ချစ်သူကို စိတ်မချဖြစ်နေရင်း အဝေးကို တွန်းမထုတ်ပါနဲ့ 

ချစ်သူကို စိတ်မချဖြစ်နေရင်း အဝေးကို တွန်းမထုတ်ပါနဲ့  google

တစ်ခါတစ်လေ ယောက်ျားတွေက ရွဲ့တတ်ပါတယ်။ သူတို့ရွဲ့ရင် ပိုဆိုးပါတယ်။ ကိုယ်က စိတ်မချလို့ လိုက်ပြီး

ပိတ်ပင်နေတာဟာ အချိန်ကြာရင် သူ့အတွက် မွှန်းကြပ်သွားပါလိမ့်မယ်။

 

မလိုအပ်တဲ့ သံသယတွေက မင်းတို့နှစ်ယောက်ကို ပိုဝေးကွာစေလိမ့်မယ်။ တစ်ခုပြီး တစ်ခုနဲ့ လိုက်စွပ်စွဲ နေရင် သူ့ကိုအဝေးတွန်းပို့သလိုဖြစ်သွားမှာပါ။ ဖောက်ပြန်မှုတွေများတဲ့ ခေတ်ကြီးမှာ သူ့ကို စိတ်မချတာ လက်ခံပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ စဉ်းစားလိုက်ရင် ယောက်ျားတစ်ယောက်က သူတကယ်ချစ်တဲ့ မိန်းမကို စိတ်ဆင်းရဲအောင်လုပ်ပါ့မလား။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာလေ။ တစ်ဖက်က ဘယ်လောက်ပဲ မြူဆွယ်ပါစေ။ သူ့စိတ်ပါမှဖြစ်တာပါ ဒီတော့ ယုံကြည်မှုဆိုတာလည်း အတိုင်းတာတစ်ခု ထိပေးထားသင့်ပါတယ်။ မင်းမယုံကြည်လေ ကိုယ့်ကိုကိုယ်နှိပ်စပ်ရာ ရောက်သလို သူ့ကိုလည်း ဝေးရာကိုပို့ သလိုဖြစ်သွားပါလိမ့်မယ်။

 

 

မင်းရဲ့တင်းကြပ်မှုတွေကို သူစိတ်ပျက်သွားတဲ့တစ်နေ့ လှည့်ကြည့်တော့မှာမဟုတ်ဘူးဆိုတာ သိထားပါ။ အဲ့ဒီတော့မှ ငါဘာတွေလုပ်ခဲ့တာလဲဆိုပြီး ကိုယ့်ကိုကိုယ် နောင်တမရပါနဲ့တော့။ အစတည်းက RS တစ်ခုကို တည်ဆောက်တဲ့နေရာမှာ လိုအပ်တဲ့အကန့်တွေကို ဘောင်ခတ် ထားသင့်ပါတယ်။ မစွပ် ဖက်သင့်တဲ့နေရာတွေ လိုက်စွပ်ဖက်တော့ မဖြစ်သင့်တဲ့ ၊ မမျှော်လင့်တဲ့ ကိစ္စတွေကြုံလာရပါလိမ့်မယ်။ ယုံကြည် ၊ နားလည်မှုပေး ဆိုတာ အလကားအော်နေတာမှမဟုတ်တာ တကယ် အရေးကြီးတဲ့အချက်ပါပဲ။

 

 

Myanmar Wedding guide 

Read times
Rate this item
(0 votes)
Tagged under