အချစ်စစ်နဲ့ သက်ဆိုင်တဲ့အချက်များ

အချစ်စစ်နဲ့ သက်ဆိုင်တဲ့အချက်များ google.com

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူဟာ ကိုယ့်ဘဝတစ်သက်လုံးစာ လက်တွဲသွားဖို့

စစ်မှန်တဲ့အဖော်မွန်အဖြစ်နဲ့ ချစ်ချင်ကြတာဖြစ်ပါတယ်။

 

ဘယ်သူမှ လမ်းခွဲဖို့ ပေါင်းစပ်ချင်ကြမှာ မဟုတ်ဘူးလေ။ အချစ်စစ်နဲ့ တွေ့ပြီးပေါင်းစပ်ချင်ပေမယ့် အချစ်စစ်ဟာ ဘယ်လိုလူလဲလို့မသိရင် စိန်ကောင်း၊ ကျောက်ကောင်း လိုချင်ပေမယ့် စိန်ကောင်း ၊ ကျောက်ကောင်းရဲ့အရည်အသွေးတွေဟာ ဘာမှန်းမသိသလိုဖြစ်နေပါလိမ့်မယ်။

 

အဲဒါဆိုရင်တော့ သူများပြောတာယုံနေတာမျိုး ဒါမှမဟုတ် ကံကိုပဲပုံချနေတာမျိုး ဖြစ်နေပါ့မယ်။

 

စိန်ကောင်း၊ ကျောက်ကောင်းကို ပိုင်ဆိုင်ချင်တယ် လိုချင်တယ်ဆိုရင် သူ့ရဲ့အရည်အသွေးနဲ့ ဂုဏ်သတ္တိကိုတော့ သိထားဖို့လိုတာပေါ့။ ဒါမှ ကိုယ့်လက်ထဲမှာရှိနေတာ စိန်ကောင်း ၊ ကျောက်ကောင်း မို့ ပိုတန်ဖိုးထားရကောင်းမှန်း သိမှာဖြစ်ပါတယ်။

အချစ်စစ်ကို ရရှိထားရက်နဲ့ တန်ဖိုးမသိဘဲ ပစ်ပယ်ထားမိမယ်ဆို ကိုယ့်လောက်မိုက်မဲတဲ့သူ ရှိပါဦးမလားဆိုတာပါပဲ။

 

အချစ်စစ်ဆိုတာ တစ်ဘဝလုံးစာ ကိုယ်နဘေးမှာ ကောင်းကောင်းဆိုးဆိုး ရှိပေးနေမယ့်သူ၊ ကိုယ့်နဲ့အတူ ဘဝတိုက်ပွဲ အတူဝင်နွှဲမယ့်သူ၊ ကိုယ်အားနည်းရင် ကိုယ့်ကူပြီး သူအားနည်းရင် ကိုယ်စိတ်ပူမစိုးလို့ အခြေအနေဆိုးတွေမှာ တောင့်ခံပြီး ကိုယ့်ကိုအားပေးတတ်သူ၊ သူ့အပူ ကိုယ့်အပူခွဲမနေဘဲ အတူမျှဝေယူတတ်သူ၊ တစ်ဘဝစာလက်တွဲဖို့ ရည်ရွယ်လက်တွဲခဲ့တာမို့ အချိန်တွေဘယ်လိုပြောင်းပြောင်း ချစ်စိတ်က ပြောင်းမသွားတတ်သူ၊ အိုလာတာလည်းလက်ခံ၊ နာလာတာလည်းလက်ခံလို့ ကိုယ့်လက်ကို မြဲမြဲတွဲထားသူဖြစ်ပါတယ်။

 

အချစ်စစ်ရဲ့  အဓိပ္ပါယ်ကို လိုရှင်းတိုရှင်းနဲ့ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ တစ်ဘဝစာရည်စူးခဲ့တဲ့သူနဲ့ လက်တွဲမမြဲခဲ့တာ ငါမှားခဲ့လို့များလားလို့ သံသယနဲ့ စိုးရိမ်စိတ် ရှိခဲ့ဖူးပါလိမ့်မယ်။

 

ထို့ကြောင့် ခင်ပွန်းဖြစ်လာမယ့်သူ့ကို ကျွန်မက ငါ့မှာဘာတွေပြင်စရာရှိနေသလဲ၊ ငါ့မှာနင်မကြိုက်တဲ့ အချက်တွေရှိ ဘာတွေရှိနေလဲဆိုတာကို မေးမြန်းထားသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:46
Rate this item
(2 votes)