ယောကျာင်္းတစ်ယောက်ပစ်သွားလို့အသဲကွဲစရာမလိုပါဘူး..

ယောကျာင်္းတစ်ယောက်ပစ်သွားလို့အသဲကွဲစရာမလိုပါဘူး.. google.com

ယောကျာင်္း တစ်ယောက်ပစ်သွားလို့အသဲကွဲတယ်ဆိုတာ ကိုယ့်အတွက်တော့ ရယ်စရာပါ ။ ကိုယ်က အချစ်ကြီးသလိုအစွဲလန်းကြီးတယ်။ သစ္စာတရား ဆိုတာ ကိုယ့်ရဲ့အသက်လိုတန်ဖိုးထားတာ ။

ကိုယ့်အချစ်မေတ္တာကိုအောက်တန်းစား အဆင့်နဲ့ လာအသုံးချသွားရင်လည်း သေတောင်ခွင့်မလွှတ်ဘူး။ ဒါ ကိုယ့်တန်ဖိုးလေ ။ ကိုယ့်ကိုယ်အပေါ်ယံနဲ့ မခန့်မှန်းပါနဲ့ ။ ငိုရင်ငိုပြမယ်။ ရယ်ရင်ရယ်ပြနေမယ်။

ငိုပြနေတာ အလကား မဟုတ်ဘူး အကြောင်းရှိလို့။ ရယ်ပြနေတာကိုလည်း တကယ်မထင်နဲ့ အချိန်ကောင်း စောင့်ဆိုင်းနေတာလည်း ဖြစ်နိုင်တယ် ။ ပတ်သက်ခဲ့တဲ့  အချိန်အတိုင်းတာ တစ်ခုမှာ ကိုယ်က ဘာတစ်ခုမှအခွင့်ရေး မယူခဲ့ဖူးဘူး။

ကိုယ်ကပဲ ဖေးမ ကူညီခဲ့တာ။ ဒါကြောင့်ဘယ်မျက်နှာမှလည်း ထောက်ထားဖို့မလိုအပ်ဘူး အရှင်းကြီးပဲ ။ ကိုယ်က ဘယ်သူ့အပေါ်မှာမှလူပါး မဝခဲ့ဘူး။ ကိုယ့်အပေါ် လူပါး လာဝလို့ကတော့ လက်ဖျားလေးနဲ့ လာခတ်ရင်လက် အရင်းကနေ

ဖြတ်ပစ်ရမှကျေ နပ်တာ ။ အငြိုးကြီးတဲ့  လူတွေဟာ သရုပ်ဆောင်သိပ်ကောင်းတယ်။ အချိန်တစ်ခုကိုစောင့် နိုင်တယ်။ပြုံးပြုံးလေးနဲ့ သည်းခံတတ်တယ်။ အဲ့လိုအမူယာတွေ နောက်မှာ ဘာတွေ ကိုင်ထားလည်း သိလား။ လူတစ်ယောက်ရဲ့ဘဝကို

တစစီဖဲ့ခြွေပစ်နိုင်တဲ့  ငရဲပ န်းတွေပွေ့ပိုက်ထားတယ် ။ မကျေ နပ်လို့နောက်ကျောက ဓါးနဲ့ ထိုးမဲ့အစားထဲ ကိုယ်မပါဘူး။ ရှေတည့်တည့်က တချက်ခြင်းထိုးပြီး နာကျင်နေတဲ့ ဝေဒနာကိုတစိမ့်စိမ့်ထိုင်ကြည့်နေမှာ ။ “ယုတ်ညံ့သူနဲ့ မိတ်ဆွေ ပျက်ရခြင်းဟာလည်း

မင်္ဂလာတစ်ပါး ဖြစ်ပါတယ်”သိပ်ချစ်တာပဲ ပြောတိုင်း မာန်တက်ပြနေရင်ဖျားသွားလိမ့်မယ်။

 

Credit;သာသာယာယာ

 

Readmore;ယောကျာင်္းတစ်ယောက်ရဲ့သစ္စာ

Read times Last modified on Wednesday, 19 September 2018 10:35
Rate this item
(2 votes)