စိတ်ဆိုးနေတဲ့ သင့်ကောင်လေးကို စိတ်ဆိုးပြေသွားအောင် ဘယ်လိုချော့မလဲ

စိတ်ဆိုးနေတဲ့ သင့်ကောင်လေးကို စိတ်ဆိုးပြေသွားအောင် ဘယ်လိုချော့မလဲ google.com

သင့်ကပဲသူကို အမြဲစိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့ အကြိမ်တွေကမနည်းဘူးဆိုရင်တော့ ဒီတစ်ကြိမ်မှာတော့

သူကိုချော့ပေးလိုက်ပါ။ သူသင့်ကို ပိုပြီးလည်းချစ်လာအောင် ချော့နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

 

(၁) ရယ်စေနိုင်လောက်တဲ့ ဟာသပြောပေးပါ

သင့်ကို သူချစ်ရတဲ့အကြောင်းက သူ့ကိုရယ်အောင်ထားနိုင်လို့ပါ။ သူကို ရယ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ သင့်ကိုယ့်တိုင်ကပဲသိတယ်။

 

 

အဲ့ဒါကြောင့် ရယ်စရာတစ်ခုခုကိုတွေ့ခဲ့ရင် သူဆီကို စာပို့ပြီးရယ်စရာပြောပေးပါ။ ရယ်မောခြင်းက အကောင်းဆေးတစ်ခွက်ဖြစ်တဲ့အပြင် သင်အပေါ်စိတ်ဆိုးနေတာတွေ ပြေသွားမှာသေချာပါတယ်။

 

(၂) ဟင်းချက်ပေးလိုက်ပါ

ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကိုရအောင်ယူချင်ရင်တော့ ဟင်းချက်ကျွေးလိုက်ပါ။ သူရဲ့ အိမ်ကို သွားပြီး သူကြိုက်တတ်တဲ့ ဟင်းတွေကိုချက်ပေးထားလိုက်ပါ။ သင်ချက်ပေးထားတဲ့ ဟင်းကိုစားနေရင်းနဲ့ သင့်ကို သတိရလာ

မှာပါ။ ပြီးရင်တော့ စိတ်ဆိုးပြေသွားမှာသေချာတယ်။

(၃) ထမင်းဗူးပို့ပေးပါ

သူ့ရဲ့အလုပ်ကို ထမင်းဗူးပို့ပေးပါ။ သူကြိုက်တဲ့ ဆိုင်ကနေ အော်ဒါမှာထားပြီး သူ့ရဲ့အလုပ်ကို ပို့ပေးခိုင်းတာမျိုးနဲ့ အော်ဒါမှာထားတဲ့ ဟင်းနဲ့အတူ “စိတ်ဆိုးပြေပါတော့” ဆိုတဲ့စာလေးပါ ထည့်ပေးလိုက်တာမျိုးတို့ပါ။

 

အဲ့လိုဆို သူ့လည်းအရမ်းပျော်သွားပြီး စိတ်ဆိုးပြေသွားမှာပါ။

 

(၄) သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခိုင်းလိုက်ပါ

ယောက်ျားလေးတွေဆိုတာက အပေါင်းအသင်းကို အရမ်းခင်တွယ်တတ်ကြတယ်။ အဲ့ဒါကြောင့် သူ့ကြိုက်တဲ့ ဂိမ်းပွဲကို လက်မှတ်ကြိုဝယ်ပေးထားပြီး သူ့ရဲ့သူငယ်ချင်းတွေနဲ့ ကြည့်ခိုင်းလိုက်ပါ။

သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခိုင်းလိုက်တဲ့အချိန်မှာ သင့်မပါနေတာကို သတိရပြီး သင်ကိုလွမ်းနေမှာသေချာပါတယ်။ အဲ့လိုဆို စိတ်ဆိုးပြေနေပါပြီ။

(၅) မထင်မှတ်ထားတဲ့ လက်ဆောင်ပစ္စည်းဝယ်ပေးကြည့်ပါ

သူဖုန်းထဲကို ၀င်ကြည့်ပြီး သူမှတ်ထားတတ်တဲ့ ပစ္စည်းကိုဝယ်ပေးပြီး surprise လုပ်ပေးလိုက်ပါ။ သူ့ကြိုက်တတ်တဲ့ ပစ္စည်းကို မှတ်ထားတတ်တာပဲဆိုပြီး သင့်ကို ပိုပြီးချစ်လာမယ့်အပြင်

 

စိတ်ဆိုးပါပြေသွားမှာပါ။ အဲ့ဒါကြောင့် သူမထင်မှတ်ထားလောက်တဲ့ လက်ဆောင်ပစ္စည်းနဲ့ surprise လုပ်ပေးလိုက်ပါ။

 

Credit: Hannwe Soe (Auntymay)

Read times Last modified on Wednesday, 19 September 2018 10:43
Rate this item
(2 votes)