မိန်းကလေးတွေရဲ့ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းကို ယောင်္ကျားလေးတွေကမြင်မြင်ချင်းကြည့်တတ်ကြလဲ

မိန်းကလေးတွေရဲ့ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းကို ယောင်္ကျားလေးတွေကမြင်မြင်ချင်းကြည့်တတ်ကြလဲ google.com

ယောင်္ကျားလေးတွေက မိန်းကလေးတွေကိုမြင်ရင် အရင်ဆုံးမျက်လုံးကိုကြည့်တတ်ကြပါတယ်တဲ့(လူတိုင်းတော့ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့နော့ :P )။

လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက်တော့ အကြိုက်ခြင်းတူချင်မှလည်း တူမှာပေါ့နော်။ ဒါ့ကြောင့် ယောင်္ကျားလေးအများစုရဲ့ မိန်းကလေးတွေကိုမြင်ရင် ဘယ်နေရာကိုအရင်ဆုံးသတိထားပြီးကြည့်တတ်ကြလဲ ဆိုတာကိုပြောပြပေးသွားပါမယ်။

 

မျက်လုံး - ယောင်္ကျားလေးတွေကို မိန်းကလေးတွေကိုမြင်ရင်အရင်ဆုံးကြည့်တတ်တဲ့နေရာကတော့ မျက်လုံးပါတဲ့။ မျက်လုံးအကြည့်ရဲ့ဆွဲငင်အားဟာ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်းအချစ်ဆိုသလို စွဲလန်းသွားစေနိုင်တာကြောင့်ပါတဲ့။

 

အပြုံး - ပုရိသတို့က လှပတဲ့အပြုံးကိုဖန်တီးတတ်တဲ့ မိန်းကလေးတွေကိုလည်း ကြွေကျမြေခ ရပါတယ်တဲ့။

 

ရင်သား - မိန်းကလေးတွေရဲ့ သဘာဝအလှအပတစ်ခုဖြစ်တဲ့ လုံးဝန်းမို့မောက်တဲ့ ရင်သားအလှအပဟာလည်း ယောင်္ကျားလေးတွေရဲ့ အာရုံစိုက်မှုတစ်ခုပဲဖြစ်ပါတယ်။

 

ဆံပင် - မိန်းကလေးတွေရဲ့ ဆံကေသာအလှဟာလည်း ပုရိသတို့အတွက် ဆွဲငင်မှုတစ်ခုဖြစ်စေပါတယ်တဲ့။

 

ကိုယ်အလေးချိန် - ကိုယ်အလေးချိန်ကိုတော့ အဆင့်(၅) ခုမြောက်အဖြစ် ကြည့်တတ်ကြပါတယ်တဲ့။ အချို့ယောင်္ကျားလေးတွေက ပိန်တဲ့မိန်းကလေးကို နှစ်သက်ကြသလို အချို့ကတော့ ခပ်ပြည့်ပြည့်မိန်းကလေးတွေကိုမှ ကြိုက်နှစ်သက်တတ်ကြပါတယ်တဲ့။

 

ခြေထောက် - မိန်းကလေးတွေရဲ့ သွယ်လျလှပတဲ့ခြေထောက်လေးတွေက ယောင်္ကျားလေးတွေရဲ့အာရုံစိုက်ခံရမှုထဲမှာပါတယ်ဆိုတော့ မိန်းကလေးတွေကလည်း ခြေထောက်ကိုသန့်သန့်ရှင်းရှင်းထားတတ်ဖို့လိုတယ်နော်။

 

ကိုယ်နေဟန်ထား - လမ်းလျှောက်ပုံ၊ နေပုံထိုင်ပုံ စတဲ့ကိုယ်နေဟန်ထားကိုလည်း ယောင်္ကျားလေးတွေက ဂရုစိုက်ပြီးကြည့်တတ်ကြပါတယ်တဲ့။

 

တင်ပါး - လူတော်တော်များများရဲ့လက်ခံချက်အရ ယောင်္ကျားလေးတွေက မိန်းကလေးတွေရဲ့တင်ပါးကို စိတ်ဝင်တစားကြည့်ကြတယ်ဆိုပေမယ့် အာရုံစိုက်ခံရမှုအဆင့်ကတော့ (၈) နေရာမှာသာရှိပါတယ်။

 

အသားအရေ - အသားအရေရဲ့အရောင်အသွေးနဲ့ နူးညံ့စိုပြည်မှုတို့ကိုလည်း ကြည့်ကြပါတယ်တဲ့။

 

အရပ်အမြင့် - ယောင်္ကျားလေးတွေရဲ့မိန်းကလေးတွေအပေါ် စိတ်ဝင်စားမှုနောက်ဆုံးနေရာမှာရှိနေတာကတော့ အရပ်အနိမ့်အမြင့်ပါတဲ့။ အချစ်သာစစ်ခဲ့ရင် အရပ်အနိမ့်အမြင့်ကွာခြားချက်တွေ မလိုပါဘူးဆိုတဲ့သဘောပါပဲ။

 

Source – Lwin Pyin

Read times Last modified on Wednesday, 19 September 2018 11:04
Rate this item
(2 votes)