အိမ်ထောင်ရေးသာယာစေဖို့ လုပ်ဆောင်ရမည့်အချက်များ - ၂

အိမ်ထောင်ရေးသာယာစေဖို့ လုပ်ဆောင်ရမည့်အချက်များ - ၂ google.com

အလေးအနက်ထားခြင်း

 

ချစ်သူစုံတွဲတွေအများစုကတော့ ခဏလေး အတွင်းမှာပဲ ပြတ်တောက်လေ့ ရှိကြပါတယ်။ အဲဒီလို ပြတ်တောက်ရတဲ့ အဓိကအကြောင်းရင်းထဲမှာ တစ်ယောက်ပြောတဲ့စကားကို တစ်ယောက်က အလေးအနက်ထား နားထောင်မှုမရှိတဲ့ အကြောင်းရင်းလည်း ပါဝင်ပါတယ်။

 

လေးနက်မှုနဲ့ နားထောင်တတ်မှုဆိုတာ ဘ၀မှာအရေးပါ လှပါတယ်။ အိမ်ထောင်ရေး သာယာဖို့အတွက် ဆိုရင်တော့ နားထောင်တတ်ဖို့ သင်ယူကြရမှာ ဖြစ်ပါတယ်။

 

တစ်ယောက်ပြောတဲ့ စကားအပေါ်မှာ အခြားတစ်ယောက်က အလေးအနက်ထား နားထောင်တတ်လာပြီဆိုရင်တော့ သင်တို့ချစ်ခြင်းက ကွဲကွာဖို့နဲ့ ခွဲခွာဖို့စိုးရိမ်ကြောင့်ကြရမှုတွေ နည်းပါးလာ ပါမယ်။

 

Read More >>>>>>>>  အိမ်ထောင်ရေးသာယာစေဖို့ လုပ်ဆောင်ရမည့်အချက်များ

 

ဖေးမမှုရှိခြင်း

 

ချစ်သူနှစ်ဦးဟာ တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန် ကူညီထိန်းကျောင်းမှု၊ ထောက်ပံ့မှုများ ရှိဖို့လိုအပ်ပါတယ်။

 

တစ်ဦးဦးက အထီးကျန်နေတယ်လို့ ခံစားနေရချိန်၊ လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတွေ ရင်ဆိုင်နေရချိန်တွေမှာ တစ်ဦးက တစ်ဦးရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်ပြီး လိုအပ်တဲ့ ကူညီမှု၊ အကြံပေးမှုတွေ ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။

 

ယင်းအချက်က တစ်ဦးနဲ့တစ်ဦးယုံကြည်မှုတွေ၊ အားကိုးစိတ်တွေ အပြန်အလှန်တည်ရှိလာပြီး နွေးထွေးမှုရှိတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:03
Rate this item
(2 votes)