ပျော်ရွှင်စရာ မိသားစုဘဝလေးဖြစ်ဖို့ ဇနီးမောင်နှံနှစ်ဦး လိုက်နာရမယ့်စည်းကမ်း

ပျော်ရွှင်စရာ မိသားစုဘဝလေးဖြစ်ဖို့ ဇနီးမောင်နှံနှစ်ဦး လိုက်နာရမယ့်စည်းကမ်း google

ပျော်ရွှင်ခြင်းဆိုတာလူတိုင်းအမြဲ မရှိနိုင်တဲ့အရာတစ်ခုပါ။

 


လူ့ဘဝခဏတာလေးအတွင်းမှာ ပျော်ပျော်ရွှင်ရွှင်လေးသာနေသင့်ပါတယ်။


ပျော်ရွှင်မှူဆိုတာ ကိုယ်တိုင်ဖန်တီးယူရတာပါ။


ဒီလို ပျော်ရွှင်မှူလေးတွေကိုယ့်မိသားစုထဲမှာအမြဲ ရှိနေစေဖို့စုံတွဲလေးတို့လိုက်နာရမယ့်အချက်လေးတွေ ရှိပါတယ်နော်။


(၁) တစ်ယောက်အပေါ်တစ်ယောက်လေးစားမှူရှိပါ။


(၂) တစ်ယောက်ကိုတစ်ယောက်မအော်ပါနဲ့ ။


(၃) ကိုယ့်အပေါ်ဆက်ဆံစေချင်တဲ့ပုံစံကိုပြောပြပါ


(၄) စကားပြောတဲ့အခါ သိမ်မွေ့သောစကားမျိုးကိုသာပြောပါ။


(၅) အပြစ်လုပ်ထားရင်တောင်နားလည်မှုရှိတဲ့ပုံစံမျိုးနဲ့ပြောပြပေးပါ


(၆) အမှန်တရားကိုပဲ ပြောပါ


(၇) ဒေါသထွက်လို့ ကြမ်းတမ်းသောစကားမျိုး ပြောခဲ့မိရင် ပြန်တောင်းပန်ပါ။


(၈) ကိုယ့်ရဲ့အပြောအဆိုအပြုအမူတိုင်းကိုယ်တာဝန်ယူမှူရှိပါစေ။


(၉) ရွေးချယ်စရာတွေအတွက် ချစ်တဲ့သူတွေကိုစဉ်းစားပြီး အကောင်းဆုံးရွေးချယ်ပါ။


(၁၀) အချင်းချင်း ပေးထားတဲ့ကတိတွေကိုတည်အောင်ကြိုးစားပါ။


ဒီစည်းကမ်းလေးတွေကို ဇနီးမောင်နှံနှစ်ဦးစလုံးလိုက်နာစောင့်ထိန်းကြဖို့ လိုသလို သားသား မီးမီးလေးတွေရလာတဲ့အခါကျရင်လည်း

 

ဒီလို အပြုအမူလေးတွေကိုလိုက်နာတတ်ဖို့ သင်ကြားပေးရပါမယ်နော်….

 

ဒါမှ ပျော်ရွှင်စရာ မိသားစုလေးကိုပိုင်ဆိုင်နိုင်မှာပါနော်………..

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)