A သွေးနဲ့အလိုက်ဖက်ဆုံးကဘာသွေးအမျိုးအစားဖြစ်မလဲ

A သွေးနဲ့အလိုက်ဖက်ဆုံးကဘာသွေးအမျိုးအစားဖြစ်မလဲ google

A x A သွေး စုံတွဲကတော့ .... တကယ့်ကို ရိုးသားတဲ့ စုံတွဲပါ

 

 

ဘယ်နေရာမှာမဆို အပြောင်းအလဲဆိုရင် စိတ်မဝင်စားတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အေးအေးဆေးဆေးပဲနေတတ်သူတွေပါ။


သူကကိုယ့်ကို ဘယ်လိုထင်သလဲဆိုတာကို အမြဲတမ်းစိတ်ပူနေတတ်ပြီး ပြောသင့်တာတွေကို ထုတ်မပြောနိုင်ပဲ ဖြစ်သင့်တဲ့ကိစ္စတွေလည်း မဖြစ်လာတတ်ပါ။


ဒါကြောင့်လည်း ရည်းစားလား ချစ်သူလား မတင်မကျကိုဖြစ်နေတတ်ပါတယ်။ ပြောသင့်တာကို သေသေချာချာ စိတ်ထဲရှိတာကို ပြောလိုက်ပါ။


တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သည်းခံလွန်းအားကြီးပြီး အကြီးအကျယ် ရန်ဖြစ်တတ်ပါတယ်။ နားလည်ခွင့်လွှတ်တတ်ဖို့ရန် စကားပြောဖို့တော့လိုမယ်နော်။

 

 

 

A x B သွေး စုံတွဲကတော့ .... မတူညီချက်တွေကို အပြန်အလှန် နားလည်ပေးနိုင်သူတွေပါ

 

လုပ်ရမယ့်ကိစ္စကို အသေးစိတ်သိထားချင်တာကတော့ A သွေးအမျိုးအစားပါ။


တဖက်မှာတော့ ကိုယ့်လုပ်ချင်တာတွေကို လွတ်လွတ်လပ်လပ်လုပ်မယ်ဆိုတဲ့ B သွေးအမျိုးအစား။

 

တဖက်စွန်းဆီမှာရှိတဲ့နှစ်ယောက်က တစ်ယောက်ရဲ့အားနည်းချက်၊အားသာချက်ကို နားလည်ပေးတတ်ဖို့လိုအပ်ပါတယ်။


တစ်ယောက်နဲ့တစ်ယောက် ကြိတ်ပြီး သည်းခံပြန်တော့လည်း အဆင်ပြေမှာမဟုတ်ပါ။

 

 

A x O သွေး စုံတွဲကတော့ .... လိုက်ဖက်ညီဆုံးသော စုံတွဲဖြစ်မှာပါ

 

အသေးစိတ်တဲ့ A သွေးအမျိုးအစာ နဲ့ အားအင်အပြည့်ရှိတဲ့ O သွေးအမျိုးအစား ၊ အချစ်ရေးမှာလည်း တစ်ယောက်ဆိုရင် တစ်ယောက်တည်းချစ်တတ်တဲ့ O သွေးကတော့ A သွေးကို ချစ်ပြီးရင်း ချစ်နေမှာပါ။


O သွေးက ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ၊ သူ့အတွက်ဆိုရင် အချိန်ကို မရရအောင် ဖန်တီးပြီး တွေ့နိုင်အောင် ကြိုးစားသူပါ။


အမြဲဆိုသလို စိုးရိမ်စိတ်တွေနဲ့နေတတ်သူ A သွေးအတွက်ကတော့ O သွေး ပိုင်ရှင်က မရှိမဖြစ်လိုအပ်တဲ့သူတစ်ယောက် ဖြစ်လာမယ်ဆိုရင်လည်း မမှားပါ။ ဒါပင်မယ့် လက်ထပ်ပြီးသွားရင်တော့ သွေးအေးသွားပြီး စိတ်တွေ မကစားနဲ့နော်။

 

 

 

A x AB သွေး စုံတွဲကတော့ .... A သွေးအတွက် လိုက်ဖက်ညီတဲ့သူဖြစ်ပင်မယ့်လည်း စိတ်တည်ငြိမ်ဖို့ရန် အရေးကြီးတယ်နော်

 

အလိုက်သိတတ်တဲ့ AB သွေးပိုင်ရှင်ကတော့ A သွေးအတွက်တော့ မရှိမဖြစ်လိုအပ်သူပါ။


ဘာဖြစ်လို့လည်းဆိုတော့ A သွေးအနေနဲ့လည်း အမြဲဆိုသလို ပတ်ဝန်းကျင်ကို ကူညီနေရတတ်တော့ တခါတလေကျတော့ သူကိုယ်တိုင်လည်း ချွဲချင်တာပေါ့။


A သွေးစိတ်ထဲက ခံစားချက်တွေကို အမြဲဆိုသလို နားလည် ခွင့်လွှတ်ပေးတတ်သူဖြစ်တာကြောင့် AB သွေးက အနားမှာရှိနေရင် သူ့အတွက် ရင်ထဲမှာ အေးမြနေမှာပါ။


ဒါပင်မယ့် AB သွေးအနေနဲ့ကျတော့ သူ့အနားကို အရမ်းကိုကပ်ပြီး ချွဲနေတာကို မကြိုက်ကြပါဘူး။


ဒါကြောင့် AB သွေးပိုင်ရှင်နဲ့ လက်ထပ်နိုင်ဖို့ဆိုရင်တော့ အမြဲဆိုသလို ချစ်တယ်ကြိုက်တယ် လို့ပြောနေတာထက် သူနဲ့ကိုယ်နဲ့ နှစ်ယောက်ကြား ဘဝလမ်းအတွက် ဘယ်လိုဆက်လျှောက်မလဲဆိုတာကို တိုင်ပင်ဆုံးဖြတ်နိုင်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။

 

 

Source - Chelmo team 

 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times
Rate this item
(0 votes)
Tagged under