ချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်များ

ချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်များ google.com

ချစ်သူရသွားကြတဲ့ လူတွေက ကိုယ့်ချစ်သူ ကိုယ့်အနားမှာရှိနေရင် သာယာ ပြီးပြည့်စုံတဲ့

ဘ၀တစ်ခုလိုမျိုး ပျော်ရွှင်နေတတ်ကြပါတယ်။

 

ကိုယ့်ချစ်သူနဲ့ပတ်သက်တဲ့ ကိစ္စတွေအားလုံးကိုလည်း အသေးအမွှားကအစ ဂရုစိုက်မှုလေးတွေ ရှိတတ်ကြပါတယ်။

 

ကိုယ့်ချစ်သူနဲ့ အဆက်အသွယ်မရရင်လည်း သူဘယ်တွေလျှောက်သွားနေတာလဲ၊ ဘာတွေလုပ်နေတာလဲဆိုတာကို စိတ်ပူနေတတ်ကြပါတယ်။

 

တစ်နေ့နှစ်ခါလောက်ဖုန်းမဆက်ရင်ကိုဘဲ မနေနိုင်မထိုင်နိုင်ဖြစ်နေတတ်ကြပါတယ်။

 

ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်တဲ့အခါ စိတ်ဆိုးစိတ်ကောက်ဖြစ်ရင်လည်း တစ်လောကလုံးက ကိုယ့်ကို မခေါ်သလိုမျိုး ခံစားရတတ်ပါတယ်။

 

မည်သို့ပင်ဆိုစေကာမူ ကိုယ့်ချစ်သူကဘက်က မှန်မှန်မှားမှား အမြဲရပ်တည်ပေးတတ်ကြပါတယ်။

 

ချစ်သူနှင့် အဆင်မပြေသည့်အချိန်တိုင်း နောက်မှ ပြေလည်မယ်ဆိုတာသိပေမယ့်လည်း တောင်တွေးမြောက်တွေးပြီး ပူပန်နေတတ်ကြပါတယ်။

 

ကိုယ့်ချစ်သူစိတ်ဓာတ်ကျနေမယ်ဆိုရင်လည်း စိတ်ဓာတ်မကျအောင် ဆိုဆုံးမ ပြောဆိုပြီး ဖေးမကူညီပေးတတ်ကြပါတယ်။

 

ကိုယ့်ချစ်သူက သူများအတွက်ဘာမှမဟုတ်တဲ့သူဖြစ်နေပါစေ ကိုယ့်အတွက်ကတော့ အချိန်ပြည့် ဘ၀မှာ အရေးကြီးတဲ့ လူအဖြစ် လက်ခံထားတတ်ကြပါတယ်။

 

ကိုယ့်ချစ်သူက ကိုယ့်အပေါ်သူများတွေထက် နားလည်ပေးတတ်သူဖြစ်ပြီး သာယာတဲ့ အချစ်တစ်ခုဖြစ်အောင် ဖန်တီးပေးဖို့ အမြဲကြိုးစားနေတတ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:59
Rate this item
(4 votes)