သင့်ဘဝကိုမထိုက်တန်တဲ့သူတွေလက်ထဲ ပုံမအပ်လိုက်ပါနဲ့

သင့်ဘဝကိုမထိုက်တန်တဲ့သူတွေလက်ထဲ ပုံမအပ်လိုက်ပါနဲ့ google.com

" အိမ်ထောင်မှု၊ ဘုရားတည် ၊ ဆေးမင်စုတ်ထိုး… ဤသုံးမျိုးချက်မပိုင်ရင်နောင်ြပင်ရန်ခက်သည့်အမျိုး”တဲ့ ရှေးလူကြီးတွေက ဒီစကားကို အလကားထားခဲ့တာမဟုတ်ပါဘူး။

အိမ်ထောင် ပြုတာ၊ ဘုရားတည်တာနဲ့ ဆေးမင်ထိုးတာတွေကလွဲမှားသွားရင်ပြန်ြပင် လို့ရတဲ့အရာတွေ မဟုတ်ပါဘူး။ အထူးသဖြင့်ဘဝနဲ့ဆိုင်တဲ့  အိမ်ထောင် ရေး၊ အချစ်ရေးမှာပေါ့ ။

အချစ်ကဘဝမဟုတ်ပေမဲ့အချစ်မှားရင်ဘဝအတွက်ထိခိုက်နိုင်တယ်လေ။ ဘယ်လိုပဲ စကားလုံးအလှတွေနဲ့တင်စားပါစေ၊အိမ်ထောင် ပြုတယ်ဆိုတာ တစ်ယောက်ရဲ့နှလုံးသားနဲ့ဘဝကို

တစ်ယောက် အပေါ်ပုံအပ်ပြီး ဘဝသစ်တစ်ခုကိုအတူဖန်တီးခြင်းပါပဲ။ တစ်ဘဝလုံးအတွက်ရည်ရွယ်ပြီး ပုံအပ်လိုက်ကာမှ ကိုယ့်နှလုံးသား ကိုရော ဘဝကိုပါချနင်းပစ်မယ့် သူဖြစ်ေနရင်အခက်သားမဟုတ်လား။

တချို့မိန်းကလေးတွေဟာ “လက်ရှိချစ်သူကအခုအချိန်မှာ ကိုယ့်ကိုစိတ်ဆင်းရဲအောင်လုပ်နေပေမဲ့ လက်ထပ်ပြီးသွားရင်အချိုးတွေပြောင်းသွားမှာပါ ” ဆိုပြီးတော့ တွေးတတ်ကြပါတယ် ။

တကယ်တမ်းလူတစ်ေယာက်ရဲ့ မကောင်းတဲ့ အကျင့်တွေကို့ ကာယကံရှင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှပြင်မပေးနိုင် ပါဘူး။ ချစ်ြခင်းရဲ့တွန်းအားတွေနဲ့ ကိုယ်တိုင်ြပုပြင် လိုစိတ်ရှိမှသာလျှင် ပြောင်းလဲနိုင် မှာပါ။

တချို့မိန်းကလေးတွေကတော့ ချစ်သူကကိုယ့်အပေါ်ကောင်းကောင်း၊ မကောင်းကောင်း ဒီချစ်သူကသာလက်တွဲဖော်ဖူးစာရှင် လို့မှတ်ယူထားတတ်ကြပါတယ် ။

အဲဒီလိုမှတ်ယူထားတဲ့ အပေါ်မှာ ပတ်ဝန်းကျင် ရဲ့ ဖိအားတွေပေါင်းလိုကတော့ သေသေချာချာမစဉ်းစားတော့ ဘဲ လက်ထပ်လိုက်တာတွေရှိပါတယ် ။ ပတ်ဝန်းကျင်ဆိုတာကလည်း

ချစ်သူနှစ်ယောက်တွဲတာကြာလာရင်"မယူသေးဘူးလား၊ တွဲသွားတွဲလာလုပ်ေနတာကြာရင်မကောင်းဘူး” ဆိုတဲ့ စကားတွေနဲ့ဖိအားပေးတတ်ကြတယ်လေ။ ဘယ်သူတွေဘယ်လိုပဲ ဖိအားပေးပေးပါ…

အိမ်ထောင်ပြုတယ်ဆိုတာ တစ်ဘဝလုံးအတွက်ဖြစ်တာကြောင့်ကိုယ့်ဘဝအတွက် ၊ ကိုယ့်နှလုံးသားအတွက်ထိုက်တန်တဲ့ သူမဟုတ်ရင်ဘာအကြောင်းကြောင့် မှ လက်မထပ်သင့်ပါဘူး။

ပျိုမေတို့ရေ… မျက်ရည်တွေနဲ့အိပ်ရာဝင် စေတဲ့ ချစ်သူဟာ ပျိုမေတို့ရဲ့ ဘဝအတွက် မထိုက်တန်ပါဘူး။စကားလုံးကြမ်းကြမ်းတွေနဲ့ ပြောဆိုဆက်ဆံတတ်သူဟာ ပျိုမေတို့ရဲ့ ပျော်ရွှင်မှုအတွက်မထိုက်တန်ပါဘူး။

လေးစားမှုတစ်စက်မှမရှိဘဲ ကိုယ်ထိလက်ရောက်စော်ကားတတ်သူဟာ ပျိုမေတို့ရဲ့ နှလုံးသားအတွက် မထိုက်တန်ပါဘူး။ အတိတ်တွေကို ပြန်ြပန် ဆွပြီး အပြစ်ရှာတတ်တဲ့ သူဟာ ပျိုမေတို့ရဲ့

အနာဂတ်အတွက် မထိုက်တနပါဘူး။ ချစ်ြခင်းမေတ္တာတွေကို အသိအမှတ်မပြုတတ်တဲ့ သူဟာ ပျိုမေတို့ရဲ့အချစ်ေတွအတွက် မထိုက်တန်ပါဘူး။ မထိုက်တန်တဲ့ သူတစ်ေယာက်ကို ဘဝထဲကနေ

စွန့်လွှတ် လိုက်တာဟာ ထိုက်တန်သူတစ် ယောက်အတွက် နေရာဖယ်ပေးလိုက်ခြင်းပါပဲ။ သင့်ရဲ့ အနာဂတ်နေ့ရက်တွေမှာ သင်ကို့လေးစားမြတ်နိုးပြီးချစ်ခင်မယ့် ဖူးစာရှင်အစစ်ရှိနေပါလိမ့မယ် ။

သင့်ရဲ့ ဖူးစာရှင်အစစ်အမှန်ဆိုရင် မျက်နှာတောင်မသစ် ရသေးတဲ့ အိပ်ရာထကာစအလှလေးကိုသူမြတ်နိုးလိမ့်မယ် ၊ သင်ရဲ့အတိတ် ဆိုးတွေကို မေ့ပျောက်နိုင်ဖို့ ကူညီပေးလိမ့်မယ် ။

အနာဂတ်မှာ ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးလိမ့်မယ် ။ ပြီးတော့ သင့်ဘဝ တိုးတက်ဖို့စိတ်ဓာတ်ခွန်အားတွေပေးလိမ့်မယ် ။ သင့်အပြုံးကိုမြင် ရဖို့် ဘာမဆိုပေးဆပဖို့ အသင့်ရှိနေတဲ့သူ၊

ချစ်သူတစ် ယောက်လိုသာမက သူငယ်ချင်းတစ်ယောက်လိုပါ ချစ်တဲ့သူ၊ အချစ်ေရးမှာတင်မဟုတ်ဘဝအတွက်ပါ အားကိုးရတဲ့ သူလိုပေါ့။ ဒီလိုပြောတဲ့ အချိန်မှာ ပျိုမေတို့အနေနဲ့

"အဲဒီလို လူမျိုး တကယ်ရောရှိရဲ့လား"လို့တွေးချင်တွေးမိနေလိမ့်မယ် ။ အဲဒီလိုလူမျိုး တကယ်ရှိတာပေါ့။ ဒါပေမဲ့ မျက်စိထဲဝင်ေနတဲ့ အမှိုက်ကိုဖယ်လိုက်မှမြင်ကွင်း ကောင်းကောင်းမြင်နိုင် သလိုပဲ၊

ဘဝထဲမှာရှိနေတဲ့  မထိုက်တန်သူကိုဖယ်ရှားလိုက် မှ ထိုက်တန်သူကိုမြင်နိုင် မှာပါ။ လူတိုင်းအတွက်တကယ်ထိုက်တန်တဲ့ ဖူးစာရှင်ဆိုတာရှိပါတယ် ။ ဘဝထဲကိုရောက်မလာသေးတာပဲရှိတာပါ။

ဒီတော့ တကယ်ထိုက်တန်တဲ့ဖူးစာရှင်မတွေ့မချင်း နှလုံးသားလေးကို မထိုက်တန်တဲ့သူဆီမပေးလိုက်ဘဲ လုံခြုံစွာ သိမ်းထားလိုက်ပါ။ သင့်အတွက်တကယ်ထိုက်တန်တဲ့ယောကျာင်္းကောင်းတစ်ယောက်

ရှိနေတယ်ဆိုတာ ယုံထားလိုက်ပါ။

Credit;Gandawin Magazine

Read times Last modified on Wednesday, 19 September 2018 10:34
Rate this item
(1 Vote)