အောင်မြင်မှုပိုရနေတဲ့ အမျိုးသမီးတွေရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်ကဘာလဲ???

အောင်မြင်မှုပိုရနေတဲ့ အမျိုးသမီးတွေရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်ကဘာလဲ??? Google

မိန်းကလေးတစ်ယောက် စိတ်ချမ်းသာဖို့ ၅၀%လောက်ဟာ သူနဲ့ပတ်သတ်တဲ့အမျိုးသားနဲ့သက်ဆိုင်ပါတယ်။ မိန်းကလေးတွေဟာအချစ်ရေးနဲ့ပတ်သတ်လာရင် တော်တော်များများက ယောက်ျားလေးတွေထက်ပိုပြီးလေးလေးနက်နက်တွေးတတ်ကြတာသဘာဝပါ။

 

ချစ်တယ်ဆိုတာကြီးကိုလည်း အကြီးအကျယ်ခံစားတတ် Ro တတ်ကြတာမိန်းကလေးတို့သဘာဝပါပဲ။

ဒါပင်မဲ့ ယှဉ်ကြည့်လိုက်ရင် အသိသာကြီးတွေ့ရမှာပါ။

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်ကကျင်လည်နေကြတဲ့ မိန်းကလေးတွေထဲမှာ အမြဲလန်းဆန်းတတ်ကြွပြီး လူတိုင်းနဲ့ပြောတတ်ဆိုတတ်အဆင်ပြေနေတတ်တဲ့ မိန်းကလေးတွေဟာ သူတို့အချစ်ရေးမှာအဆင်ပြေနေကြတဲ့သူတွေများပါတယ်။( ရည်းစားမရှိသူတွေမပါ)

ဘယ်အရာမှာ မမြဲဘူးဆိုတာတော့ မှန်ပင်မဲ့ လက်ရှိမှာ နောက်ဆံတင်းစရာမလိုတဲ့ RS မျိုးကို ပိုင်ဆိုင်ထားရတဲ့ မိန်းကလေးတွေဟာ သူ့ဘ၀အတွက်ပိုပြီးကြိုးစားဖို့အချိန်ပေးနိုင်ပါတယ်။ ကိုယ့်ဘဲက စိတ်ကောက်နေမလား၊ ကိုယ့်ချစ်သူကအထင်လွဲနေမလား၊ သူငါမအားတုန်းဘယ်သူနဲ့ ပျော်နေတုန်း ငါနဲ့အနေဝေးနေလို့များငါ့မေ့သွားမလား စသဖြင့်ယုံကြည်မှုအားနည်းတဲ့ RS Life မျိုးကို ပိုင်ဆိုင်ထားရတဲ့ သူတွေကတော့ တစ်နေရာရာမှာ အဆင်ပြေပြေနဲ့ ထူးချွန်အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ ခက်ခဲလှပါတယ်။

နားလည်မှုမရှိတဲ့ အမျိုးသားတစ်ယောက် သစ္စာမရှိပဲတည်ကြည်မှုမရှိတဲ့ယောက်ျားတစ်ယောက်နဲ့ ပတ်သတ်ရတဲ့ မိန်းကလေးဟာ ဘယ်လောက်ပဲ လက်ဆောင်တွေရရ ဘယ်လို Surprise  မျိုးပဲရရ တကယ့် ပျော်ရွှင်မှုအစစ်မှန်ရတဲ့မိန်းကလေးမျိုးမဖြစ်လာနိုင်ပါဘူး။

ဒါကြောင့် နောက်ဆံမတင်းနဲ့ Relationship မျိုးကို ပိုင်ဆိုင်ထားရတဲ့မိန်းကလေးတွေဟာ ဘ၀မှာ တစ်မျိုး ဘ၀ပေးကောင်းတဲ့ မိန်းကလေးတွေပဲဖစ်ပါတယ်။

Source:Trend .com.mm

Related Item:

စွန့်စားရတာကြိုက်တဲ့ မောင်နှံတွေ အတူတူသွားသင့်တဲ့ မြန်မာပြည်တွင်းခရီးတွေ

Read times Last modified on Monday, 21 January 2019 15:53
Rate this item
(0 votes)