ဘောလုံးပွဲကြိုက်တဲ့ကောင်မလေးကိုပိုင်ဆိုင်ထားပြီလား

ဘောလုံးပွဲကြိုက်တဲ့ကောင်မလေးကိုပိုင်ဆိုင်ထားပြီလား google.com

အလှအပကိစ္စတွေသာ တစ်ချိန်လုံးလုပ်နေတဲ့ကောင်မလေးထက် ဘောလုံးပွဲကြိုက်နှစ်သက်တဲ့မိန်းကလေးမျိုးကို

ရည်းစားတော်ထားရပြီလား။ ဒါဆိုရင်တော့သင်ဟာ အမြဲတမ်းပျော်ရွှင်နေရမှာပါ။ ကိုယ်ကလည်း ဘောလုံးပွဲကြိုက်တဲ့သူဖြစ်ဖို့တော့လိုတာပေါ့နော်။ ဒါမှအပေးအယူတည့်ပြီး ပျော်ရွှင်စရာကောင်းတဲ့ချစ်သူဘ၀ကို ရရှိပိုင်ဆိုင်နိုင်မှာပါ။

 

ဘောလုံးပွဲဆိုတာမျိုးကလည်း အိမ်မှာတစ်ယောက်တည်းထိုင်ကြည့်နေတာထက် အပေါင်းအသင်းတွေနဲ့ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်မျိုးတွေမှာ အော်ဟစ်အားပေးပြီးကြည့်ရတာက ပိုပြီးအသက်ဝင်စေပါတယ်။ ဒီလိုအပေါင်းအသင်းတွေနဲ့ ဆိုင်ထိုင်တာမျိုးကို ဘောလုံးပွဲကြိုက်တဲ့ချစ်သူမျိုးက ပိတ်ပင်တားဆီးမှာမဟုတ်တဲ့အပြင် ကိုယ်နဲ့တောင်အတူတူလိုက်ကြည့်ဦးမှာဆိုတော့ ပျော်စရာကြီးပေါ့နော်။

 

 Read More: မိန်းကလေးတွေစိတ်ကောက်ရခြင်းအကြောင်းရင်း

 

chica0 20062014

 

ယောင်္ကျားလေးအများစုက ရုပ်ရည်ချောမောလှပတဲ့မိန်းကလေးတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဘောလုံးပွဲတွေညနက်အထိကြည့်ပြီး အိပ်ရေးမ၀၊ မျက်နှာလေးချောင်ကျနေတဲ့ ကိုယ့်ချစ်သူကောင်မလေးကိုမှ သင်က တမ်းတမ်းစွဲဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ အချစ်စစ်အချစ်မှန်ပါပဲ။

 

ဘောလုံးပွဲကြိုက်တဲ့ကောင်မလေးတွေဟာ ကိုယ့်အပေါ်ဖောက်ပြန်မှာလည်းစိတ်မပူရပါဘူး။ သူ့ရဲ့စိတ်တွေဟာ ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်တဲ့ ရိုနယ်လ်ဒို၊ မက်ဆီ၊ နေမာ တို့ဆီမှာသာရှိတဲ့အတွက် ကိုယ်ချစ်သူကောင်မလေးဟာ တခြားကောင်လေးနောက်ပါသွားမှာ စိုးရိမ်စရာမလိုတော့ပါဘူး။

 

 

ကဲ ….. သင့်ချစ်သူဟာ ဘောလုံးပွဲကြိုက်တဲ့ကောင်မလေးတစ်ယောက်လား ?

 

Source – Lwin Pyin

Read times Last modified on Wednesday, 19 September 2018 11:03
Rate this item
(1 Vote)