09.1.2020မှ 15.1.2020အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း...

09.1.2020မှ 15.1.2020အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း... google

တနင်္ဂနွေ

ဒီကာလအတွင်းနေ့ညမပျက် အလုပ်လုပ်ရချိန်ပါပဲ။ လူအင်အား၊ ငွေအင်အား၊ အလုံးအရင်း အပြိုင်အဆိုင်များစွာဖြင့် လုပ်ကိုင်နေရမည်။ မြတ်သမျှငွေ အလုပ်ထဲ ပြန်လည်ရင်းနှီးရမည်။

ရလည်းရ၊ ကုန်လည်းကုန်သော အချိန်။ လိမ်ညာလှည့်စား မှုများ ဝိုင်းနေသောကာလဖြစ်သည်။ စာချုပ်နှင့် နှုတ်ကတိများ၊ စာအုပ်ထုတ်ဝေရေးများ စိတ်မလောမိစေရန် သတိပြုရမည်။

ခရီးသွား၊ ဘုရားဖူး၊ ဟိုတယ်၊ ယာဉ်လုပ်ငန်းများ အောင်မြင်မည်။ ရေမသန့်မှုကြောင့် ဝမ်းပျက်မှု ကြုံမည်။ ညအိပ်မပျော် ဖြစ်မည်။

လူငယ်များစိတ်လေပြီးဦးတည်ချက်မရှိ လျှောက်သွားချင်နေတတ်သည်။ အိမ်ထောင်ဖက်ထံမှ လက်ဆောင်များ ရမည်။

စာရင်းဇယားများ အကြိမ်ကြိမ် ထပ်ပြင်နေရမည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးအလုပ်များ အဆင်ပြေမှုတွေ ဆက်တိုက်ဖြစ်မည်။ အချစ်ရေးမှာနုပျိုငယ်ရွယ်သူများ၏ ချစ်မြတ်နိုးမှုကို ရမည်။

ဒါပေမယ့် နှလုံးသားက ချစ်ချင်သော်လည် အလုပ်ကို ပိုမိုဦးစားပေးနေဖြစ်မည်။အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်၏ အနားမကပ်နိုင်အောင် အလုပ်ကိစ္စ၊လူမှုရေး၊ ဘာသာရေးများနှင့်ရှုပ်နေမည်။

‌နေအိမ်ရှိ အတူနေသူများအပေါ် စိတ်တိုင်းမကျဖြစ်မည်။ အိမ်ထောင်ဖက်အတွက် အောင်မြင်မှုတစ်ခု ရယူပေးဖြစ်လိမ့်မည်။ ပညာသင်ယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။

အခွင့်အရေးများ ရရှိမည်။ သို့သော် ကိုယ့်အလုပ်နှင့် ကိုယ်ရှုပ်နေမည်။ အလုပ်နှင့်ဆိုင်သော ပညာရပ်များ လေ့လာဖြစ်မည်။

အကျိုးပေးဂဏန်း ( ၃၊ ၇၊ ၀ )

အထူးဟော ကံအကောင်းအဆိုးမျှနေမည်။

ယတြာ ဘုရားရှင်အား အဖြူရောင်ပန်းများ လှူ၍ ဆုတောင်းပါ။

 

တနင်္လာ

ဒီကာလအတွင်းစွယ်စုံလုပ်ရမည်။ မလိုအပ်တဲ့စာရင်းဇယားများရှင်းရမည်။ အဆက်အသွယ်နှင့် စာချုပ်ဆိုင်ရာ အရောင်းအဝယ်နှင့် ငွေတောင်းခံခြင်းဆိုင်ရာများ ပြုလုပ်ရမည်။

မိသားစုကိုယ်စီတိုင်း အလုပ်ကိုယ်စီရှိသူများ ဝင်ငွေကောင်းပေမယ့် အဖတ်မတင်ဖြစ်တတ်သည်။ မသိနားလည်သူတို့၏ အတွင်းရေး အရှုပ်ထုပ်များ ဖြေရှင်းပေးနေရမည်။

လုပ်ငန်းသစ်စခြင်း၊ ပြောင်းရွှေ့ရခြင်းများ မပြုလုပ်သင့်ပါ။ သတိနှင့် အေးဆေး သီးသန့်နေသင့်သော အချိန်ဖြစ်သည်။ မိတ်ဆွေတို့၏ အားပေးမှုကို ရမည်။

ကျန်းမာရေးကတော့အအေးပတ်၊ နှာစေးပြီး အအေးဒဏ်ကြောင့် ကိုက်ခဲ နာကျင်မည်။ ရေနစ်လွယ်သည်။ ရေတွင်ဆော့ကစားခြင်းဒီအပတ်ထဲအထူးရှောင်ပါ။

အချစ်ရေးတွင် ရုတ်တရက်ပေါ်လာပြီး ပျောက်သွား မည်။ အိပ်မက်ပမာအချစ်တွေသာရမည်။ လက်တွေ့ဆန်သော အချစ်ဘက် အားနည်းနေမည်။

ချစ်သူရှိပြီးသူများအပြော မတတ်မှုကြောင့် စိတ်ကောက်သွားတတ်သည်။ အိမ်ထောင်ရေးကတော့အိမ်ထောင်ဖက်၏ အလုပ်အောင်မြင်မှု ဂုဏ်သတင်း ရရှိမည်။

မိမိထက် အစစသာနေမည်။ အိမ်ထောင်ဖက်ကြောင့် ဂုဏ်တတ်မည်။ စားကောင်းသောက်ဖွယ်များကို လက်ဆုံ စားဖြစ်မည်။ သာယာသော အိမ်ထောင်ရေးကောင်း ဖြစ်သည်။

ပညာရေးမှာတော့ သင်ယူလိုစိတ် အားနည်းနေမည်။ ပညာရေး အထောက်အကူပစ္စည်းများ ပျောက်ဆုံးမည်။ ပညာရေးအတွက် အချိန်များ ရပေမယ့်မိမိကလိုက်မလုပ်ချင်ဖြစ်မည်။

အကျိုးပေးဂဏန်း (၅၊ ဝ၊ ၇ )

အထူးဟော ငွေကိုအသုံးနဲ့ အဖြုန်းနားလည်ပါ။

ယတြာ အမဲသား စားသုံးမှုရှောင်ကြဉ်ခြင်းက ဒီအပတ်အတွက်ယတြာပါ။

 

အင်္ဂါ

ဒီကာလအတွင်း ဖောက်သည်ဟောင်း၊ဖောက်သည်အသစ်များ စုပြုံရောက်လာမည်။ မိသားစုလုပ်ငန်းများ ငွေဝင်မည်။ မြေယာ၊အဆောက်အအုံ၊ယာဉ်များကောင်းကျိုးပေးမည်။

စာရင်းမှား၍ ငွေစိုက်ရမည်။မရှန်းပါနဲ့။အလုပ်အပေါ်စိတ်နှစ်ထားပါ။ အကျိုးဆောင်နှင့် စပ်တူလုပ်ငန်းများ အကျိုးမပေး ပြဿနာပေါ်မည်။ ဆက်သွယ်ရေးဆိုင်ရာ ခက်ခဲမှုများ ကြုံမည်။

အတူနေသူများ ကောင်းကျိုးပေးမည်။ မိဘနှစ်ပါးလုံး၏ ကျန်းမာရေး ပူပန်ရမည်။ မိမိကိုယ်တိုင်လဲခေါင်းမူး၊ ခေါင်းဝေဖြစ်မည်။အိပ်ရေး၀၀အိပ်ပါ။ ဗိုက်နာ၊ဗိုက်အောက်မည်။

ပတ်ဝန်းကျင်ဆူညံသံများကြောင့် စိတ်ညစ်ရမည်။ အချစ်ရေးတွင် သူလိမ်ကိုယ်လိမ် နှစ်ပင်လိမ်ရှုပ်ထွေးနေရာမှ ပြတ်သွားလိမ့်မည်။ စကားနည်း၊ ရန်စဲကာလ ဖြစ်မည်။

ချစ်သူနှင့် ခဏတာ ခွဲနေရမည်။ လက်ထပ်ရန်ဝေးနေမည်။ လက်ထပ်ဖို့စီစဉ်ပြီးသူများ အခက်အခဲအနည်းငယ်ကြုံုမည်။ အိမ်ထောင်ရေးမှာတော့သာယာသော အိမ်ထောင်ရေးဖြစ်မည်။

ဒါပေမယ့် အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည် သို့မဟုတ် ခရီးဝေး ထွက်ခွာရလိမ့် မည်။ အိမ်တွင်းရေး သာယာမည်။ သင်တန်းတွေစုံအောင် လိုက်တတ် နေသော်လည်း လိုက်မမီနိုင်၊ သိလွယ်၊ မေ့လွယ်ဖြစ်မည်။

လက်တွေ့ပိုင်းဆိုင်ရာ ပညာရပ်များ အလုပ်အတွက် အကျိုးပေးမည်။ အလုပ်တာဝန်နှင့်ဆိုင်သော ပညာများ သင်ကြားရမည်။ ပညာတော်သင်ခရီး ထွက်ဖြစ်မည်။

အကျိုးပေးဂဏန်း (၃၊ ၅၊ ဝ)

အထူးဟော အလုပ်များ၊ကိစ္စများနေတတ်သည်။

ယတြာ ဘုရားဖူးခရီးထွက်သူများအား အလှူငွေပေးပြီး အဆင်ပြေရာလှူခိုင်းလိုက်ပါ။

 

ဗုဒ္ဓဟူး/ရာဟု

ဒီကာလမျာအရှုပ်ထုပ်များ ရှင်းနေရမည်။ ရန်ပြုခံရမည်။ ခရီးဝေးထွက်ဖြစ်မည်။ သူတစ်ပါး၏ သိမ်းသွင်းမှု ခံရမည်။ ဖခင်ရဲ့လုပ်ငန်းတွေကိုကူညီလုပ်ပေးရင်းကနေမိမိလုပ်ငန်းများလဲ ငွေဝင်မည်။

ခရီသွားနှင့် ရေလုပ်ငန်းများ လုပ်ရမည်။ စိုက်ပျိုး မွေးမြူရေး အတွက် ကူညီဆောင်ရွက်ပေးဖြစ်မည်။ သတိထားလုပ်သင့်သော အချိန်ဖြစ်သည်။

လက်ဝတ်ရတနာများ ပျောက် ကွယ်၊ ပျက်စီးလွယ်မည်။ သားသမီးတို့၏ အကျိုးကျေးဇူး ခံစားရမည်။ ကျန်းမာရေးကတော့အစာမကြေ၊ ဗိုက်နာ၊ လေပွမည်။ မျက်စိနာမည်။

ဝမ်းချုပ်မည်။ ရေသောက် နည်းမှုကြောင့် ဆိုင်ရာ ရောဂါရလွယ်မည်။ အိမ်ထောင်ရေးတွင် တိတ်ဆိတ် ငြိမ်သက်နေမည်။

အိမ်ထောင်ရေးအညံ့အဆိုး မရှိပါ။အရင်ကခြေရှုပ်တတ်သူဆိုရင်တော့ အိမ်ထောင်ဖက်၏ မယုံသင်္ကာ စောင့်ကြည့်မှုကို ခံရတတ်သည်။ အိမ်ထောင်ဖက်၏ ကျန်းမာရေးညံ့တတ်သည်။

အချစ်ရေးတွင် လိုက်တမ်းပြေးတမ်း ကစားနေရသလို ဉာဏ်ကို လွှာသုံးနေရမည်။ မိမိဖြစ်ချင်တာတွေပဲဇွတ်ပြောနေလို့မရပါ။ ဆွေမျိုးများ ကြောင့် ကွဲတတ်သည်။

စာရင်းကိုင်နှင့် ဆက်သွယ်ရေး ပညာများ သင်ကြားဖြစ်မည်။ ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေးရမည်။ ပညာသင်ဆု လျှောက် ထားလျင် ရလွယ်သည်။ လေ့လာရေး ခရီးများ ထွက်ဖြစ်မည်။ အားကစားများသင်ရန် အခွင့်အရေးပေါ်မည်။

အကျိုးပေးဂဏန်း ( ၂၊ ၅၊ ၆)

အထူးဟော ကျန်းမာရေးဂရုစိုက်သင့်တဲ့နေ့ရက်တွေပါ။

ယတြာ သက်ကြီးရွယ်အိုများအား ဆေးဝါးလှူ၍ ဆုတောင်းပါ။

 

ကြာသပတေး

ဒီကာလအတွင်းကိုယ်ပိုင်အတက်ပညာနှင့် ဆိုင်သောလုပ်ငန်းများ လုပ်ဆောင်ဖြစ်မည်။ ဘာသာရေး၊ကုသိုလ်ရေး အလုပ်များအချိန်ပေးလုပ်ဖြစ်နေမည်။ရောင်းအား၊ ဝယ်အား ကောင်းနေချိန်ဖြစ်သည်။

မြေယာ၊ ဆောက်လုပ်ရေး၊ စက်မှုဆိုင်ရာများ အကျိုးပေးမည်။ အလုပ်သမား အခက်အခဲဖြစ်မည်။အထက်လူကြီး၊ဆရာသမားတွေဆီကအကူအညီရ လွယ်နေမည်။

အခွန်နှင့် ကြော်ငြာများကြောင့် ငွေကုန်များမည်။ ခရီးသွားနှင့် ဟိုတယ်လုပ်ငန်း အောင်မြင်မည်။ ပန်းချီ၊ အနုပညာ၊ တန်ဖိုးမြင့်တက်မည်။ ဈေးကောင်းရမည်။

အလုပ်တွဲလုပ်သူတွေရဲ့ပျင်းရိမှုကြောင့် စိတ်ရှုပ်နေရမည်။ ကျန်းမာရေးကတော့ဆေးစားမှားမည်။ ကျောဖက်အခြမ်း နာကျင်ကိုက်ခဲမည်။ အိပ်မပျော်ဖြစ်မည်။

အိမ်ထောင်ရေးတွင် ရန်ဖြစ်သော်လည်း မယ်နှင့်မောင် တူညီလိုက်ဖက်စွာ အလုပ်လုပ်ဖြစ်မည်။ နှစ်ယောက်လုံးမှ ဝင်ငွေရနေမည်။

မာနချင်းပြိုင်၊ စကားနိုင်လု၊ ငြင်းခုန်ရသော်လည်း အတွဲညီသော အိမ်ထောင်ရေးကာလဖြစ်မည်။ အလုပ်နှင့်ဆိုင် သောပညာရပ်များ သင်ယူရမည်။

ကျက်စာထက် နားထောင်စွမ်းအား ပိုကောင်းမည်။ ဆရာများနှင့် အဆင်မပြေ ဖြစ်မည်။ ပညာရေးကြိုးစားချင်စိတ်ရှိနေမည်။ အလုပ်လုပ်ရင်း အွန်လိုင်းကနေပညာသင်ဖြစ်မည်။

အချစ်ရေးမှာတော့စိတ်လေရသော အချစ်ဖြစ်မည်။ အချစ်နှင့်ပတ်သက်၍ သိက္ခာကျခံရမည်။ ကိုယ်ကစချစ်သော်လည်း သူကကိုယ့်ကိုဥပေက္ခာ ပြုထားတတ်ပါတယ်။

အကျိုးပေးဂဏန်း ( ၁၊ ၂၊ ၄ )

အထူးဟော ကံမြင့်မားနေမည်။

ယတြာ ပရိတ်ပဋ္ဌာန်းတွေမပြတ်ရွတ်ခြင်းဖြင့် ပိုမိုကံကောင်းစေပါလိမ့်မယ်။

 

သောကြာ

ဒီကာလအတွင်းခရီးတွေဆက်နေမည်။ ခရီးမများပါကရပ်ဝေးကဧည့်သည်များ ရောက်လာမည်။ စပ်တူအကျိုးဆောင် လုပ်ငန်းများ လုပ်ဖြစ်မည်။

ခရီးသွား၊ ဟိုတယ်၊ အနုပညာလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမည်။ သီးနှံများအောင်မြင်မည်။ ဈေးကောင်းမည်။ လမ်းနှင့်နီးသော သီးနှံစိုက်ခင်းများ ပိုး၊ ကြွက် ဖျက်ဆီးတတ်သည်။

သားသမီးရဲ့ အသိပညာရှိမှု၊မိဘအပေါ် သိတတ်မှုများကြောင့် စိတ်ချမ်းသာရတတ်ပါသည်။လူချစ်လူခင်များတဲ့ကာလဖြစ်တာကြောင့် ကူညီမယ့်သူပေါများနေတတ် သည်။

အနုပညာနယ်ပယ်ကသူ ဖြစ်တယ်ဆိုရင် လူသိများလာမယ့်ကာလလည်းဖြစ်ပါတယ်။ ကျန်းမာရေးကတော့နုပျိုလန်းဆန်း သော အချိန်ဖြစ်သည်။ အိပ်ပျော် အစားအသောက်ကောင်း နေမည်။ များသောအားဖြင့် ကျန်းမာရေးကောင်းနေမည်။

အမျိုး သမီးများ မျက်နှာပြင်လွန်း၍ အကွက်ပေါ်မည်။ အိမ်ထောင်ရေးတွင် မျက်နှာချင်းဆိုင်တိုင်း စကားများ ရန်ဖြစ်ရမည်။ နှစ်ယောက်စလုံး မာနချင်းပြိုင် ငြင်းဖြစ်မည်။

အချစ်ရေးတွင် ငယ်ရွယ်နုပျိုသူကိုမှ ချစ်နေမိမည်။ ပြန်ချစ်ခံရမည်။ မိမိ တပည့်လက်သားကိုပညာသင်ပေးရာမှ ချစ်စိတ်ဝင်လာလိမ့်မည်။

ပညာရေးမှာတော့ပညာသင်ကြားရန် အကောင်းဆုံး အခွင့်အရေး ရလာမည်။ ပန်းချီအနုပညာလုပ်ငန်းများ ပိုမိုတတ်လွယ်သည်။ သင်္ချာအားနည်းမည်။ နှုတ်အပြောညံ့မည်။ လက်တွေ့ဆိုင်ရာ ဘာသာရပ်များ ထူးချွန်မည်။

အကျိုးပေးဂဏန်း ( ၃၊ ၆၊ ဝ)

အထူးဟော စိတ်ချမ်းသာပျော်ရွှင်ရတတ်သည်။

ယတြာ မွေးနံထောင့်မှ ဘုရားအား ရေသပ္ပာယ်၍ ဆုတောင်းပါ။

 

စနေ

ဒီကာလအတွင်းစိတ်လှုပ်ရှားရသောအချိန်ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေမည်။ လုပ်သမျှ အလုပ်လူသိများသော် လည်း ရလဒ်ကောင်းထွက်မလာသေးပေ။

လူအင်အား၊ ငွေအင်အား စိုက်ထုတ်လုပ်ဖြစ်မည်။ ဝန်ထမ်း များ အခွင့်ထူး ခံစားခွင့်ရမည်။ အလုပ်လျှောက်လျှင် ရလွယ်သည်။ လက်ကားစီးပွားများငွေရသော်လည်း အရင်းထဲပြန်ပါသွား မည်။

အိမ်ထောင်ရေးတွင် မပေါက်ကွဲအောင် သတိဖြင့်နေ နေရမည်။ ကိုယ့်ဘက်က အမှားတွေရှိခဲ့၍ ဆင်ခြင်နေရမည်။ ဒီနေ့မှာစိတ်နဲ့လူနဲ့မကပ်ဘဲ ပြောတခြား၊ နားကြားတခြား အလွဲလွဲအချော်ချော်ဖြစ်မည်။

အရေးကြီးတဲ့ စာချုပ်စာတမ်း တွေအသိမ်းလွန်ပြီး ပျောက်ရှမည်။ ဆရာ၊ မိဘများနှင့် အဆင်မပြေဖြစ်မည်။ ငယ်ရွယ်သူများ အမှတ်နည်း၍ အရိုက်ခံရမည်။

ကြီးသူများ ကျောင်းပြေးချင်စိတ်ဖြစ်ပေါ် မည်။ လက်ရှိချစ်သူထက် ပိုမိုချစ်ရမည့်သူ အားကိုးရမည့်သူတွေ့ဖြစ်မည်။ ဒါကြောင့်ပဲလက်ရှိချစ်သူအပေါ်စိတ်မပါသလိုဖြစ်နေမည်။

စကားများ ရန်ဖြစ်ရင်း ကွဲရတတ်သည်။ ကျန်းမာရေးတွင် စိတ်မငြိမ်၊ အစားအသောက်မမှန်ဖြစ်မည်။ သူခိုးခိုးခံရလွယ်တဲ့ နေ့ရက်တြွေဖစ်တာကြောင့် သတိထားပါ။ မီးနှင့်ပတ်သက်၍ အနာတရဖြစ်မည်။ ဓါတ်လိုက်ခံရမည်။

အကျိုးပေးဂဏန်း ( ၁၊ ၃၊ ၀ )

အထူးဟော ကံအင်အားနည်းနေမည်။

ယတြာ တရားဟောဓမ္မကထိကဆရာတော်များအား ဆေးဝါးလှူ၍ ဆုတောင်းပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတြွေပည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Phone: 09 775 555 695 /09 445 555 695

 

 

Zawgyi ျဖင့္ဖတ္ရန္...

တနဂၤေနြ

ဒီကာလအတြင္းေန႔ညမပ်က္ အလုပ္လုပ္ရခ်ိန္ပါပဲ။ လူအင္အား၊ ေငြအင္အား၊ အလံုးအရင္း အၿပိဳင္အဆိုင္မ်ားစြာျဖင့္ လုပ္ကိုင္ေနရမည္။ ျမတ္သမ်ွေငြ အလုပ္ထဲ ျပန္လည္ရင္းႏွီးရမည္။

ရလည္းရ၊ ကုန္လည္းကုန္ေသာ အခ်ိန္။ လိမ္ညာလွၫ့္စား မႈမ်ား ဝိုင္းေနေသာကာလျဖစ္သည္။ စာခ်ဳပ္ႏွင့္ ႏႈတ္ကတိမ်ား၊ စာအုပ္ထုတ္ေဝေရးမ်ား စိတ္မေလာမိေစရန္ သတိျပဳရမည္။

ခရီးသြား၊ ဘုရားဖူး၊ ဟိုတယ္၊ ယာဉ္လုပ္ငန္းမ်ား ေအာင္ျမင္မည္။ ေရမသန႔္မႈေၾကာင့္ ဝမ္းပ်က္မႈ ႄကံုမည္။ ညအိပ္မေပ်ာ္ ျဖစ္မည္။

လူငယ္မ်ားစိတ္ေလၿပီးဦးတည္ခ်က္မရိွ ေလ်ွာက္သြားခ်င္ေနတတ္သည္။ အိမ္ေထာင္ဖက္ထံမွ လက္ေဆာင္မ်ား ရမည္။

စာရင္းဇယားမ်ား အႀကိမ္ႀကိမ္ ထပ္ျပင္ေနရမည္။ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးအလုပ္မ်ား အဆင္ေျပမႈေတြ ဆက္တိုက္ျဖစ္မည္။ အခ်စ္ေရးမွာႏုပ်ိဳငယ္ရြယ္သူမ်ား၏ ခ်စ္ျမတ္ႏိုးမႈကို ရမည္။

ဒါေပမယ့္ ႏွလံုးသားက ခ်စ္ခ်င္ေသာ္လည္ အလုပ္ကို ပိုမိုဦးစားေပးေနျဖစ္မည္။အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဖက္၏ အနားမကပ္ႏိုင္ေအာင္ အလုပ္ကိစၥ၊လူမႈေရး၊ ဘာသာေရးမ်ားႏွင့္ရႈပ္ေနမည္။

‌ေနအိမ္ရိွ အတူေနသူမ်ားအေပၚ စိတ္တိုင္းမက်ျဖစ္မည္။ အိမ္ေထာင္ဖက္အတြက္ ေအာင္ျမင္မႈတစ္ခု ရယူေပးျဖစ္လိမ့္မည္။ ပညာသင္ယူရန္ အေကာင္းဆံုးအခ်ိန္ျဖစ္သည္။

အခြင့္အေရးမ်ား ရရိွမည္။ သို႔ေသာ္ ကိုယ့္အလုပ္ႏွင့္ ကိုယ္ရႈပ္ေနမည္။ အလုပ္ႏွင့္ဆိုင္ေသာ ပညာရပ္မ်ား ေလ့လာျဖစ္မည္။

အက်ိဳးေပးဂဏန္း ( ၃၊ ၇၊ ၀ )

အထူးေဟာ ကံအေကာင္းအဆိုးမ်ွေနမည္။

ယၾတာ ဘုရားရွင္အား အျဖဴေရာင္ပန္းမ်ား လႉ၍ ဆုေတာင္းပါ။

 

တနလၤာ

ဒီကာလအတြင္းစြယ္စံုလုပ္ရမည္။ မလိုအပ္တဲ့စာရင္းဇယားမ်ားရွင္းရမည္။ အဆက္အသြယ္ႏွင့္ စာခ်ဳပ္ဆိုင္ရာ အေရာင္းအဝယ္ႏွင့္ ေငြေတာင္းခံျခင္းဆိုင္ရာမ်ား ျပဳလုပ္ရမည္။

မိသားစုကိုယ္စီတိုင္း အလုပ္ကိုယ္စီရိွသူမ်ား ဝင္ေငြေကာင္းေပမယ့္ အဖတ္မတင္ျဖစ္တတ္သည္။ မသိနားလည္သူတို႔၏ အတြင္းေရး အရႈပ္ထုပ္မ်ား ေျဖရွင္းေပးေနရမည္။

လုပ္ငန္းသစ္စျခင္း၊ ေျပာင္းေရႊ့ရျခင္းမ်ား မျပဳလုပ္သင့္ပါ။ သတိႏွင့္ ေအးေဆး သီးသန႔္ေနသင့္ေသာ အခ်ိန္ျဖစ္သည္။ မိတ္ေဆြတို႔၏ အားေပးမႈကို ရမည္။

က်န္းမာေရးကေတာ့အေအးပတ္၊ ႏွာေစးၿပီး အေအးဒဏ္ေၾကာင့္ ကိုက္ခဲ နာက်င္မည္။ ေရနစ္လြယ္သည္။ ေရတြင္ေဆာ့ကစားျခင္းဒီအပတ္ထဲအထူးေရွာင္ပါ။

အခ်စ္ေရးတြင္ ရုတ္တရက္ေပၚလာၿပီး ေပ်ာက္သြား မည္။ အိပ္မက္ပမာအခ်စ္ေတြသာရမည္။ လက္ေတြ႕ဆန္ေသာ အခ်စ္ဘက္ အားနည္းေနမည္။

ခ်စ္သူရိွၿပီးသူမ်ားအေျပာ မတတ္မႈေၾကာင့္ စိတ္ေကာက္သြားတတ္သည္။ အိမ္ေထာင္ေရးကေတာ့အိမ္ေထာင္ဖက္၏ အလုပ္ေအာင္ျမင္မႈ ဂုဏ္သတင္း ရရိွမည္။

မိမိထက္ အစစသာေနမည္။ အိမ္ေထာင္ဖက္ေၾကာင့္ ဂုဏ္တတ္မည္။ စားေကာင္းေသာက္ဖြယ္မ်ားကို လက္ဆံု စားျဖစ္မည္။ သာယာေသာ အိမ္ေထာင္ေရးေကာင္း ျဖစ္သည္။

ပညာေရးမွာေတာ့ သင္ယူလိုစိတ္ အားနည္းေနမည္။ ပညာေရး အေထာက္အကူပစၥည္းမ်ား ေပ်ာက္ဆံုးမည္။ ပညာေရးအတြက္ အခ်ိန္မ်ား ရေပမယ့္မိမိကလိုက္မလုပ္ခ်င္ျဖစ္မည္။

အက်ိဳးေပးဂဏန္း (၅၊ ဝ၊ ၇ )

အထူးေဟာ ေငြကိုအသံုးနဲ႔ အျဖဳန္းနားလည္ပါ။

ယၾတာ အမဲသား စားသံုးမႈေရွာင္ၾကဉ္ျခင္းက ဒီအပတ္အတြက္ယၾတာပါ။

 

အဂၤါ

ဒီကာလအတြင္း ေဖာက္သည္ေဟာင္း၊ေဖာက္သည္အသစ္မ်ား စုၿပံဳေရာက္လာမည္။ မိသားစုလုပ္ငန္းမ်ား ေငြဝင္မည္။ ေျမယာ၊အေဆာက္အအံု၊ယာဉ္မ်ားေကာင္းက်ိဳးေပးမည္။

စာရင္းမွား၍ ေငြစိုက္ရမည္။မရွန္းပါနဲ႔။အလုပ္အေပၚစိတ္ႏွစ္ထားပါ။ အက်ိဳးေဆာင္ႏွင့္ စပ္တူလုပ္ငန္းမ်ား အက်ိဳးမေပး ျပႆနာေပၚမည္။ ဆက္သြယ္ေရးဆိုင္ရာ ခက္ခဲမႈမ်ား ႄကံုမည္။

အတူေနသူမ်ား ေကာင္းက်ိဳးေပးမည္။ မိဘႏွစ္ပါးလံုး၏ က်န္းမာေရး ပူပန္ရမည္။ မိမိကိုယ္တိုင္လဲေခါင္းမူး၊ ေခါင္းေဝျဖစ္မည္။အိပ္ေရး၀၀အိပ္ပါ။ ဗိုက္နာ၊ဗိုက္ေအာက္မည္။

ပတ္ဝန္းက်င္ဆူညံသံမ်ားေၾကာင့္ စိတ္ညစ္ရမည္။ အခ်စ္ေရးတြင္ သူလိမ္ကိုယ္လိမ္ ႏွစ္ပင္လိမ္ရႈပ္ေထြးေနရာမွ ျပတ္သြားလိမ့္မည္။ စကားနည္း၊ ရန္စဲကာလ ျဖစ္မည္။

ခ်စ္သူႏွင့္ ခဏတာ ခဲြေနရမည္။ လက္ထပ္ရန္ေဝးေနမည္။ လက္ထပ္ဖို႔စီစဉ္ၿပီးသူမ်ား အခက္အခဲအနည္းငယ္ၾကံုဳမည္။ အိမ္ေထာင္ေရးမွာေတာ့သာယာေသာ အိမ္ေထာင္ေရးျဖစ္မည္။

ဒါေပမယ့္ အိမ္ေထာင္ဖက္ က်န္းမာေရးညံ့မည္ သို႔မဟုတ္ ခရီးေဝး ထြက္ခြာရလိမ့္ မည္။ အိမ္တြင္းေရး သာယာမည္။ သင္တန္းေတြစံုေအာင္ လိုက္တတ္ ေနေသာ္လည္း လိုက္မမီႏိုင္၊ သိလြယ္၊ ေမ့လြယ္ျဖစ္မည္။

လက္ေတြ့ပိုင္းဆိုင္ရာ ပညာရပ္မ်ား အလုပ္အတြက္ အက်ိဳးေပးမည္။ အလုပ္တာဝန္ႏွင့္ဆိုင္ေသာ ပညာမ်ား သင္ၾကားရမည္။ ပညာေတာ္သင္ခရီး ထြက္ျဖစ္မည္။

အက်ိဳးေပးဂဏန္း (၃၊ ၅၊ ဝ)

အထူးေဟာ အလုပ္မ်ား၊ကိစၥမ်ားေနတတ္သည္။

ယၾတာ ဘုရားဖူးခရီးထြက္သူမ်ားအား အလႉေငြေပးၿပီး အဆင္ေျပရာလႉခိုင္းလိုက္ပါ။

 

ဗုဒၶဟူး/ရာဟု

ဒီကာလမ်ာအရႈပ္ထုပ္မ်ား ရွင္းေနရမည္။ ရန္ျပဳခံရမည္။ ခရီးေဝးထြက္ျဖစ္မည္။ သူတစ္ပါး၏ သိမ္းသြင္းမႈ ခံရမည္။ ဖခင္ရဲ့လုပ္ငန္းေတြကိုကူညီလုပ္ေပးရင္းကေနမိမိလုပ္ငန္းမ်ားလဲ ေငြဝင္မည္။

ခရီသြားႏွင့္ ေရလုပ္ငန္းမ်ား လုပ္ရမည္။ စိုက္ပ်ိဳး ေမြးျမဴေရး အတြက္ ကူညီေဆာင္ရြက္ေပးျဖစ္မည္။ သတိထားလုပ္သင့္ေသာ အခ်ိန္ျဖစ္သည္။

လက္ဝတ္ရတနာမ်ား ေပ်ာက္ ကြယ္၊ ပ်က္စီးလြယ္မည္။ သားသမီးတို႔၏ အက်ိဳးေက်းဇူး ခံစားရမည္။ က်န္းမာေရးကေတာ့အစာမေၾက၊ ဗိုက္နာ၊ ေလပြမည္။ မ်က္စိနာမည္။

ဝမ္းခ်ဳပ္မည္။ ေရေသာက္ နည္းမႈေၾကာင့္ ဆိုင္ရာ ေရာဂါရလြယ္မည္။ အိမ္ေထာင္ေရးတြင္ တိတ္ဆိတ္ ၿငိမ္သက္ေနမည္။

အိမ္ေထာင္ေရးအညံ့အဆိုး မရိွပါ။အရင္ကေျခရႈပ္တတ္သူဆိုရင္ေတာ့ အိမ္ေထာင္ဖက္၏ မယံုသကၤာ ေစာင့္ၾကၫ့္မႈကို ခံရတတ္သည္။ အိမ္ေထာင္ဖက္၏ က်န္းမာေရးညံ့တတ္သည္။

အခ်စ္ေရးတြင္ လိုက္တမ္းေျပးတမ္း ကစားေနရသလို ဉာဏ္ကို လႊာသံုးေနရမည္။ မိမိျဖစ္ခ်င္တာေတြပဲဇြတ္ေျပာေနလို႔မရပါ။ ေဆြမ်ိဳးမ်ား ေၾကာင့္ ကဲြတတ္သည္။

စာရင္းကိုင္ႏွင့္ ဆက္သြယ္ေရး ပညာမ်ား သင္ၾကားျဖစ္မည္။ ေက်ာင္းသားမ်ား ပညာသင္ေထာက္ပံ့ေၾကးရမည္။ ပညာသင္ဆု ေလ်ွာက္ ထားလ်င္ ရလြယ္သည္။ ေလ့လာေရး ခရီးမ်ား ထြက္ျဖစ္မည္။ အားကစားမ်ားသင္ရန္ အခြင့္အေရးေပၚမည္။

အက်ိဳးေပးဂဏန္း ( ၂၊ ၅၊ ၆)

အထူးေဟာ က်န္းမာေရးဂရုစိုက္သင့္တဲ့ေန့ရက္ေတြပါ။

ယၾတာ သက္ႀကီးရြယ္အိုမ်ားအား ေဆးဝါးလႉ၍ ဆုေတာင္းပါ။

 

ၾကာသပေတး

ဒီကာလအတြင္းကိုယ္ပိုင္အတက္ပညာႏွင့္ ဆိုင္ေသာလုပ္ငန္းမ်ား လုပ္ေဆာင္ျဖစ္မည္။ ဘာသာေရး၊ကုသိုလ္ေရး အလုပ္မ်ားအခ်ိန္ေပးလုပ္ျဖစ္ေနမည္။ေရာင္းအား၊ ဝယ္အား ေကာင္းေနခ်ိန္ျဖစ္သည္။

ေျမယာ၊ ေဆာက္လုပ္ေရး၊ စက္မႈဆိုင္ရာမ်ား အက်ိဳးေပးမည္။ အလုပ္သမား အခက္အခဲျဖစ္မည္။အထက္လူႀကီး၊ဆရာသမားေတြဆီကအကူအညီရ လြယ္ေနမည္။

အခြန္ႏွင့္ ေၾကာ္ျငာမ်ားေၾကာင့္ ေငြကုန္မ်ားမည္။ ခရီးသြားႏွင့္ ဟိုတယ္လုပ္ငန္း ေအာင္ျမင္မည္။ ပန္းခ်ီ၊ အႏုပညာ၊ တန္ဖိုးျမင့္တက္မည္။ ေဈးေကာင္းရမည္။

အလုပ္တဲြလုပ္သူေတြရဲ႕ပ်င္းရိမႈေၾကာင့္ စိတ္ရႈပ္ေနရမည္။ က်န္းမာေရးကေတာ့ေဆးစားမွားမည္။ ေက်ာဖက္အျခမ္း နာက်င္ကိုက္ခဲမည္။ အိပ္မေပ်ာ္ျဖစ္မည္။

အိမ္ေထာင္ေရးတြင္ ရန္ျဖစ္ေသာ္လည္း မယ္ႏွင့္ေမာင္ တူညီလိုက္ဖက္စြာ အလုပ္လုပ္ျဖစ္မည္။ ႏွစ္ေယာက္လံုးမွ ဝင္ေငြရေနမည္။

မာနခ်င္းၿပိဳင္၊ စကားႏိုင္လု၊ ျငင္းခုန္ရေသာ္လည္း အတဲြညီေသာ အိမ္ေထာင္ေရးကာလျဖစ္မည္။ အလုပ္ႏွင့္ဆိုင္ ေသာပညာရပ္မ်ား သင္ယူရမည္။

က်က္စာထက္ နားေထာင္စြမ္းအား ပိုေကာင္းမည္။ ဆရာမ်ားႏွင့္ အဆင္မေျပ ျဖစ္မည္။ ပညာေရးႀကိဳးစားခ်င္စိတ္ရိွေနမည္။ အလုပ္လုပ္ရင္း အြန္လိုင္းကေနပညာသင္ျဖစ္မည္။

အခ်စ္ေရးမွာေတာ့စိတ္ေလရေသာ အခ်စ္ျဖစ္မည္။ အခ်စ္ႏွင့္ပတ္သက္၍ သိကၡာက်ခံရမည္။ ကိုယ္ကစခ်စ္ေသာ္လည္း သူကကိုယ့္ကိုဥေပကၡာ ျပဳထားတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ( ၁၊ ၂၊ ၄ )

အထူးေဟာ ကံျမင့္မားေနမည္။

ယၾတာ ပရိတ္ပ႒ာန္းေတြမျပတ္ရြတ္ျခင္းျဖင့္ ပိုမိုကံေကာင္းေစပါလိမ့္မယ္။

 

ေသာၾကာ

ဒီကာလအတြင္းခရီးေတြဆက္ေနမည္။ ခရီးမမ်ားပါကရပ္ေဝးကဧၫ့္သည္မ်ား ေရာက္လာမည္။ စပ္တူအက်ိဳးေဆာင္ လုပ္ငန္းမ်ား လုပ္ျဖစ္မည္။

ခရီးသြား၊ ဟိုတယ္၊ အႏုပညာလုပ္ငန္းမ်ား ေအာင္ျမင္ျဖစ္ထြန္းမည္။ သီးႏွံမ်ားေအာင္ျမင္မည္။ ေဈးေကာင္းမည္။ လမ္းႏွင့္နီးေသာ သီးႏွံစိုက္ခင္းမ်ား ပိုး၊ ႂကြက္ ဖ်က္ဆီးတတ္သည္။

သားသမီးရဲ႕ အသိပညာရိွမႈ၊မိဘအေပၚ သိတတ္မႈမ်ားေၾကာင့္ စိတ္ခ်မ္းသာရတတ္ပါသည္။လူခ်စ္လူခင္မ်ားတဲ့ကာလျဖစ္တာေၾကာင့္ ကူညီမယ့္သူေပါမ်ားေနတတ္ သည္။

အႏုပညာနယ္ပယ္ကသူ ျဖစ္တယ္ဆိုရင္ လူသိမ်ားလာမယ့္ကာလလည္းျဖစ္ပါတယ္။ က်န္းမာေရးကေတာ့ႏုပ်ိဳလန္းဆန္း ေသာ အခ်ိန္ျဖစ္သည္။ အိပ္ေပ်ာ္ အစားအေသာက္ေကာင္း ေနမည္။ မ်ားေသာအားျဖင့္ က်န္းမာေရးေကာင္းေနမည္။

အမ်ိဳး သမီးမ်ား မ်က္ႏွာျပင္လြန္း၍ အကြက္ေပၚမည္။ အိမ္ေထာင္ေရးတြင္ မ်က္ႏွာခ်င္းဆိုင္တိုင္း စကားမ်ား ရန္ျဖစ္ရမည္။ ႏွစ္ေယာက္စလံုး မာနခ်င္းၿပိဳင္ ျငင္းျဖစ္မည္။

အခ်စ္ေရးတြင္ ငယ္ရြယ္ႏုပ်ိဳသူကိုမွ ခ်စ္ေနမိမည္။ ျပန္ခ်စ္ခံရမည္။ မိမိ တပၫ့္လက္သားကိုပညာသင္ေပးရာမွ ခ်စ္စိတ္ဝင္လာလိမ့္မည္။

ပညာေရးမွာေတာ့ပညာသင္ၾကားရန္ အေကာင္းဆံုး အခြင့္အေရး ရလာမည္။ ပန္းခ်ီအႏုပညာလုပ္ငန္းမ်ား ပိုမိုတတ္လြယ္သည္။ သခ်ၤာအားနည္းမည္။ ႏႈတ္အေျပာညံ့မည္။ လက္ေတြ႔ဆိုင္ရာ ဘာသာရပ္မ်ား ထူးခၽြန္မည္။

အက်ိဳးေပးဂဏန္း ( ၃၊ ၆၊ ဝ)

အထူးေဟာ စိတ္ခ်မ္းသာေပ်ာ္ရႊင္ရတတ္သည္။

ယၾတာ ေမြးနံေထာင့္မွ ဘုရားအား ေရသပၸာယ္၍ ဆုေတာင္းပါ။

 

စေန

ဒီကာလအတြင္းစိတ္လႈပ္ရွားရေသာအခ်ိန္ျဖစ္ေနတတ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးလြန္းေနမည္။ လုပ္သမ်ွ အလုပ္လူသိမ်ားေသာ္ လည္း ရလဒ္ေကာင္းထြက္မလာေသးေပ။

လူအင္အား၊ ေငြအင္အား စိုက္ထုတ္လုပ္ျဖစ္မည္။ ဝန္ထမ္း မ်ား အခြင့္ထူး ခံစားခြင့္ရမည္။ အလုပ္ေလ်ွာက္လ်ွင္ ရလြယ္သည္။ လက္ကားစီးပြားမ်ားေငြရေသာ္လည္း အရင္းထဲျပန္ပါသြား မည္။

အိမ္ေထာင္ေရးတြင္ မေပါက္ကဲြေအာင္ သတိျဖင့္ေန ေနရမည္။ ကိုယ့္ဘက္က အမွားေတြရိွခဲ့၍ ဆင္ျခင္ေနရမည္။ ဒီေန႔မွာစိတ္နဲ႔လူနဲ႔မကပ္ဘဲ ေျပာတျခား၊ နားၾကားတျခား အလဲြလဲြအေခ်ာ္ေခ်ာ္ျဖစ္မည္။

အေရးႀကီးတဲ့ စာခ်ဳပ္စာတမ္း ေတြအသိမ္းလြန္ၿပီး ေပ်ာက္ရွမည္။ ဆရာ၊ မိဘမ်ားႏွင့္ အဆင္မေျပျဖစ္မည္။ ငယ္ရြယ္သူမ်ား အမွတ္နည္း၍ အရိုက္ခံရမည္။

ႀကီးသူမ်ား ေက်ာင္းေျပးခ်င္စိတ္ျဖစ္ေပၚ မည္။ လက္ရိွခ်စ္သူထက္ ပိုမိုခ်စ္ရမၫ့္သူ အားကိုးရမၫ့္သူေတြ႔ျဖစ္မည္။ ဒါေၾကာင့္ပဲလက္ရိွခ်စ္သူအေပၚစိတ္မပါသလိုျဖစ္ေနမည္။

စကားမ်ား ရန္ျဖစ္ရင္း ကဲြရတတ္သည္။ က်န္းမာေရးတြင္ စိတ္မၿငိမ္၊ အစားအေသာက္မမွန္ျဖစ္မည္။ သူခိုးခိုးခံရလြယ္တဲ့ ေန႔ရက္ေတျြဖစ္တာေၾကာင့္ သတိထားပါ။ မီးႏွင့္ပတ္သက္၍ အနာတရျဖစ္မည္။ ဓါတ္လိုက္ခံရမည္။

အက်ိဳးေပးဂဏန္း ( ၁၊ ၃၊ ၀ )

အထူးေဟာ ကံအင္အားနည္းေနမည္။

ယၾတာ တရားေဟာဓမၼကထိကဆရာေတာ္မ်ားအား ေဆးဝါးလႉ၍ ဆုေတာင္းပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတျြပၫ့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Phone: 09 775 555 695 /09 445 555 695

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 04 February 2020 13:41
Rate this item
(1 Vote)
Tagged under