယ် ပေါ်လာတဲ့အချိန်မှာ အားကိုးလို့ ရတဲ့သူ၊ ပင်ပန်းတဲ့အရာတွေကို အကောင်းဆုံး ဖြေသိမ့်ပေးနိုင်တဲ့သူ ဖြစ်ဖို့ အတွက် အရေးကြီးဆုံး လူကို ရရှိချင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ စိတ်ပင်ပန်းတာတွေက ချစ်ရတဲ့ချစ်သူရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့လိုက်ရုံနဲ့တင် ပင်ပန်းတာ တစ်ဝက်လောက်က ပြေပျောက်နှင့်ပြီးသား ဖြစ်နေတတ်ပါတယ်။ အားကိုးရာ ဖြေသိမ့်ပေးနိုင်တဲ့သူ တစ်ယောက်ကို မျှော်လင့်တဲ့အတွက် ရည်းစားထားရခြင်းပဲ ဖြစ်ပါတယ်။ ချစ်သူတွေကြားက တီတီတာတာလေးတွေကို လည်း ပြောပေးပါနော်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under