ကောင်မလေးတစ်ယောက်အနေနဲ့ ရွေးချယ်သင့်တဲ့ ချစ်သူကောင်လေး

ကောင်မလေးတစ်ယောက်အနေနဲ့ ရွေးချယ်သင့်တဲ့ ချစ်သူကောင်လေး google.com

ကောင်မလေးတွေရဲ့စိတ်တွေကို မခန့်မှန်းနိုင်သလို ကောင်လေးတွေရဲ့စိတ်ကိုလည်း မခန့်မှန်းနိုင်ပါဘူး။

လူအမျိုးမျိုး စိတ်အထွေထွေတော့ရှိတတ်ကြပါတယ်။

 

ကိုယ်ရွေးချယ်လိုက်တဲ့လူဟာ ပိုက်ဆံချမ်းသာတဲ့ သူဌေးသားဖြစ်စရာတော့ မလိုပါဘူး။

 

သို့ပေမယ့်လည်း မိသားစုကို ထောက်ပံ့ဖို့လိုတဲ့ ပိုက်ဆံကိုတော့ ကြံဖန်ပြီးရှာနိုင်တဲ့ လူတော့ ဖြစ်ဖို့ လိုအပ်ပါတယ်။

 

ကိုယ့်ချစ်သူကောင်လေးက ရုပ်ရည်ချောမောပြီး စတိုင်လ်မိုက်နေဖို့လည်း မလိုပါဘူး။

 

သို့ပေမယ့် ကြောက်စရာကောင်းလောက်အောင် ရုပ်မဆိုးဖို့နဲ့ အတူတွဲပြီး ပွဲတက်တဲ့အခါမှာလည်း ကြည့်ကောင်းဖို့တော့ လိုအပ်မယ်ထင်ပါတယ်။

 

ကိုယ့်ချစ်သူကောင်လေးက ဆရာဝန် သို့မဟုတ် အင်ဂျင်နီယာတို့လို ပညာတတ်ကြီးတွေ ဖြစ်စရာတော့ မလိုပါဘူး။

 

သို့ပေမယ့် အပြောင်းအလဲများတဲ့ ခေတ်ကြီးမှာ ရှင်သန်နိုင်တဲ့ အရည်အချင်းမျိုးတော့ ရှိဖို့ လိုအပ်ပါတယ်။

 

ကိုယ့်ချစ်သူကောင်လေးက အသိုင်းအ၀ိုင်းကောင်းစရာတော့ မလိုအပ်ပါဘူး။

 

သို့ပေမယ့် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့သူတစ်ယောက်တော့ ဖြစ်သင့်ပါတယ်။

 

ကိုယ့်ချစ်သူကောင်လေးက အသက်အရွယ်တူစရာတော့ မလိုအပ်ပါဘူး။

 

သို့ပေမယ့် ကိုယ့်ထက် အသက်ငယ်မယ်ဆိုရင် ရှိသင့်တဲ့ ရင့်ကျက်မှုရှိဖို့လိုအပ်ပြီး အသက်ပိုကြီးခဲ့မယ်ဆိုရင်လည်း ကျန်းမာဖို့နဲ့ ကျန်းမာရေးထိခိုက်မယ့် အပြုအမူတွေကို မလုပ်တဲ့လူဖြစ်ဖို့တော့ လိုအပ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:10
Rate this item
(1 Vote)