သဝန်တိုတတ်တာကို ဖြေရှင်းပေးမယ့် နည်းလမ်း (၈) မျိုး

သဝန်တိုတတ်တာကို ဖြေရှင်းပေးမယ့် နည်းလမ်း (၈) မျိုး google

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ချစ်သူအပေါ် အကြောင်းအမျိုးမျိုးကြောင့် သဝန်တိုခဲ့ဖူးကြမှာပါ။ သဝန်တိုတယ်ဆိုတာ မကောင်းတဲ့ လက္ခဏာတစ်ခုတော့မဟုတ်ပါဘူး။

 

ချစ်သူနှစ်ဦးဆက်ဆံရေးမှာ သဝန်တိုခြင်းဆိုတာ မရှိမဖြစ်ဘူးလားလို့ စဉ်းစားစရာရှိပါတယ်။ လူသားတို့သဘာဝ ကိုယ်ပိုင်တဲ့ ပစ္စည်းတစ်ခုကို သူများက လာပြီးထိရင်တောင် သိပ်ပြီးကြည်ဖြူကြတာမဟုတ်ဘူးလေနော်။ ဘာပဲဖြစ်ဖြစ် သဝန်တိုတယ်ဆိုတာ အချစ်မှာ ရှိသင့်ပေမယ့် တစ်ယောက်ကိုယ်တစ်ယောက် နာကျင်တဲ့ခံစားချက်တွေ မယုံကြည်မှုတွေဖြစ်စေတာမို့ သဝန်တိုတတ်တဲ့စိတ်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ နည်းလမ်းကောင်းလေးကို မျှဝေပေးချင်ပါတယ်။

 

() သင့်တို့နှစ်ယောက်ရဲ့ Relationship ကို သုံးသပ်ကြည့်ပါ

သဝန်တိုတာကို ကောင်းဆုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြန်သုံးသပ်ကြည့်ရပါမယ်။ ဥပမာ ကိုယ်တို့နှစ်ယောက် ဆက်ဆံရေးမှာ ယုံကြည်မှုတွေတည်ဆောက်ထားပြီးပြီလား၊ အပြန်အလှန်လေးစားမှုနဲ့ ချစ်ခြင်းတွေရှိကြပြီလားဆိုတာ သုံးသပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်ပြောတဲ့စကားတွေက တစ်ယောက်ကိုယ်တစ်ယောက် ယုံကြည်မှုရှိမရှိ လေးစားမှုရှိမရှိဆိုတာကို ပြသနေလို့ပါပဲ။

 

() သဝန်တိုတဲ့ ခံစားချက်ကို နားလည်အောင်ကြိုးစားပါ

သဝန်တိုပြီဆိုရင် စိတ်ခံစားချက်တွေ ရှုပ်ထွေးနေတတ်ပါတယ်။ ဆုံးရှုံးရမှာကြောက်တာ၊ စိတ်ဆိုးဒေါသထွက်တာ၊ သစ္စာဖောက်တယ်လို့ခံစားရတာ၊နာကျင်တာ၊ ဝမ်းနည်းတာ စသဖြင့် ခံစားချက်တွေ ရောထွေးနေမှာ သေချာပါတယ်။ ဒါကြောင့် သဝန်တိုတယ်ဆိုတဲ့ ခံစားကို နားလည်အောင်ကြိုးစားကြည်ပါ။

 

() ကိုယ့်ကိုကိုယ် သုံးသပ်လိုက်ပါ

သင် အူတိုနေသမျှကာလပတ်လုံးတော့ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ မလုံခြုံမှုတွေ အဆိုင်အခဲတွေ ရှိနေဦးမှာပါပဲ။ ဒါ့ကြောင့် သဝန်တိုလာပြီဆိုရင် ငါဘာလို့သဝန်တိုတာလဲ။ သဝန်တိုတဲ့အခါ ကိုယ့်စိတ်တွေဘယ်လိုဖြစ်နေလဲ။ ဒေါသထွက်နေတာလား ကြောက်နေတာလား။ ဘာလို့ ဒေါသဖြစ်တာလဲ ဘာလို့ကြောက်တာလဲ ဆိုတဲ့မေးခွန်းတွေမေးပြီး စဉ်းစားပါ။ အဲဒီမေးခွန်းတွေမေးနေချိန်မှာ သင့်ရဲ့ သဝန်တိုတဲ့ စိတ်လေးတွေ အထိုက်အလျောက်လျော့သွားမှာဖြစ်ပါတယ်။

 

() ချစ်သူပြောစကားကို သေချာနားထောင်ပါ

ချစ်သူက ရှင်းပြတဲ့အပေါ်၊ သူပြောလာမယ့်စကားအပေါ် လေးစားမှုရှိရှိနဲ့ ဂရုတစိုက်နားထောင်သင့်ပါတယ်။ သဝန်တိုနေတဲ့အချိန်မှာ ဘာပြောပြော မသိဘူးဆိုပြီး ဘုကလန့်တိုက်နေမယ့်အစား သူပြောတာ သင်နာေးထာင်နေတယ်ဆိုတာ ပြသပေးပါ။

 

() ချစ်သူနဲ့ စကားပြောပါ နားလည်မှုယူပါ

ချစ်သူကို ကိုယ်မကြိုက်တဲ့အရာတွေကိုပြောပါ။ လူတိုင်းက အကြိုက်တွေမတူကြဘူးလေ။ အကျင့်တွေလည်းမတူကြတော့ တစ်ယောက်ကိုယ်တစ်ယောက် သဘောမကျတဲ့အချက်တွေရှိမှာပါပဲ။ အဲဒီအရာတွေကို ရင်ထဲမှာ စုထားမယ့်အစား ဘယ်လိုလုပ်ရင်တော့မကြိုက်ဘူး။ ဘယ်ဟာလေးကိုတော့ ပြင်ပေးပါလို့ ပြောပါ။ တစ်ယောက်ကိုယ်တစ်ယောက်နားလည်မှုယူပါ။

 

() ယုံကြည်ပါ

သင်ချစ်တဲ့သူကို ယုံကြည်လိုက်ပါ။ တစ်ယောက်ယောက်က သင့်ကို လိမ်ပြောတာ အမှန်တိုင်းပြောတာတွေကို သင်ခွဲခြားရခက်ခဲမယ်။ သက်သေပြရခက်ခဲပေမယ့် သင်သူ့ကို ယုံကြည်လိုက်ပါ။

 

() တောင်းပန်ပါ၊ ရှင်းပြပါ

ကိုယ်မင်းကို အထင်လွဲမိလို့တောင်းပန်ပါတယ်။ မင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေလို့ ကိုယ်စိတ်မကောင်းပါဘူး။ မင်းကိုမယုံလို့မဟုတ်ပါဘူး။ စသဖြင့် တောင်းပန်ပါ။ ဘာလို့ သဝန်တိုရတာလဲဆိုတာကို ရှင်းပြပါ။

 

() တခြားသူတွေရဲ့ အကူအညီယူပါ

ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေကို ပြောပြပါ။ ရင်ဖွင့်ပါ။ သူတို့ဆီက အကူအညီယူပါ။ ဒါပေမယ့် သင်တို့နှစ်ယောက်ရဲ့ အတွင်းရေးတွေကို ဖွင့်ဟဖို့မလိုအပ်ပါဘူး။

 

Credit;Mylove

Read times Last modified on Monday, 28 January 2019 17:19
Rate this item
(0 votes)