Relationships တစ်ခုတည်ဆောက်တဲ့ နေရာမှာ အချစ်အပြင်တခြားတဲ့လိုအပ်တဲ့အရာတွေက…

Relationships တစ်ခုတည်ဆောက်တဲ့ နေရာမှာ အချစ်အပြင်တခြားတဲ့လိုအပ်တဲ့အရာတွေက… google

အားလုံးပဲ မင်္ဂလာပါရှင်။Relationships တစ်ခုတည်ဆောက်တဲ့ နေရာမှာ အချစ်တစ်ခုတည်းမဟုတ်ဘဲ တခြားသောလိုအပ်တဲ့အရာတွေရှိနေသေးတယ်ဆိုတာကို Myanmar Wedding Guide ပရိတ်သတ်တွေလက်ခံလိမ့်မယ်လို့ထင်ပါတယ်။

 

အဲ့ဒီအရာတွေကဘာတွေဖြစ်မလဲ ဆိုတာကို ဒီနေ့မှာ MyanmarWeddig Guide ကဖော်ပြပေးသွားချင်ပါတယ်။

 

၁။ယုံကြည်မှု

 

တစ်ယောက်ကိုယ်ယုံကြည်မှုရှိခြင်းဟာ Relationship တစ်ခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေတာအသေအချာပါပဲ။

 

ကိုယ်နဲ့အတူရှိနေရမယ့်သူက ယုံကြည်ထိုက်တဲ့သူမဟုတ်ဘူးဆိုတာသေချာနေရင်တော့ အဲ့ဒီ Relationships ကို မစတင်တာအကောင်းဆုံးပါပဲ။

 

၂။ရိုးသားမှု

 

ဘယ်လောက်ပဲချစ်နေပါစေ။တစ်ယောက်အပေါ်တစ်ယောက်ရိုးသားမှုမရှိတဲ့ Relationships တစ်ခုရဲ့အဆုံးသတ်ဟာလှပမှာမဟုတ်ပါဘူး။

 

နှစ်ကြာရှည်စွာတွဲလက်ခိုင်မြဲခဲ့ကြတဲ့ Relationships တွေကိုလေ့လာကြည့်မယ်ဆိုရင် သူတို့တွေဟာတစ်ယောက်အပေါ်တစ်ယောက် အမှန်တကယ်ရိုးသားကြတယ်ဆိုတာကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။

 

၃။လေးစားမှု

 

အချစ်မှာမျက်စိမရှိဘူးလို့ပြောကြပေမယ့်လည်း လေးစားမှုမရှိတဲ့သူ၊နိုင်ထက်စီးနင်းပြုလုပ်တတ်တဲ့လူတွေကိုတော့ မျက်စိစုံမှိတ်ပြီး ချစ်ဖို့မထိုက်တန်လှပါဘူး။

 

ကိုယ့်ရဲ့Relationships လေးသာယာအဆင်ပြေဖို့ ကိုယ့်ရွှေးချယ်ထားတဲ့သူက လူအချင်းချင်းလေးစားမှုရှိတတ်ဖို့ကလည်း လိုအပ်ပါတယ်။

 

၄။ပွင့်လင်းတဲ့ပြောဆိုဆက်ဆံရေး

 

မည်သည့် Relationships မဆို ပြောဆိုဆက်ဆံပြီးမှစတင်ရတာဖြစ်ပြီး ပြောဆိုဆက်ဆံရေးက ရင်းနှီးမှုကိုဖော်ပြရတဲ့ သော့ချက်ဆိုလည်းမမှားပါဘူး။

 

တစ်ယောက်ရဲ့လိုအပ်ချက်၊မျှော်လင့်ချက်နဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်မှသာ ကြုံလာသမျှအခက်အခဲတွေဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

 

၅။သစ္စာတရား

 

တစ်ယောက်အပေါ်တစ်ယောက်သစ္စာရှိမှုကလည်း Relationships တစ်ခုတည်ဆောက်တဲ့နေရာမှာ အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။

 

ကိုယ့်လက်တွဲဖော်အပေါ်မှာသာ သစ္စာရှိပေးမယ်ဆို ယုံကြည်မှုအောင်နေပြဖို့တခြားအရာတွေနဲ့သက်သေပြပေးစရာမလိုတော့ပါဘူး။

 

၆။ပျော်ရွှင်မှု

 

နှစ်ယောက်သားတည်ဆောက်ထားတဲ့ Relationships ကြောင့် အချိန်တိုင်းပျော်ရွှင်နေရတယ်ဆိုတာတော့ရှိမှာမဟုတ်ပါဘူ။

 

ဒါပေမယ် ပြန်သုံးသပ်ကြည့်ပါ။ပျော်ရတဲ့အချိန်ထက် ငိုတဲ့အချိန်ကပိုများနေပြီဆိုရင်တော့ နည်းလမ်းရှာဖို့အမှန်တကယ်လိုအပ်နေပါပြီ။

 

၇။အပေးအယူမျှတမှု

 

တစ်ဖက်ကပေးသမျှမေတ္တာနဲ့ချစ်ခြင်းတွေကိုတော့ အကုန်သိမ်းကြုံးယူထားပြီး ကိုယ့်အလှည့်ကျမှ ထုတ်မချစ်ပြတတ်လို့ဆိုပြီး မသိချင်ယောင်ဆောင်နေရင်လည်း အဲ့ဒီ Relationship ကကြာရှည်မှာမဟုတ်ပါဘူးနော်။

 

ပျော်ရွှင်သာယာတဲ့Relationships တွေကိုတည်ဆောက်ထားနိုင်သူတွေဆီမှာကတော့ အပေးအယူမျှတမှုဆိုတာကိုတွေ့ကြရမှာပဲဖြစ်ပါတယ်။

 

၈။လုံခြုံနွေးထွေးမှု

 

များသောအားဖြင့် မိန်းကလေးတွေအနေနဲ့ Relationships တစ်ခုစတင်ပြီဆိုကတည်းက အမျှော်လင့်ဆုံးအရာကလုံခြုံမှုနဲ့နွေးထွေးမှုပါပဲနော်။

 

ဒါပေမယ့်တစ်စုံတစ်ယောက်ကိုယ်ဘေးနားမှာရှိနေပါလျှက်နဲ့ သူ့ရဲ့အနိုင်ကျင့်မှုတွေကြောင့် စိတ်မလုံခြုံသလိုခံစားရနေပြီဆိုရင်တော အဲ့ဒီ Relationships ကိုရပ်တန့်ပစ်လိုက်တာအကောင်းဆုံးပါပဲ။

 

၉။လွတ်လပ်မှု

 

အတူသွား၊အတူလာ၊အတူစားတယ်ဆိုပေမယ့်လည်း ကိုယ်ပိုင်အချိန်လေးတွေကိုတော့ ထားပေးသင့်ပါတယ်။

 

ကိုယ်ပိုင်ဝါသနာပါရာလေးတွေလုပ်ဆောင်ဖို့အချိန်လေးတွေကန့်သတ်ပေးတာကလည်း သာယာပျော်ရွှင်တဲ့ Relationships တစ်ခုကို ရရှိပိုင်ဆိုင်စေမယ့် အကြောင်းတစ်ချက်ပဲဖြစ်ပါတယ်။

 

အားလုံးပဲသာယာပျော်ရွှင်တဲ့ ဘဝတွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။

 

Reference:narcity.com

 

Music Agencies & Band (35) ကိုသိရှိလိုပါနှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

 

အားလံုးပဲ မဂၤလာပါရွင္။Relationships တစ္ခုတည္ေဆာက္တဲ့ ေနရာမွာ အခ်စ္တစ္ခုတည္းမဟုတ္ဘဲ တျခားေသာလိုအပ္တဲ့အရာေတြရွိေနေသးတယ္ဆိုတာကို Myanmar Wedding Guide ပရိ္တ္သတ္ေတြလက္ခံလိမ့္မယ္လို႔ထင္ပါတယ္။

 

အဲ့ဒီအရာေတြကဘာေတြျဖစ္မလဲ ဆိုတာကို ဒီေန႔မွာ MyanmarWeddig Guide ကေဖာ္ျပေပးသြားခ်င္ပါတယ္။

 

၁။ယံုၾကည္မႈ

 

တစ္ေယာက္ကိုယ္ယံုၾကည္မႈရွိျခင္းဟာ Relationship တစ္ခုမွာ အေရးႀကီးတဲ့ အခန္းက႑မွာပါဝင္ေနတာအေသအခ်ာပါပဲ။

 

ကိုယ္နဲ႔အတူရွိေနရမယ့္သူက ယံုၾကည္ထိုက္တဲ့သူမဟုတ္ဘူးဆိုတာေသခ်ာေနရင္ေတာ့ အဲ့ဒီ Relationships ကို မစတင္တာအေကာင္းဆုံးပါပဲ။

 

၂။ရိုးသားမႈ

 

ဘယ္ေလာက္ပဲခ်စ္ေနပါေစ။တစ္ေယာက္အေပၚတစ္ေယာက္ရိုးသားမႈမရွိတဲ့ Relationships တစ္ခုရဲ႕အဆံုးသတ္ဟာလွပမွာမဟုတ္ပါဘူး။

 

ႏွစ္ၾကာရွည္စြာတြဲလက္ခိုင္ျမဲခဲ့ၾကတဲ့ Relationships ေတြကိုေလ့လာၾကည့္မယ္ဆိုရင္ သူတို႔ေတြဟာတစ္ေယာက္အေပၚတစ္ေယာက္ အမွန္တကယ္ရိုးသားၾကတယ္ဆိုတာကို ေတြ႔ျမင္ၾကရမွာပဲျဖစ္ပါတယ္။

 

၃။ေလးစားမႈ

 

အခ်စ္မွာမ်က္စိမရွိဘူးလို႔ေျပာၾကေပမယ့္လည္း ေလးစားမႈမရွိတဲ့သူ၊ႏိုင္ထက္စီးနင္းျပဳလုပ္တတ္တဲ့လူေတြကိုေတာ့ မ်က္စိစံုမွိတ္ၿပီး ခ်စ္ဖို႔မထိုက္တန္လွပါဘူး။

 

ကိုယ့္ရဲ႕Relationships ေလးသာယာအဆင္ေျပဖို႔ ကိုယ့္ေရႊးခ်ယ္ထားတဲ့သူက လူအခ်င္းခ်င္းေလးစားမႈရွိတတ္ဖို႔ကလည္း လိုအပ္ပါတယ္။

 

၄။ပြင့္လင္းတဲ့ေျပာဆိုဆက္ဆံေရး

 

မည္သည့္ Relationships မဆို ေျပာဆိုဆက္ဆံၿပီးမွစတင္ရတာျဖစ္ၿပီး ေျပာဆိုဆက္ဆံေရးက ရင္းႏွီးမႈကိုေဖာ္ျပရတဲ့ ေသာ့ခ်က္ဆိုလည္းမမွားပါဘူး။

 

တစ္ေယာက္ရဲ႕လိုအပ္ခ်က္၊ေမွ်ာ္လင့္ခ်က္နဲ႔ ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းေျပာဆိုႏိုင္မွသာ ၾကံဳလာသမွ်အခက္အခဲေတြေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။

 

၅။သစၥာတရား

 

တစ္ေယာက္အေပၚတစ္ေယာက္သစၥာရွိမႈကလည္း Relationships တစ္ခုတည္ေဆာက္တဲ့ေနရာမွာ အေျခခံအုတ္ျမစ္တစ္ခုပဲျဖစ္ပါတယ္။

 

ကိုယ့္လက္တြဲေဖာ္အေပၚမွာသာ သစၥာရွိေပးမယ္ဆို ယံုၾကည္မႈေအာင္ေနျပဖို႔တျခားအရာေတြနဲ႔သက္ေသျပေပးစရာမလိုေတာ့ပါဘူး။

 

၆။ေပ်ာ္ရႊင္မႈ

 

ႏွစ္ေယာက္သားတည္ေဆာက္ထားတဲ့ Relationships ေၾကာင့္ အခ်ိန္တိုင္းေပ်ာ္ရႊင္ေနရတယ္ဆိုတာေတာ့ရွိမွာမဟုတ္ပါဘူ။

 

ဒါေပမယ္ ျပန္သံုးသပ္ၾကည့္ပါ။ေပ်ာ္ရတဲ့အခ်ိန္ထက္ ငိုတဲ့အခ်ိန္ကပိုမ်ားေနၿပီဆိုရင္ေတာ့ နည္းလမ္းရွာဖို႔အမွန္တကယ္လိုအပ္ေနပါၿပီ။

 

၇။အေပးအယူမွ်တမႈ

 

တစ္ဖက္ကေပးသမွ်ေမတၱာနဲ႔ခ်စ္ျခင္းေတြကိုေတာ့ အကုန္သိမ္းၾကံဳးယူထားၿပီး ကိုယ့္အလွည့္က်မွ ထုတ္မခ်စ္ျပတတ္လို႔ဆိုၿပီး မသိခ်င္ေယာင္ေဆာင္ေနရင္လည္း အဲ့ဒီ Relationship ကၾကာရွည္မွာမဟုတ္ပါဘူးေနာ္။

 

ေပ်ာ္ရႊင္သာယာတဲ့Relationships ေတြကိုတည္ေဆာက္ထားႏိုင္သူေတြဆီမွာကေတာ့ အေပးအယူမွ်တမႈဆိုတာကုိေတြ႔ၾကရမွာပဲျဖစ္ပါတယ္။

 

၈။လံုျခံဳေႏြးေထြးမ

 

မ်ားေသာအားျဖင့္ မိန္းကေလးေတြအေနနဲ႔ Relationships တစ္ခုစတင္ၿပီဆိုကတည္းက အေမွ်ာ္လင့္ဆံုးအရာကလံုျခံဳမႈနဲ႔ေႏြးေထြးမႈပါပဲေနာ္။

 

ဒါေပမယ့္တစ္စံုတစ္ေယာက္ကိုယ္ေဘးနားမွာရွိေနပါလွ်က္နဲ႔ သူ႕ရဲ႕အႏိုင္က်င့္မႈေတြေၾကာင့္ စိတ္မလံုျခံဳသလိုခံစားရေနၿပီဆိုရင္ေတာ အဲ့ဒီ Relationships ကိုရပ္တန္႔ပစ္လိုက္တာအေကာင္းဆံုးပါပဲ။

 

၉။လြတ္လပ္မႈ

 

အတူသြား၊အတူလာ၊အတူစားတယ္ဆိုေပမယ့္လည္း ကိုယ္ပိုင္အခ်ိန္ေလးေတြကိုေတာ့ ထားေပးသင့္ပါတယ္။

 

ကိုယ္ပိုင္ဝါသနာပါရာေလးေတြလုပ္ေဆာင္ဖို႔အခ်ိန္ေလးေတြကန္႔သတ္ေပးတာကလည္း သာယာေပ်ာ္ရႊင္တဲ့ Relationships တစ္ခုကို ရရွိပိုင္ဆုိင္ေစမယ့္ အေၾကာင္းတစ္ခ်က္ပဲျဖစ္ပါတယ္။

 

အားလံုးပဲသာယာေပ်ာ္ရႊင္တဲ့ ဘဝေတြကိုရရွိပိုင္ဆိုင္ႏိုင္ၾကပါေစရွင္။

 

Reference:narcity.com

 

Music Agencies & Band (35) ကိုသိရွိလိုပါႏွိပ္ပါ။

 

Myanmar Wedding Guide

 

jjjj

 

Read times
Rate this item
(0 votes)
Tagged under