မိန်းကလေးတိုင်းသိထားသင့်တဲ့ ယောက်ျားလေးတွေရဲ့ သဘောသဘာဝများ

မိန်းကလေးတိုင်းသိထားသင့်တဲ့ ယောက်ျားလေးတွေရဲ့ သဘောသဘာဝများ google.com

ယောက်ျားလေးနဲ့ မိန်းကလေးဆိုတာ မွေးလာကတည်းကိုက မတူညီမှုတွေ၊ ကွာခြားချက်တွေ အများကြီးနဲ့ မွေးဖွားလာသူတွေ ဖြစ်ပါတယ်။

 

 

အကျင့်စရိုက်၊ အတွေးအခေါ်၊ အပြုအမူတွေကအစ မတူညီကြပါဘူး။ မိန်းကလေးတွေအတွက် အရမ်းကို အရေးပါတဲ့အရာတစ်ခုဟာ ယောက်ျားလေးတွေအတွက် လုံးဝအရေးမပါတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဒါက သင့်ကိုမချစ်လို့ မဟုတ်ပါဘူး။ သူ့ရဲ့ ပင်ကိုယ်ဗီဇကိုက ဒီလိုဖြစ်နေလို့ပါ။ ဒီတော့ ခုဖော်ပြပေးမှာကတော့ ယောက်ျားလေးတွေနဲ့ ပတ်သက်လို့ မိန်းကလေးတိုင်း သိထားသင့်တဲ့ အရာလေးတွေဖြစ်ပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေရင်တော့ သင့်ကို သူမချစ်လို့မဟုတ်ဘူးဆိုတာလေးကို နားလည်ပေးလိုက်ပါနော်။

 

 

() သူတို့လည်း အတင်းတုပ်ပါတယ်

 

ယောက်ျားလေးတွေဟာ မိန်းကလေးတွေနည်းတူပဲ အတင်းတုပ်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ တစ်ဖက်သားကို ထိခိုက်စေမယ့် အကြောင်းအရာတွေတော့ များသောအားဖြင့် မပြောတတ်ကြပါဘူး။ သူတို့ပြောတဲ့အကြောင်းအရာတွေဟာ တစ်ဖက်သားကို နစ်နာစေလိုတဲ့ ဆန္ဒမပါပါဘူး၊ အပျော်သဘောနဲ့ ပြောတတ်ကြခြင်းသာဖြစ်ပါတယ်။

 

 

() အရမ်းမေ့တတ်တယ်

 

ယောက်ျားလေးတွေဟာ မွေးနေ့၊ နှစ်ပတ်လည် စတဲ့နေ့တွေကို မမှတ်ထားတတ်ကြပါဘူး။ ဒီလို မမှတ်ထားတာလည်း သင့်ကိုမချစ်လို့မဟုတ်ပဲနဲ့ သူတို့အတွက်က ဒီလိုအကြောင်းအရာတွေကို မမှတ်ထားလည်း ကိစ္စမရှိပါဘူးလို့ ယူဆလို့ဖြစ်ပါတယ်။ သူတို့အတွက် အချစ်ဆိုတာ လက်တွေ့ကျတာကြောင့် ဒီလိုနေ့ကြီးခါကြီးမျိုးမှမဟုတ်ဘဲ နေ့တိုင်းဟာ အရေးပါတယ်လို့ ယူဆထားလို့ဖြစ်ပါတယ်။

 

 

() အားကစားကို ရူးသွပ်ကြပါတယ်

 

ယောက်ျားလေးတွေဟာ ယောက်ျားဆန်တဲ့ အလုပ်တွေ အားလုံးကို နှစ်သက်ကြပါတယ်။ အထူးသဖြင့် အားကစားကို အရမ်း ရူးသွပ်ကြပါတယ်။ ကား၊ စက်ဘီး၊ ဘောလုံး၊ ကြက်တောင်လိုမျိုး အားကစားတွေအပြင် တခြားအားကစားတွေ တော်တော်များများကိုလည်း အရမ်းရူးသွပ်ကြပါတယ်။ ဒါကြောင့် ဒီအရာတွေကို အာရုံစိုက်ပြီးလုပ်ဖို့ သီးသန့်အချိန်တစ်ခုလိုအပ်ကြပါတယ်။

 

 

() အုပ်စုလိုက်လျှောက်လည်တတ်ကြပါတယ်

 

ယောက်ျားလေးတွေဟာ မိန်းကလေးတွေနဲ့ ကွဲပြားပါတယ်။ မိန်းကလေးတွေဟာ သူငယ်ချင်းေ်တွနဲ့တွေ့ရင် ခံစားချက်တွေကို ရင်ဖွင့်ပြီး တစ်ယောက်တစ်ခွန်း ရေပက်မဝင်အောင် ပြောတတ်ကြပေမယ့် ယောက်ျားလေးတွေ တွေ့ပြီဆိုရင်တော့ ခံစားချက်အကြောင်းကို မပြောကြတော့ပါဘူး။ ဟာသတွေ၊ ရယ်စရာတွေပြောပြီး တစ်ခါတလေ သောက်တတ်ကြပါတယ်။ ဒါဟာ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ လုပ်တတ်ကြတဲ့ သူတို့ရဲ့ မွေးရာပါဗီဇဖြစ်ပါတယ်။

 

 

() အချစ်ကိုဖော်ပြပုံ

 

ယောက်ျားလေးတွေဟာ ချစ်သူကို ချစ်ကြောင်း၊ မြတ်နိုးကြောင်းတဖွဖွ ပြောတတ်တဲ့သူတွေမဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့ အပြုအမူလေးတွေကနေတစ်ဆင့် သူတို့ဘယ်လောက်ချစ်ကြောင်း၊ မြတ်နိုးကြောင်းကို တွေ့မြင်လို့ ရပါတယ်။ သူတို့ချစ်တဲ့မိန်းကလေးအတွက် အနစ်နာခံပေးဆပ်တာ၊ စိတ်ရှည်သည်းခံတာတွေက သူတို့အချစ်ကို ဖော်ပြပေးတဲ့ နည်းလမ်းလေးတွေထဲက တစ်ခုဖြစ်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Friday, 12 October 2018 13:46
Rate this item
(1 Vote)