ကိုယ့်ချစ်သူလေး ပျော်ရွှင်အောင် ဒါလေးတွေ လုပ်ပါ

ကိုယ့်ချစ်သူလေး ပျော်ရွှင်အောင် ဒါလေးတွေ လုပ်ပါ google

ကိုယ့်ချစ်သူ ပျော်ရွှင်တာကို မမြင်ချင် မတွေ့ချင်တဲ့သူ ဒီလောကကြီးမှာ ရှိမှာတောင် မဟုတ်ပါဘူးနော်။ တချို့များဆို ချစ်သူအပြုံးမြင်ရရင် ထမင်းမေ့၊ ဟင်းမေ့ပါပဲ။

 

ချစ်သူလေး ပျော်ဖို့ဆို ဘာပဲလုပ်ပေးရ လုပ်ပေးရဆိုတာတွေတောင် ရှိကြပါသေးတယ်။ ကိုယ့်ချစ်သူလေး ပျော်ဖို့ ဘာတွေ လုပ်ပေးလေ့ရှိလဲ၊ ကိုယ့်ချစ်သူပျော်ဖို့ လုပ်ပေးလို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

 

 

ကိုယ့်ချစ်သူ စိတ်ချရအောင်နေပါ

 

ဒီအချက်က စုံတွဲတိုင်းမှာ အလိုအပ်ဆုံးနဲ့ အဓိက ကျတဲ့အချက်တစ်ချက်ပါ။ စုံတွဲတွေမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်မချမှု့တွေဖြစ်ပြီး စိတ်ညစ်နေရတာ အများကြီးပါ။ ဒါကြောင့် ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ချရတဲ့သူဖြစ်အောင်နေပါ။ ကိုယ့်ရည်းစားက ကိုယ့်ကို သစ္စာရှိပါ့မလား၊ တခြားတစ်ယောက်ရှိနေမလား၊ ဒါမျိုးတွေ ပူပန်နေရတာက ပင်ပန်းပြီး မပျော်ရပါဘူး။ ကိုယ့်ချစ်သူက ရာနှုန်းပြည့် စိတ်ချရသူဖြစ်အောင်နေပါ။

 

 

ဦးစားပေးပါ

 

ချစ်သူလေးကို ပျော်စေချင်ရင် သူ့ကို ဦးစားပေးပါ။ ဘယ်သွားချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာမျိုးပေါ့။ အသေးအဖွဲ့တွေကစလို့ ကြီးတဲ့ကိစ္စတွေအထိ သူ့ကို ဦးစားပေးကြည့်ပါ။ ဒါဆိုချစ်သူလေး ပျော်မှာပါ။

 

 

အလွန်အကြူး မချုပ်ချယ်ပါနဲ့

 

ချုပ်ချယ်တယ်ဆိုတာ ချစ်လို့ဆိုပေမယ့် တဖက်လူက “အချစ်” လို့ မမြင်ပေါ်နိုင်တဲ့အခါ အချင်းချင်း ပြဿနာတက်တာတွေ ဖြစ်တတ်ပါတယ်။ မိုးချုပ်အပြင်ထွက်တာဆိုလည်း ခွင့်ပြုသင့်သလောက် ခွင့်ပြုပါ။ ညှိနှိုင်းယူပါ။ မသွားရဘူးဆိုပြီး ချုပ်ချယ်တာတွေ မလုပ်ပါနဲ့။

 

 

လိုချင်တာတွေ ဝယ်ပေးပါ

 

တန်ဖိုးကြီးတာ မဟုတ်ရင်တောင် ကိုယ့်ချစ်သူက ဝယ်ပေးတယ်ဆိုတာမျိုး လူတိုင်းလိုချင်ပါတယ်။ ဒါကြောင့် သေးသေးလေးဖြစ်ဖြစ် သူလိုချင်တာတွေ ဝယ်ပေးပါ။ ဝယ်ပေးနိုင်ဖို့လည်း ကြိုးစားပါနော်။

 

 

အိမ်မက်တွေရှိပါစေ

 

နောင်တချိန်မှာ ကိုယ်တို့ဆိုတဲ့ အိမ်မက်တွေရှိပါစေ။ ကိုယ်တို့လက်ထပ်ပြီးရင်ဆိုတာမျိုး ချစ်သူတိုင်း ကြားချင်ပါတယ်။ ကိုယ်တို့လမ်းမခွဲဘဲ မပြတ်စဲဘဲ အတူတူရှိနေမယ့် သဘောသက်ရောက်တာကြောင့်ပါ။ ပျော်ရွှင်စေမှာ သေချာပါတယ်နော်။

ချစ်သူလေး မပျော်လို့ စိတ်ညစ်နေတဲ့ ကိုကို၊မမတို့ ပြောပြထားတဲ့ အချက်လေးတွေ ကြည့်ပီး ပျော်အောင်ထားပေးနော်။

 

 

Credit;Marry

Read times Last modified on Monday, 14 January 2019 13:35
Rate this item
(0 votes)