စနေသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း...
စနေသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း... google
ဤနှစ်တွင် လုပ်ငန်းသစ်စတင်ခြင်း၊ ထူထောင်ခြင်းများပြုလုပ်ရမည်။ ရပ်ဝေး၌ လုပ်ငန်းဖြစ်ထွန်း အောင်မြင်မှုရရှိမည်။
အများကောင်းကျိုးအတွက် လူအများကို လွှမ်းမိုးဦးဆောင်နိုင်သော အစွမ်းသတ္တိပြည့်စုံမည်။
မိမိလက်အောက်ငယ်သားတပည့်တပန်းတို့မှအကူညီရမည်။နှစ်ရှည်ဘဝတစ်ခုလုံးဝန်းထမ်းအတွက်သစ္စာရှိပေးဆပ်နေသူများ ကံအပြောင်းအလဲ မိမိနာမည်ဂုဏ်သတင်းကျော်ဇောပြီး ရာထူးကြီးနေရာ ထမ်းဆောင်ရမည်နှစ်ဖြစ်သည်။
အထူးသဖြင့် ဤနှစ် စနေသားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များအတွက်တော့ "ရာဟု,ကြာသပတေး" ထိုနေနံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင်အထူးသတိထားသင့်သည်။
စနေသားသမီများတို့သည် ထီထိုးရန် အက္ခရာနှင့်ဂဏန်းမှာ (အ၊ရ၊လ၊သ၊) ၇ စ, ဝအဆုံးထီထိုးပါ။ စပ်တူရှယ်ယာနှင့်ဤနှစ်မွေးသော ကလေးနာမည်နဲ့ ထီထိုးပါ။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၁၈)ရက်၁၃၈၁-ခု ပြာသိုလဆုတ်(၉)ရက် စနေနေ့ရက်ရာဇာ
ယနေ့ နံနက်(၉း၄၉)နာရီ မိနစ်အတွင်း ဘုရားတည်၊ ထီးတင်၊ လှေကားတင်၊ အိမ်ပြောင်း၊ နာမည်မှည့်၊ ကြေး
သွန်းလောင်းခြင်း၊ ကျောက်သွေးလောင်း၊ နည်းပညာသစ်တီထွင်ခြင်း၊ ဆေးဖော်၊ ဆေးခန်းဖွင့်၊ ကုမ္ပဏီဖွင့်လှစ်ခြင်းတို့ကောင်း၏။
2020ခု ယခုနှစ်တွင် Januaryလ,Mayလ,Novemberလများတွင် မည့်သည်ကိစ္စဆောင်ရွက်ရာတွင် သတိထား
ဆောက်ရွင်သင့်သည်။ အရေးကြီးစာချူပ်စာတမ်း၊ဖုန်းနှင့်ဥစ္စာပစ္စည်းအဖိုးတန်ပစ္စည်းများကျပျောက်တတ်သည်။
စာနယ်ဇင်း၊သတင်းမီဒီယာလုပ်ငန်းများအကြပ်အတည်းတွေ့ရမည်။ မဟုတ်မမှန် စွတ်စွဲမှုများ ခံရမည်။
သူများ၏ မနာလို တိုက်ခိုက်မှု ကြုံတွေ့ရတတ်သည်။မဟုတ်မမှန် စွတ်စွဲမှုများ၊ ရန်စခြင်း၊ လုပ်ငန်းတူနှင့် အနီး
အနားပတ်ဝန်ကျင် ပြိုင်ဆိုင်ခြင်း ရန်သူပေါများနေတတ်သည်ကို သတိထားရလိမ့်မည်။
2020ခု ယခုနှစ်တွင် April,June,July,Augustလ များတွင် မည့်သည်ကိစ္စဆောင်ရွက်ရာတွင် အောင်မြင်မှု
ရရှိမည်။လုပ်ငန်သစ်စတင်ခြင်း၊ အနုပညာဆိုင်ရာများ၊ ပညာရေးဝန်ဆောင်မှု၊ ပြည်တွင်း ပြည်ပပညာသင်ယူခြင်းနှင့်အလုပ်အကိုင်များ အဆင်ပြေမည်။
ပြည်ပခရီးသွားလာခြင်းများရှိပြီး စာဖြေ၊စာမေးပွဲများ အောင်မြင်မည်။မကြာခဏ ခရီသွားရကိန်းရှိ၍ လူမျိုးခွဲများနှင့် ဆက်ဆံလုပ်ကိုင်သော အရောင်အဝယ်လုပ်ငန်းများ အလုပ်ကောင်းမည့်နှစ်ကာလဖြစ်သည်။
အိမ်ခြံမြေဝယ်ခြင်း၊ အိမ်ခြံမြေလက်မှတ်ရေးထိုးခြင်း၊ရှယ်ယာဝင်လုပ်ငန်းများ၊ ကုန်စ္စည်းသိုလှောင်ခြင်း၊ပြည်ပတင်သွင်းမှုများ အကျိုးမြတ်စွန်းရရှိပိုင်ဆိုင်ရတတ်သည်။
ဘုရားတည်၊ ထီးတင်၊ စေတီပုထိုးပြုပြင်ခြင်း လှူဒါန်းခြင်း၊ကျောင်း၊မုဒ်ဦးဆောက်ခြင်းနှင့်မင်္ဂလာအလှူတန်းများပေးရခြင်းကြုံတွေ့ရမည်။
၂၀၂၀-ခုနှစ် မတ်လ (၁၄)ရက်၁၃၈၁-ခု တပေါင်းလဆုတ်(၆)ရက် စနေနေ့ ဝါရမိတ္တု
ယနေ့ ကြေးသွန်းလောင်းခြင်း၊ မြေသန့်မင်္ဂလာ၊ စပါးကျီးသွင်း၊ရတနာသွေးခြင်း၊အသီးဆွတ်ခူးခြင်းတို့ကောင်း၏။
(တနင်္ဂနွေဂြိဟ် နံနက်၂နာရီ ၅၁မိနစ် မိန်ရာသီပြောင်းပြီးဖြစ်၍ ရှင်ပြု၊ စလွယ်တင်၊ မင်္ဂလာအခါရ၏။
လက်ထက်၊ ဝိဝါဟမင်္ဂလာနှင့် အိမ်ဆောက်၊ အိမ်တတ်မင်္ဂလာအခါရှောင့်သင့်၏။)
လူမှုရေး...လူမှုရေး နှင့် ဘာသာရေးဆိုင်ရာလုပ်ငန်းများတွင်ကိုယ်တိုင်ဦးစီးရခြင်း၊အများသဘောတူညီမှုကြောင့်
ကုသိုလ်ရေး လုပ်ငန်းများ လုပ်ကိုင်ရမည်။လူမျိုးကွဲ၊ ဘာသာကွဲများနှင့်လုပ်ငန်းစပ်တူရှယ်ယာပြုလုပ်
လျှင် အောင်မြင်မှုရတတ်သည်။သို့သော်လည်း မိတ်ဆွေရင်းခြာများနှင့် အကျိုးတူလုပ်ငန်း
များတွင် သဘောထားကွဲလွဲမှုများ ကြုံတွေ့ရတတ်သည်။မဟုတ်မမှန် စွတ်စွဲမှုများ ခံရမည်။
မိမိမှာ ငွေတိုးပေးလုပ်ငန်း မလုပ်ရ၊ လက်လွတ်စလွယ်ငွေမပေးရ၊ သူများအတွက် ခံဝန်ခံတမ်း၊ တာဝန်ယူ၊
လက်မှတ်ရေးထိုး၊ မပြုသင့်ပေ တာဝန်ခံပြုလုပ်ပြီးယူပေးလျှင် နောက်ဆုံးမိမိက ပေးဆပ်ရကိန်း ဆိုက်တတ်သည်မို့ သတိပြုပါ။
၂၀၂၀-ခုနှစ် မေလ (၂)ရက်၁၃၈၂-ခုနှစ် ကဆုန်လဆန်း(၁၁)ရက် စနေနေ့ရက်ရာဇာ
ယနေ့ နံနက်(ရး၄၅)နာရီလွန် အဓိဌာန်ဝင်ခြင်း၊ ပဉ္စင်းခံ၊နာမည်မှည့်၊ မြေသန့်မင်္ဂလာ၊ စေ့စပ်၊ လက်ထက်၊ ကုမ္ပဏီထူထောင်ခြင်း၊ အစုရှယ်ယာဝင် ဆိုင်ဘုတ်တင်ခြင်း၊အိမ်ပြောင်း၊ ဆေးဖော်ခြင်းကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် မေလ(၁၆,၂၃)ရက် နို့နှစ်ရောင်ဝတ်ဆင်၍ ထီထိုးပါ။
စီးပွားရေး...သံ၊ သွပ်၊ သစ်သီးဝလံ၊ သီးနှံစုံယိုလုပ်ငန်း၊ ရုပ်ရှင်၊စတူဒီယိုထုတ်လုပ်ရေးလုပ်ငန်း၊ အိမ်ပြင်
အိမ်ဆောက်အလှဆင်နှင့် အစုရှယ်ယာဝင်လုပ်ငန်သံနှင့်သံမဏီလုပ်ငန်တို့ အကျိုးပေးကောင်း၏။
ဒီနှစ် မိမ်ကိုယ်ကိုယ်ယုံကြည်စွာ မိမိစိတ်လိုရာလုပ်ငန်းငွေကြေးရင်းနှီး စိုက်ထုတ်ပြီး လုပ်ငန်းစပါ။
ဗုဒ္ဓဟူးသားသမီး၊ သောကြာသားသမီးတို့နှင့် အကျိုးတူပူပေါင်း အောင်မြင်ကောင်းကျိုးပေးမည်။
မိမိအလိုဆန္ဒပြည်ဝနိုင်ရန် မိမိကိုယ်တိုင် ကိုယ်ကျ စီမံခန့်ခွဲပြီး လုပ်ငန်း လုပ်ကိုင်ရမည်။
၂၀၂၀-ခုနှစ် ဇွန်လ (၂၇)ရက်၁၃၈၂-ခုနှစ် ပ-ဝါဆိုလဆန်း(၈)ရက် စနေနေ့
ယနေ့ အဓိဌာန်ဝင်ခြင်း၊ သိဒ္ဓိတင်၊ နေ့လယ်(၁၁း၁၅)နာရီလွန် ပန္နက်ရိုက်၊ တိုင်ထူ၊ အုတ်မြစ်ချ အိမ်ပြောင်း၊ ရတနာစူးစမ်းရှာဖွေခြင်း၊ မုဒ်ဦး၊မဏ္ဍပ်ဆောက်လုပ်ခြင်း၊ကုန်ပစ္စည်းသိုလှောင်ခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်းတို့ကောင်း၏။
ပညာရေး...ပညာရေးတွင် အားထုတ်ကြိုးစားပါကထူးချွန်အောင်မြင်လိမ့်မည်။ ရာထူးပြောင်းရွေ့ကိန်းရှိသည်။
ပညာရေးအတွက် စနေသားသမီးများဂုဏ်ထူး၊ဘွဲ့ထူးရမည်။ ဂမ္ဘီရစာပေပညာရပ်များ၊ လှို့ဝှက်ပညာများ၊ သမိုင်း၊ဗိသုကာပညာရပ်များနှင့် ကဗျာ၊ဝတ္ထု၊
ပညာပေးစာပေရေသားခြင်း လောကီပညာများကို ဝါသနာထုံ လိုက်စားခြင်းအထင်ကြီး၊လေ့လာလိုက်စားပါ။အထူးကောင်းအထူးအောင်မြင်၍ထိရောက်ပြီးနာမည်ကြီးရတတ်ပါသည်။
သြဇာကြီးမားသောပုဂ္ဂိုလ်တို့မှကူညီစောင့်ရှောက်မည်။ပညာရေးကဏ္ဌအသီးသီးရှိလူကြီး၊လူငယ်လူတန်းစားမရွေးဆက်လက်ကြိုးစားလုပ်ကိုင်ကြရန်အကြံပြုပါသည်။
ဝန်ထမ်းလောကတွင်လုပ်ကိုင်နေပါကအမှောင်နည်းလမ်းဖြင့်ငွေကြေးရှာဖွေခြင်းကိုလုံးဝစွန့်လွှတ်ပါဒုက္ခရောက်တတ်သည်။
၂၀၂၀-ခုနှစ် အောက်တိုဘာလ (၁၀)ရက်၁၃၈၂-ခုနှစ် တော်သလင်းလဆုတ်(၉)ရက် စနေနေ့
ယနေ့ နေ့စက်(၁း၄၆)နာရီ မိနစ်အတွင်း အဓိဌာန်ဝင်ခြင်း၊ကြေးသွန်းလောင်းခြင်း၊ နာမည်မှည့် ကင်းပွန်တပ်၊
ကုမ္ပဏီထူထောင်ခြင်း အလုပ်လျှောက်ခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း၊ ငွေကြေးချေးငှားခြင်း၊ ပယောဂကုသခြင်း တို့ကောင်း၏။
အချစ်ရေးနှင့်အိမ်ထောင်ရေး...အပျို ၊လူပျို များမိမိစိတ်ကြိုက်ရွေးချယ်ရန်အတွက်အခွင့်အလမ်းများရှိသည်။
အပျော်အပါးလိုက်စားခြင်းကြောင့် အချစ်ရေး၊အိမ်ထောင်ရေးထိခိုက်ပြီး တစ်ဦးနှင့်တစ်ဦး မယုံကြည်စရာများ
ဖြစ်ပေါ်လာတတ်သည်။
သို့သော်အမုန်းပွားစေတတ်သောအပြစ်မကင်းသောအမှုကိစ္စများမကျူးလွန်ရန်သတိပြုပါ။
ချစ်သူရည်းစားလုဖက်ကြောင့် ရန်သူအပေါင်းစုပေါင်းလုပ်ကြံလာတတ်သည်။
သားရတနာ မရှိသူများ ထွန်းကားအံ့၊ သားသမီးကြောင့်ဂုဏ်သတင်းကြားရတတ်သည်။
၂၀၂၀-ခုနှစ် အောက်တိုဘာလ (၁၇)ရက်၁၃၈၂-ခုနှစ် သီးတင်းကျွတ်လဆန်း(၁)ရက် စနေနေ့
ယနေ့ ရေတွင်းရေကန်တူးဖော်ခြင်း၊ နည်းပညာတီထွင်ခြင်း၊ဆေးဝါးဖြန့်ချီခြင်း၊ အိမ်ပြောင်း၊ အိမ်တတ်၊ လှေကားတင်၊လက်မှတ်ရေးထိုးခြင်း၊ ခရီးသွားလာခြင်း၊ ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း တို့ကောင်း၏။
(တနင်္ဂနွေဂြိဟ် ညစက် ၉နာရီ ၄၆မိနစ်လွန် တူရာသီပြောင်းပြီးဖြစ်၍ အိမ်ဆောက်၊ အိမ်တတ်၊ စေ့စပ်၊ လက်
ထပ်မင်္ဂလာအခါရသည်၊ ရှင်ပြု၊ နားသ အခါရှောင့်သင်။)(တိထီ ၁လုံး နဝရယတြီပူဇော်ပွဲစသည်)
(နံနက်၂နာရီ၃၂မိနစ်လွန် မလမာသလွတ်သည်။)
အသက်ပိုင်းခြားကတော့ အချစ်ရေး အသက် ၁၅နှစ်၊
၁၆နှစ်၊၂၁နှစ်၊၂၃နှစ်၂၅နှစ်၊၃၃နှစ်၊၄၃နှစ်တွေကအထူးသဖြင့် ညံ့မည်။
ချစ်မှုရေးရာတွင် ကံခေတတ်ပြီး အိမ်ထောင်ကျ ကံမကောင်းပါ။ အချစ်ရေးသမားများအတွက်မိမိအားဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ်ချက်ဖြင့်အမျိုးသား၊အမျိုးသမီးအချို့ချဉ်းကပ်လာတတ်သည်။
အချစ်ရေးစန်းပွင့် သို့သော် အချစ်အိမ်ထောင်ရေး မေတ္တာရေးကံမှာ မရေမရာမှုတွေ၊ တိုးတိုးတိတ်တိတ် အခြေအနေတွေ၊ မပြတ်မသား စိတ်ဒွိဟ ဖြစ်စရာတွေ များပြားစွာကြုံရတတ်နှစ်ဖြစ်သည်။
အချစ်ရေးမှာ တစ်ပါးသူများဝင်ရောက်ပြီး ချစ်သူနှစ်ဦးကြားစိတ်ရှုပ်ထွေးမှုများ ကြုံတွေ့ရတတ်သည်။
စနေသားသမီးများ၏ အိမ်ထောင်ဘက် တနင်္ဂနွေ,ကြာသပတေး,သောကြာ ထိုနေ့နံသားသမီးနှင့် ပြုထားသူနှင့် ချစ်သူ၊ရည်းစား အိမ်ထောင်ရှင်များကတော့အထူးသတိထာသင့် အထူးညံ့ပါလိမ့်မည်။
အိမ်ထောင်ရေး ပတ်သက်ပြီး အဆင်မပြေတပြေဖြစ်မည်။အိမ်ထောင်ကြောင့် စိတ်သောက ရောက်မည်။စိတ်ညစ်မည်။
အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့ တစ်ဦးအထင်အမြင်လွဲမှားတာလေးတွေ ကြုံပြီးလမ်းခွဲရတတ်သလိုချစ်ဦးငယ်ဟောင်း၊ ချစ်သူအသစ်ကိုမျှော်ရည်တမ်းတခြင်းများလည်ဖြစ်ပေါ်တတ်ပါသည်။
၂၀၂၀-ခုနှစ် အောက်တိုဘာလ (၂၄)ရက်၁၃၈၂-ခုနှစ် သီးတင်းကျွတ်လဆန်း(၈)ရက် စနေနေ့
ယနေ့ နေ့စက်(၁၂း၃၅)နာရီအတွင်း မြေသန့်မင်္ဂလာ၊ကလေးထမင်းခွံ၊ နာမည်မှည့် ကျောက်ဆစ်ထုခြင်း၊
ကုမ္ပဏီစတင်ခြင်း၊ အဓိဌာန်ဝင်ခြင်း၊ ထီထိုး၊နံနက် (၈း၈)နာရီလွန် ရေတွင်းတူး၊ ငွေကြေးချေးဌားခြင်း
တို့ကောင်း၏။(အဌမီပူဇာ)(နေ့စက် ၁၂နာရီ ၁၁မိနစ်မှ နေ့စက် ၁နာရီအတွင်း သန္ဓိပူဇာ)
မိမိအသက် ၁၆နှစ်၊၂၅နှစ်၊၃၃နှစ်၊၄၃နှစ်၊၅၂နှစ်၊၆၁နှစ်၊၇၀နှစ် ထိုနှစ်တွင် မိမိကံကြမ္မာဇာတာကံများ
ထူးထူးခြားခြား ပြောင်းလဲနေသည်ကို တွေ့ရှိရလိမ့်မည်။ကောင်းကျိုးကိုဖြစ်စေ၊ မကောင်းကျိုး ထိနှစ်ပိုင်းများ၍
ဖြစ်စေသည်။ထူးခြားစွာကောင်းသော ကံအခြေအနေနှင့် ဘဝတိုးတက်အောင်မြင်မှုတို့ ဖြစ်ထွန်းလာမည်။
အလုပ်ကို ကြိုးစားပမ်းစား ဆောင်ရွက်ထားမှုကြောင့်အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်မည်။
သားသမီးအကျိုးကျေးဇူးခံစားရမည်။ စက်ပစ္စည်း ဝင်မည်။တပည့်လက်သားမမြဲ မိမိကသာ သားသမီးတွေရော
လက်အောင်ငယ်သားတွေရော အလွန်အလိုလိုက်အမိုက်စော်ကားသွားတတ်။ရှေ့တွင်တစ်မျိုး၊ကွယ်ရာ
တစ်မျိုး ကြုံတွေ့ ဖြစ်နေလိမ့်မည်။မိမိမှာ အိမ်ထောင်ရေး တကျက်ကျက်နှင့် ဖြစ်တတ်၍ခဏသာဖြစ်မယ်။ချက်ချင်းစိတ်ပြေ ချစ်ခင်နေပါလိမ့်မယ်။ယာယီ မကွဲပါ။
အိမ်ထောင်ရေး အဆင်ပြေသာယာလာမည်။အမွေပစ္စည်း ရမည်။ ချစ်သူ၏ ပံ့ပိုးကူညီမှုကို ရရှိမည်။
လုပ်ငန်းရှင်၊ အစေခံ၊ ဆွေမျိုး၊ မိတ်ဆွေ၊ ပံ့ပိုးကူညီမှုကို ရရှိမည်။နယ်ဝေးဆွေမျိုးများ အိမ်သို့အလည်အပတ်သွားလာခြင်း၊အကူညီပေးရခြင်းများရှိမည်။
ကျန်းမာရေးနှင့်ပတ်သက်၍ အစာအိမ်၊ ဗိုက်နာ၊ လေနာ၊ခေါင်းကိုက်၊ ခေါင်းမှုနှင့် အထူး မီးယပ်ရောဂါ၊ သွေးလေမညီညွတ်သော ရောဂါများ သတိပြု ဖြစ်ပွားနိုင်သည်။
စနေသားသမီးများ မိမိယုံကြည်ရာ ဘာသာတရားအတိုင်း အပတ်စဉ်၊ လစဉ်၊ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်ပြုလုပ်ကြပါ။
ဆောင်ရွက်စရာကိစ္စများ - ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘေးရန်ကင်း ဂုဏ်တော်ရွတ်ဆိုပြီး ခရီးသွားခြင်း
၊ရွှေအိုရောင်၊ သနပ်ခါးရောင်၊ အဝါရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ(အ၊ရ၊လ၊သ၊)(၇,၆, ၅,ဝ)
အကျိုးပေးအရောင် - ရွှေအိုရောင်၊ သနပ်ခါးရောင်၊ အဝါရောင်
ဆောင်ရန် - နီလာ၊ ရွှေ
ယတြာ - မိမိအိမ်ဘုရားစင်မှာ ကံ့ကော်ညွှန့်၊ကြံညွှန့်၊သက်ကယ်(၁၁)ညွှန့်၊နှင်းပန်း(၉)ပွင့်လှူပေးပါ။
ကြေးဖလားဖြင့်ရေတော်(၅)ခွက်လှူ ပေးပါ။တန်ခိုးကြီးဘုရားမှာ မွေးနေ့ နံနက်(၉း၄၀)အချိန် အင်္ဂါနံ
ဘုရားတွင် သနပ်ခါးရောင်ဝတ်ဆင်ပြီး နှင်းပန်း(၉)ပွင့်ကပ်လှူပါ။ ဘုရားတွင်(ဝိဇ္ဇာစရဏ သမ္ပန္နော ) ဂုဏ်တော်
ရွတ်ဆိုပြီး ပုတီး(၃)ပတ်စိတ်ပါ။သက်ကြီးရွယ်အိုများ၊ သံဃာတော်များနှင့် အကြီးအကဲပုဂ္ဂိုလ်များအား အဝတ်အထည်၊ ဆပ်ပြာမွှေးခဲ၊ ထီး၊ ဖိနပ်များလှူပေးပါ။
ဆရာမင်းသူရ ဗေဒင်ယတြာ Ph:09751089826
Car,Truck Rental (669) ခုကို သိရှိလိုပါက နှိပ်ပါ
Zawgyi ဖြင့်ဖတ်ရန်...