အိမ်ထောင်ပြုဖို့ အချိန်ဆွဲထားလေ မရနိုင်ခြေ ပိုများလေ

အိမ်ထောင်ပြုဖို့ အချိန်ဆွဲထားလေ မရနိုင်ခြေ ပိုများလေ google.com

အိမ်ထောင်ပြုဖို့အချိန်ဆွဲထားလေ မရနိုင်ဖို့ အလားအလာ ပိုများလေလို့ လေ့လာမှု

အသစ်တစ်ရပ်ကို ဖော်ပြထားပါတယ်။ 

 

ပြည်ပတက္ကသိုလ်တစ်ခုမှ လူမှုဗေဒပညာရှင် တစ်ဦးဖြစ်သူက ကွာရှင်းပြတ်စဲခြင်းဖြင့် အဆုံးသတ်နိုင်ခြေ ရှိတဲ့ အိမ်ထောင်သည်များဟာ အသက် သုံးဆယ်ကျော် နောက်ပိုင်း တစ်နှစ်ထက် တစ်နှစ် ကွာရှင်းနိုင်ခြေ ပိုပိုများလာတယ်လို့ ပြောကြားထားပါတယ်။

 

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသူတွေဟာ အသက် နှစ်ဆယ်ကျော်အရွယ်နဲ့ အိမ်ထောင်ပြုသူတွေထက် ကွာရှင်းပြတ်စဲနိုင်ခြေ ငါးဆယ် ရာခိုင်နှုန်းပိုများကြောင်း သိရပါတယ်။

 

အသက် နှစ်ဆယ့်ငါးနှစ်ပြည့်ပြီးနောက်ပိုင်း အိမ်ထောင်ပြုသူတွေကတော့ ကွာရှင်းပြတ်စဲနှုန်း နှစ်စဉ် ဆယ့်တစ်ရာခိုင်နှုန်း လျော့ကျကြောင်း သိရပါတယ်။

 

သို့ပေမယ့် သုံးဆယ်ကျော်နောက်ပိုင်း အိမ်ထောင်ပြုသူတွေကတော့ ကွာရှင်းမှုနှုန်း နှစ်စဉ် ငါးရာခိုင်နှုန်း ပိုတက်လာကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:26
Rate this item
(2 votes)