အသွင်မတူတဲ့ အိမ်သူတွေရဲ့ သဘော သဘာဝများ

အသွင်မတူတဲ့ အိမ်သူတွေရဲ့ သဘော သဘာဝများ google.com

အိမ်ထောင်ရေးတွင် တစ်ဦး၏သဘောကို ပိုင်ပိုင်နင်းနင်း သိရှိထားရန် လိုအပ်ပါတယ်။

ခေတ္တခဏမျှ ပေါင်းသင်းရသော မိတ်ဆွေမျိုး မဟုတ်ဘဲ ထာဝရပေါင်းသင်းဆက်ဆံရမည်ဖြစ်ခြင်းကြောင့်လည်း အတွင်းသိ အစင်းသိဖြစ်ရန် လိုအပ်ပါတယ်။

 

စိတ်ရင်းသဘောရင်းကို သိရှိထားခြင်းကလည်း အထင်လွဲစရာ၊ အထင်သေးစရာတို့ကို ကြုံကြိုက်ရသောအခါ လွယ်ကူစွာ ပြေလည်မှုရ၍ နားလည်ခွင့်လွှတ်နိုင်ပါတယ်။

 

တစ်ဦးက တစ်ဦးကို စေ့စေ့စပ်စပ် သိမြင်မထားတဲ့အခါ ဆက်ဆံရေးအခက်အခဲမျိုးသာမက တစ်ဖက်သားက မိမိအပေါ်တွင် သဘောထားပုံအမှန်ကိုလည်း မသိရှိရတော့ပါ။

 

ချစ်သူနှစ်ဦးတို့သည် အသက်ပေး၍ ချစ်ကြသည်ဆိုခြင်းမှာ အမှန်ပင်ဖြစ်ပါတယ်။

 

ချစ်သူနှင့်နီးရဖို့အတွက် အသက်ဆံဖျား စွန့်စားကြသူများ စွန့်စားကြရသောကြောင့် အသက်နှင့်ရင်းကာ ချစ်ရသည်ဟု ဆိုနိုင်ပါတယ်။

 

သို့မဟုတ်ဘဲ ချစ်သူတစ်ဦးက တစ်ဖက်ချစ်သူ တစ်ဦးအပေါ်တွင် အသက်ကိုပါ အပ်နှင်း၍ ယုံကြည်စိတ်ချထားရတာလည်း ရှိပါတယ်။

 

တစ်ဦး၏အသက်သည် ကျန်တစ်ဦး၏လက်၌ တည်ရှိပေရာ မိမိအသက်အပ်နှင်းထားရမည့် တစ်ဖက်သား၏ သဘောသဘာဝကို ကျွမ်းကျင်စွာ သိရှိနားလည်ထားရန် လိုအပ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:45
Rate this item
(2 votes)