စွာတေးမလေးတစ်ယောက်နဲ့ချစ်သူဖြစ်ရတဲ့အခါ ကြုံရမယ့်ပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲ

စွာတေးမလေးတစ်ယောက်နဲ့ချစ်သူဖြစ်ရတဲ့အခါ ကြုံရမယ့်ပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲ google.com

ကိုယ့်ချစ်သူဘယ်လိုမျိုး၊ သူ့ရဲ့ type ကဘာဆိုတာ ကိုယ်ကိုတိုင်ပဲသိမှာပါ။ ရေခဲတုံးလိုခပ်အေးအေးလေးတွေလား Bright ဖြစ်တဲ့ ခပ်ထက်ထက်စကီလေးတွေလား ဆတ်ဆတ်ထိမခံမဟုတ်မခံ စွာတေးမလေးတွေလား ဒါမှမဟုတ် အရမ်း innocent ဖြစ်တဲ့ချစ်သူလေးတွေလား ?

 

တကယ်လို့ ကိုယ့်ရဲ့ Bae ကစွာတေးလန်မလေးတွေဆိုရင် ဒီအချက်လေးတွေကိုသိထားဖို့လိုပါမယ်။ ဘာကြောင့်လဲဆိုရင် စွာတေးလေးတွေနဲ့ချစ်သူဖြစ်လာတဲ့အခါ ဒါတွေက တစ်နေ့မဟုတ်တစ်နေ့တော့ကြုံလာနိုင်လို့ပါပဲ။ စွာတေးမလေးတွေနဲ့ ချစ်သူဖြစ်နေပီဆိုရင်တော့ ဒီအချက်တွေကို သိထားသင့်ပါတယ်.....

 

 

() ဘာကြောင့်မှန်းမသိစိတ်ကောက်တယ်

 

ဘာအကြောင်းမှန်းမသိ စိတ်ကောက်တတ်ပါတယ်။ ဘာကြောင့် ကောက်တယ်ဆိုတာမမေးပဲ ငါဘာမှားနေလဲဆိုတာပြန်ဆန်းစစ်ပါ။ အဲဒီနေရာမှာ ၃ ချက်ရှိပါတယ်။ နံပါတ်တစ်က ငါမှားတယ်၊ နံပါတ်နှစ်က ငါမှားတယ်၊ နံပါတ်သုံးလည်း ငါမှားတယ်ဆိုတာပါပဲ။ ဘာကြောင့်ကောက်လဲဆိုရင် ကောက်ချင်လို့ကောက်တယ်။ ကောက်စရာမရှိရင် ကိုယ့်ဆံပင်ကိုယ်ကောက်နေတတ်တဲ့သူလေးတွေပါ။ နားလည်ပေးလိုက်ပါ။

 

 

() ရစ်လုံးလေးတွေ

 

သူတို့ရစ်ချင်တဲ့အချိန်ရစ်လိမ့်မယ်။ အဲ့ဒီအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ကိုယ်အိမ်သာတက်နေတာ report မတင်ရင်ရစ်လိမ့်မယ်၊ ထမင်းဘယ်နှလုတ်စားသလဲ ပြောဖို့မေ့သွားရင်ရစ်လိမ့်မယ်၊ သူ့ဆီကို reply ပြန်ဖို့ စက္ကန့်ဝက်လောက်နောက်ကျရင် ရစ်လိမ့်မယ်၊ နောက်ဆုံး ရစ်စရာမရှိရင်တောင် သူ့ခေါင်းမှာဆံပင်ဘယ်နှချောင်းရှိလဲမေးပြီးမဖြေနိုင်လို့ကတော့ တကယ်မချစ်လို့မသိတာဆိုပြီး ရစ်ပါလိမ့်မယ်။ ဘရိုလုပ်ရမှာက စိတ်ရှည်သည်းခံပြီး ရစ်လေလေ၊ ချစ်လေလေ ဆိုတာမျိုးပြဖို့လိုပါတယ်။

 

 

() အစိမ်းလိုက်ဝါးစားမယ် (ဒေါသကြီးတယ်)

 

စွာတဲ့အတွက် ဒေါသကြီးတတ်တာကို နားလည်ပေးရပါမယ်။ သူဒေါသကြီးတိုင်း ကိုယ်ကဒေါသထွက်ပြဖို့မလိုပါဘူး။ အမာကိုအမာနဲ့မတိုက်ပါနဲ့ အပျော့နဲ့ပဲတိုက်ပါဆိုသလို။ သူတို့ဒေါသထွက်ပြီး မိုးမီးလောင်နေလည်း ကိုယ်က တွေးခေါ်ပညာရှင် Socretes ( ဆော့ခရစ်တိစ် ) လိုမျိုးမထုံတတ်တေးသာနေပါ။ ငါဘာလုပ်မိလို့လဲဆိုတဲ့ ( မျက်လုံးရွဲကြီးတွေနဲ့ ) ကြည့်ပါ။ ဒေါသပြေသွားရင် ဘရို့ကိုပိုပြီးတောင်သနားပြီးချစ်ပါလိမ့်မယ်။

 

 

() စိတ်ပြေလည်းလွယ်တယ်

 

သူတို့တွေဟာအရမ်းစွာသလို စိတ်ပြေတာလည်းလွယ်တယ်ဆိုတာပါပဲ။ သူတို့တွေ ဒေါသကြီးချိန်မှာဘာမှမသိပေမယ့် ပြီးသွားတဲ့အခါ ငါဘာတွေပြောမိ၊ လုပ်မိလည်းဆိုပြီး အားနာနေတတ်တယ်။ အဲ့ဒီအခါ ဘရိုလုပ်ရမှာက သူ့ကိုရင်ခွင်ထဲဆွဲသွင်းပြီး ခေါင်းလေးကိုသာသာလေးပွတ်၊ ကြင်နာပြလိုက်ဖို့ပါပဲ။

 

 

() ပွင့်လင်းတယ်

 

သူတို့တွေဟာ အရမ်းလည်းပွင့်လင်းတဲ့ကောင်မလေးတွေဖြစ်တယ်။ ပွင့်လင်းလွန်းတဲ့အတွက် တစ်ခါတစ်လေ စကားပြောဘောက်ဆတ်ဆတ်ရှိတတ်တယ်။ ထားလိုက်ပါ။ ရှိပါစေ။ ပွင့်လင်းတယ်ဆိုတာ တစ်ခါတစ်လေသိပ်မကောင်းပေမယ့် ပွင့်လင်းမှုကို သေချာအဓိပ္ပါယ်ဖွင့်လိုက်ရင် ရိုးသားမှုပါပဲ။ မျက်နှာဖုံးတွေရောင်းနေတဲ့ခေတ်ထဲမှာ ပင်ကိုယ်အရှိမျက်နှာဆိုတာရှားပါတယ်။ ပိုင်ဆိုင်ထားမိရင် ဥထားပါ။ လက်မလွှတ်လိုက်ပါနဲ့။ အရမ်းပွင့်လင်းလွန်းရင် ရန်သူများတတ်တယ်ဆိုတာကိုသာ သူသိအောင်သင်ပြပေးပါ။

 

စွာတေးလေးတွေနဲ့ပတ်သက်ရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်......

 

 

Credit;we.com.mm

Read times Last modified on Tuesday, 18 September 2018 11:00
Rate this item
(1 Vote)