၂၂.၈.၂၀၁၉ မှ ၂၈.၈.၂၀၁၉ အထိ(၇) ရက်သားသမီးအချစ်ရေး

၂၂.၈.၂၀၁၉ မှ ၂၈.၈.၂၀၁၉ အထိ(၇) ရက်သားသမီးအချစ်ရေး google

ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်ကြီးအတွက် တစ်ပတ်စာအချစ်ရေးဗေဒင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

 

တနင်္ဂနွေ

 

ဒီကာလအတွင်း အိမ်ထောင် ရှင်များအနေနဲ့ အိမ်တွင်းရေးအပူတွေ့တတ်ပါတယ်။

 

အိမ်ထောင်ဘက်နဲ့အဆင်မပြေဖြစ်ရမဲ့အချိန်ပါ။ အချစ်ရေး ကိစ္စများမှာတော့ ချစ်သူနဲ့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်ဖြစ်နေရတတ်ပါတယ်။

 

တနင်္လာ

 

အချစ်ရေးကိစ္စတွေမှာ အသဲကွဲ ရတာ ချစ်သူရဲ့ဥပေက္ခာပြုခြင်းခံရတာမျိုးတွေကြုံရလိမ့်မယ်။

 

စိတ်ကူးထားတာ ရည်မှန်းထားတာတွေ ဖြေးဖြေး မှန်မှန်အကျိုးပေးပါလိမ့်မယ်။အိမ်ထောင်ရေးကိစ္စအထူးညံ့တဲ့ကာလပါ။

 

အိမ်ထောင်ဘက်ချင်းစကားများ စိတ်ဝမ်း ကွဲရ တတ်ပါတယ်။ 

 

အင်္ဂါ

 

ချစ်သူဆီကတန်ဖိုးထားစရာ မြတ်နိုးစရာကောင်းသော လက်ဆောင်ပစ္စည်းများရလာတတ်တဲ့ကာလတစ်ခု ပါပဲ။ 

 

အိမ်ထောင်ရေးသာယာပါလိမ့်မယ်။

 

ဗုဒ္ဓဟူး/ရာဟု

 

အချစ်ရေးကဏ္ဍ အထူးအားကောင်းချိန်လို့ဆိုရမှာပဲ။ အချစ်ရေးကိစ္စအဆင်ပြေမယ်။

 

မိမိအပေါ် စိတ် ကောက်နေသူ၊စကားများပြီးမခေါ်တဲ့ချစ်သူတောင် ပြန်ခေါ်လိမ့်မယ်။

 

လက်ထပ်ဖို့ရည်ရွယ်ထားသူများ မမျှော် လင့်ဘဲ နှစ်ဦးသဘောတူခိုးပြေးမိတတ်သည်။

 

သတိထားဖို့ပါ။အိမ်ထောင်ရေးကံကမိမိကိုယ်တိုင်က ခြေရှုပ်ချင်နေတဲ့စိတ်မျိုးရှိရင် ရှောင်သင့် ပါတယ်။

 

ကြာသာပတေး

 

 မျက်နှာများတဲ့ချစ်သူကြောင့် စိတ်ညစ် ရမည်။ အချစ်ရေးမှာကြားကနှောက်ယှက်မဲ့သူတွေရှိပါတယ်။

 

ကြားစကားတွေမယုံဘဲ ကိုယ့်ချစ်သူစကား ကိုပဲယုံသင့်ပါတယ်။ အိမ်ထောင်သည်များ စကားအခြေအတင်များရလိမ့်မယ်။

 

သောကြာ

 

အချစ်ရေးကံကြမ္မာအနေနဲ့ ချစ်သူနဲ့ ချစ်လျက်နဲ့ဝေးနေရပါလိမ့်မယ်။

 

တစ်ခုကောင်းတာက လူချစ်လူခင်များမဲ့ကာလပါပဲ။ စန်းလဲပွင့်နေပါတယ်။

 

အိမ်ထောင်ရေးတော့ စိတ်ညစ်ရလိမ့်မယ်။ အိမ်ထောင်ဘက်အချင်းချင်းစကားများရတတ်ပါတယ်။

 

စနေ

 

လူငယ်များ အချစ်ရေးအတွက်စိတ်ညစ်ရမည်။ ချစ်သူချင်း ဝေးရတတ်သည်။

 

Source:ဗေဒင်သုတေသီ

 

Myanmar Wedding Guide

 

3

 

Read times
Rate this item
(0 votes)
Tagged under