ကိုယ်နဲ့ type မတူတဲ့ လူကို ချစ်မိတဲ့ အခါ

ကိုယ်နဲ့ type မတူတဲ့ လူကို ချစ်မိတဲ့ အခါ google

လွယ်မယောင်နဲ့ တော်တော်ခက်တဲ့ အရာတွေထဲမှာ ချစ်မှုရေးရာ ကိစ္စတွေက ထိပ်ဆုံးပါပဲ။ သူစိမ်းတစ်ယောက်နဲ့ ပတ်သတ်ကြရာမှာ ချစ်တယ်ဆိုတာနဲ့တင် ပြည့်စုံလုံလောက်ကြရင်လည်း ကောင်းသားနော်။

 

 

မတူညီတဲ့အရာတွေကို လိုက်ညှိယူ နေရ၊ ကိုယ့်ကိုယ်ကိုယ်ကိုပဲ ရှက်ရွံ့အားငယ်ရတွေဖြစ်လာတာ အနည်းငယ်တော့ စိတ်ညစ်၊ စိတ်ပျက်စရာပါပဲ။

 

 

() အကြိုက်တွေမတူ

 

ရုပ်ရှင် တူတူကြည့်ကြရင်တောင် ကြည့်ချင်တဲ့ ဇာတ်ကားချင်း မတူကြပါဘူး။ သူသွားချင်တဲ့နေရာတွေကိုယ်က မသွားချင် ၊ ကိုယ်သဘောကျတဲ့ နေရာတွေ သူကမလိုက်ချင်နဲ့။ အစပိုင်းတော့ ချစ်စိတ်နဲ့ညှိလို့ အဆင်ပြေသယောင် ရှိပေမယ့် နောက်ကျတော့ ကိုယ့်အကြိုက် သူ့အကြိုက် မလိုက်နိုင်တာနဲ့ ကတောက်ကဆ တွေဖြစ်တော့တာပဲ။

 

 

() ကိုယ့်ကိုယ်ကို နိမ့်ကျသလို ခံစားလာရ

 

လက်တွဲဖော်က ကိုယ်နဲ့ပုံစံ မတူညီပေမယ့် သူကပိုမိုကောင်းမွန်တဲ့ အနေအထားဖြစ်ခဲ့မယ်ဆိုရင် ကိုယ်က သူ့ကိုသဘောကျ နှစ်သက်မိမှာ အမှန်ပါပဲ။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ သူနဲ့မတူညီတဲ့ ကိုယ့်ပုံစံကို သံသယစဝင်လာပါလိမ့်မယ်။ ကိုယ်ကပဲ တစ်ခုခု လွဲမှားနေသလား ၊ ကိုယ့်ဘာလို ဒီလို ဖြစ်နေရသလဲ အစရှိတဲ့ အတွေးတွေနဲ့ depression ဝင်လာနိုင်ပါတယ်။

 

 

() ပတ်ဝန်းကျင်ကလည်း အမြင်မကြည်

 

ကိုယ်နဲ့ သူနဲ့ type မတူဘူး ဆိုကတည်းက သူ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလည်း သဘောသဘာဝတွေ ကွဲပြားတာအသေအချာပါပဲ။ သူ့မိသားစု ၊ သူငယ်ချင်း တွေဖက်က ကြည့်ရင်လည်း ကိုယ်က သိုးမဲဖြစ်နေမှာ ဖြစ်သလို ကိုယ့်မိသားစု အပေါင်းအသင်း တွေကကြည့်ရင်လည်း သူက ဂြိုလ်သား ဖြစ်နေမှာပါပဲ။

 

 

() မတူညီတဲ့ အတွေးအမြင်တွေ

 

ပြဿနာတစ်ခု ၊ ဖြစ်ရပ်တစ်ခုကို ကြုံလာခဲ့ရင် သူ့ဖက်က တစ်မျိုး သုံးသပ်ပေမယ့် ကိုယ့်ဖက်က မတူညီတဲ့ သုံးသပ်ချက်တွေ ဖြစ်နေတတ်ပါတယ်။ တခြားသော အကြိုက်မတူတာတွေ နေထိုင်ပုံ ကွဲပြားတာတွေက အနည်းငယ် ညှိယူလို့ရပေမယ့် အတွေးအခေါ် ချင်း မတူညီရင်တော့ ညှိယူရဖို့ အတော်ကိုခက်ခဲ ပါလိမ့်မယ်။

 

ဒါတွေက ကိုယ်နဲ့ပုံစံ ၊ စိတ်နေစိတ်ထားချင်း မတူညီတဲ့လူနဲ့ ချစ်ကြိုက်မိတဲ့အခါ ကြုံလာရမယ့် စိတ်ညစ်စရာတွေပါ။ အမြဲ ဒီလို ဆိုးကျိုး တွေပဲ ကြုံနေရမှာတော့လည်း မဟုတ်ပါဘူး။ သူက ကိုယ်နဲ့ ခြားနားတဲ့ အတွက် ကိုယ်မသိသေး ၊ မတတ်သေး တဲ့ အရာတွေလည်း သူ့ဆီက လေ့လာသင်ယူနိုင်မှာပါ။

 

ဒီတော့ ကိုယ့်ချစ်သူ / crush က ကိုယ်နဲ့ မတူညီတဲ့ type ဖြစ်နေခဲ့ရင်လည်း လက်လျော့လိုက်ရမယ် မဆိုလိုပါဘူး။

 

အချစ်စစ်မှန်ရင် အနည်းငယ် ခက်ခဲကြမ်းတမ်းတဲ့လမ်း တွေဖြတ်ရမှာပါပဲလေနော်။

 

 

Credit;Lungemedia

Read times Last modified on Thursday, 10 January 2019 09:36
Rate this item
(1 Vote)