အသက်ငယ်ရွယ်စဉ်အိမ်ထောင်ပြု ခြင်းအကျိုး

အသက်ငယ်ရွယ်စဉ်အိမ်ထောင်ပြု ခြင်းအကျိုး google.com

မိဘများကတော့ ကိုယ့်သားသမီးကို ပညာတတ်ကြီးဖြစ်စေချင်ကြပြီး

အိမ်ထောင်ပြုတဲ့အရွယ်ရောက်မှ အိမ်ထောင်ပြုစေချင်ကြပါတယ်။

 

ဖွံ့ဖြိုးတိုးတက်နေသော ခေတ်နှင့်အညီ ယနေ့ခေတ်လူငယ်များဟာ ဆယ်ကျော်သက်အရွယ်မှာတင် အိမ်ထောင်ပြုနေတာကို မြင်တွေ့ရသည်မှာ မိဘများက ကိုယ့်သားသမီးအတွက် စိတ်မကောင်းဖြစ်ခြင်း၊ နှမြောတသသဖြစ်ခြင်းများ ဖြစ်ပေါ်နေကြပါတယ်။

 

နှစ်ဦးနားလည်မှုအပြန်အလှန်မရှိခြင်း

 

ဆယ်ကျော်သက်အရွယ်နှင့် အိမ်ထောင်ပြုလိုက်သည့်အတွက် စိတ်ပိုင်းဆိုင်ရာမှာလည်း မရင့်ကျက်သေးသည့်အတွက်ကြောင့် နှစ်ဦးနားလည်မှုနည်းပြီး ခဏခဏရန်ဖြစ်တတ်ကြပါတယ်။

 

ငယ်ရွယ်တဲ့အတွက်ကြောင့် အခက်အခဲကြုံတွေ့နိုင်ခြင်း

 

ကျောင်းကလည်းမပြီးသေးဘဲ ဆယ်ကျော်သက်အရွယ်နှင့် အိမ်ထောင်ကျထားတဲ့ ယောက်ျားလေးတစ်ယောက်အဖို့ ကြိုးစားလိုစိတ်ရှိပေမယ့်လည်း အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မလွယ်ကူပါ။

 

မိန်းကလေးအတွက်ကလည်း အသက်ငယ်ရွယ်သေးတဲ့အတွက် အိမ်ထောင်မှုကိစ္စနိုင်နင်းဖို့ မဖြစ်နိုင်သေးပါ။

 

ငယ်ရွယ်စဉ်အချိန်မိဘနေရာရောက်ရှိခြင်း

 

ငယ်ရွယ်စဉ်အချိန်တွင် ကလေးမွေးတာက လွယ်ပေမယ့် ငယ်ရွယ်သည့်အတွက်ကြောင့် ကိုယ့်သားသမီးကို ဘယ်လိုအောင်မြင်အောင် ပြုစုပျိုးထောင်ရမလဲဆိုတာက မိဘ၏အရည်အချင်းအပေါ်မှာပဲ မူတည်ပါတယ်။

 

မိဘကိုယ်တိုင်က ငယ်ရွယ်တာကြောင့် ကိုယ့်သားသမီးနောင်ရေးအတွက် ငွေကြေးကိစ္စကို လုံလောက်စွာ ထောက်ပံ့မပေးနိုင်ဘူးဆိုရင် ကိုယ့်သားသမီးကသာ မျက်နှာငယ်ရမှာဖြစ်ပါတယ်။

 

မိဘကိုယ်တိုင်ကလည်း မရင့်ကျက်သေးတာကြောင့် သားသမီးများ၏ အနာဂတ်အတွက်လည်း ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ နားမလည်ကြသေးပါဘူး။

 

Read times Last modified on Wednesday, 19 September 2018 16:42
Rate this item
(2 votes)