ယောကျာ်းလေးအများစု သဘောကျတတ်တဲ့ မိန်းကလေးအမျိုးအစား ပုံစံ(၅)မျိုး

ယောကျာ်းလေးအများစု သဘောကျတတ်တဲ့ မိန်းကလေးအမျိုးအစား ပုံစံ(၅)မျိုး Google

ယောကျာ်းလေးတော်တော်များများဟာ ဒီဖက်ခေတ်ကြီးထဲမှာ မိန်းကလေးတစ်ယောက်ကို ရုပ်ချောရုံတစ်ခုတည်းနဲ့ မကြိုက်တတ်ကြတော့ပါဘူး။

 

မိန်းကလေးတစ်ယောက်ကို ချစ်ဖို့ကြိုက်ဖို့ထက် အနာဂတ်မှာ ဒီမိန်းကလေးနဲ့ သူနဲ့ အဆင်ပြေနိုင်ပါ့မလား၊ ကိုယ်မကြိုက်တဲ့ အချက်တွေရှိရင်ကော သူ့ကိုယ်တိုင် ပြုပြင်နိုင်ပါ့မလား၊ ရေရှည်အတွက် လက်တွဲဖို့ ဖြစ်နိုင်ပါ့မလား အစရှိသဖြင့် တွေးတောလေ့ ရှိကြပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ယောကျာ်းလေးအများစု သဘောကျလေ့ရှိတဲ့ မိန်းကလေးပုံစံ ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

 

၁။ အလုပ်အကိုင်ရှိတဲ့ မိန်းကလေး

ယောကျာ်းလေးတော်တော်များများဟာ အလုပ်အကိုင်မရှိတဲ့ မိန်းကလေးတစ်ယောက်ထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်စိတ်အပြည့်ရှိတဲ့ မိန်းကလေးမျိုးကို ပိုပြီးသဘောကျတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့ စကားပုံအတိုင်း ကိုယ်တွဲနေတဲ့ ချစ်သူကောင်မလေးဟာ အလုပ်ရှိတဲ့ မိန်းကလေးတစ်ယောက်ဆိုရင်တော့ သူဟာ အဲဒီကောင်မလေးအတွက် ကျိန်းသေဂုဏ်ယူမှာပါပဲ။

 

၂။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေး

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးမျိုးဟာ တစ်ဖက်ယောကျ်ားလေးတွေကို ဆွဲဆောင်မှုရှိတဲ့ ပုံစံတစ်မျိုး ဖြစ်စေပါတယ်။ အရာရာမှာ မှီခိုချင်တဲ့ စိတ်ကင်းပြီးတော့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမျိုးတွေ၊ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းကလေးမျိုးပုံစံတော်တော်များများကို ယောကျာ်းလေးတိုင်း ကြိုက်ကြပါတယ်။


၃။ စကားအပိုတွေ သိပ်မပြောတတ်တဲ့ မိန်းကလေး

တစ်ချို့မိန်းကလေးတွေဟာ စကားတွေကို အရမ်းအပိုပြောတတ်ကြပါတယ်။ ဒီလို စကားအပိုပြောတတ်တဲ့ ပုံစံဟာ မိန်းကလေးတစ်ယောက်အတွက် ပြင်ဖို့ တော်တော်လေးခက်ခဲနိုင်ပါတယ်။ ယောကျ်ားလေးတွေအတွက်ကတော့ စကားတွေကို အပိုစာသားတွေ တစ်ချိန်လုံး ထိုင်ပြောနေတတ်တဲ့ မိန်းကလေးတစ်ယောက်က အဆင်မပြေစေပါဘူး။

 

၄။ အနေအထိုင် သပ်သပ်ရပ်ရပ်ရှိတဲ့ မိန်းကလေး

မိန်းကလေးတစ်ယောက်ဟာ အနေအထိုင်သပ်သပ်ရပ်ရပ် ရှိတဲ့ ပုံစံမျိုးလေးတွေကို ယောကျာ်းလေးအများစုက ကြွေကြပါတယ်။ ခေတ်ဆန်ဆန် အတိုအပြတ်တွေ ဝတ်ရင်တောင်မှာ အနေအထိုင်က ပိရိသေသပ်ရင် ယောကျာ်းလေးတွေ မျက်စိထဲမှာ တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေတတ်ပါတယ်။ ဘယ်ယောကျာ်းလေးမှတော့ အနေအထိုင်မတတ်တဲ့ မိန်းကလေးမျိုးကို မကြိုက်ကြပါဘူး။

 

၅။ လူကြီးမိဘတွေကို ရိုသေရကောင်းမှန်းသိတဲ့ မိန်းကလေး

ကိုယ့်ချစ်သူမိန်းကလေးတစ်ယောက်ကို လက်ဆွဲပြီးတော့ ချစ်သူကောင်လေးက သူ့ရဲ့ ဆွေမျိုးမိဘတွေနဲ့ မိတ်ဆက်ပေးတဲ့အချိန်မျိုးဆိုရင် စကားအပြောအဆိုတတ်ဖိုပ၊ လူကြီးတွေကို ရိုရိုသေသေ စကားပြောဆိုတတ်တဲ့ မိန်းကလေးပုံစံမျိုးလေးတွေကို ယောကျာ်းလေး အများစုက ကြိုက်နှစ်သက်လေ့ ရှိကြပါတယ်။

 

 

Ref: Aunty May

Read times
Rate this item
(0 votes)