စိတ်ကောက်တတ်တဲ့ချစ်သူလေးကို ဘယ်လိုချော့မလဲ...

စိတ်ကောက်တတ်တဲ့ချစ်သူလေးကို ဘယ်လိုချော့မလဲ... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ စိတ်ကောက်တတ်တဲ့ချစ်သူလေးကို ဘယ်ကနေစချော့ရမှန်းမသိလို့ စိတ်ရှုပ်နေတဲ့သူတွေအတွက် ချော့နည်းလေးတွေကို Myanmar Wedding Guide ကဝေမျှပေးချင်ပါတယ်။

ကောက်စိန်လေးတွေကို ချော့ရတာကနည်းမသိရင်တော်တော် အခက်တွေ့တတ်တာဆိုတော့ အခုဖော်ပြပေးမယ့်နည်းလေးတွေက မချော့တတ်သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ကဲ စိတ်ကောက်နေတဲ့ချစ်သူကို ချော့ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေက ဘာတွေဖြစ်မလဲဆိုတော့…

စိတ်ကောက်နေတဲ့ချစ်သူကိုချော့ဖို့ အမြန်ဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့ သူကြိုက်တတ်တဲ့ အစားအစာလေးတွေကိုဝယ်ကျွေးတာပါပဲနော်။

ဒီလိုဝယ်ကျွေးတာက သူ့ကိုချော့ရာရောက်သလို သူ့ကြိုက်တတ်တာလေးတွေကိုကိုယ်မှတ်ထားခြင်းအားဖြင့် သူ့ကို အလေးအနက်ထားပါတယ်ဆိုတဲ့သဘောလေးလည်းဖြစ်လို့ သူလည်းကျေနပ်လောက်မှာပါနော်။

ကိုယ်က အပြစ်တစ်ခုခုလုပ်ထားလို့ သူက စိတ်ကောက်နေတာဆိုရင် ကိုယ်လုပ်ထားတဲ့အပြစ်ကို အမြန်ဆုံးဝန်ခံလိုက်ပါ။

ပြီးရင်တော့ ဘာကြောင့်ဒီလိုမျိုးဖြစ်သွားတယ်ဆိုတာကို သေချာလေးရှင်းပြပေးပါ။အပြစ်လုပ်ထားရဲ့သားနဲ့ မလုပ်ထားဘူးဆိုပြီး အတင်းငြင်းတာမျိုးက နှစ်ဦးကြားမှာ ရှိပြီးသားယုံကြည်မှုကိုပျက်သွားစေလို့ သတိထားပေးပါနော်။

ဒါကြောင့်အပြစ်လုပ်ထားလို့ သူစိတ်ကောက်နေပြီဆို ဝန်ခံပြီးဖြေရှင်းချက်ပေးတာက သူ့ကိုချော့ဖို့အကောင်းဆုံးနည်းလမ်းပါပဲနော်။

ကိုယ့်အနေနဲ့ သူမကြိုက်တာကိုလုပ်မိထားတဲ့အတွက်''ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး''လို့ ကတိပေးပေးပါ။ ကတိတည်ဖို့က နောက်ပိုင်းကိုယ့်ဘာသာကြိုးစားရမှာဖြစ်ပြီး အရင်ဆုံးသူ့ရဲ့စိတ်လုံခြုံမှုအတွက် ကတိပေးဖို့တော့ လိုပါတယ်။

ဒါမှသာအတိုင်းအတာတစ်ခုအထိ ပြေလည်သွားနိုင်ပါတယ်နော်။ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ချစ်တဲ့သူကိုချော့ခွင့်ရတယ်ဆိုတာကလည်း ကံကောင်းမှုတစ်ခုဖြစ်တာကြောင့် မငြိုမငြင်ချော့ပြီးသဘောထားကြီးကြောင်းပြသနိုင်ပါတယ်နော်။

Ice cream ရေခဲမုန့်ဆိုင် ၃၆၂ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ စိတ္ေကာက္တတ္တဲ့ခ်စ္သူေလးကို ဘယ္ကေနစေခ်ာ့ရမွန္းမသိလို႔ စိတ္ရႈပ္ေနတဲ့သူေတြအတြက္ ေခ်ာ့နည္းေလးေတြကို Myanmar Wedding Guide ကေဝမွ်ေပးခ်င္ပါတယ္။

ေကာက္စိန္ေလးေတြကို ေခ်ာ့ရတာကနည္းမသိရင္ေတာ္ေတာ္ အခက္ေတြ႕တတ္တာဆိုေတာ့ အခုေဖာ္ျပေပးမယ့္နည္းေလးေတြက မေခ်ာ့တတ္သူေတြအတြက္ အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ကဲ စိတ္ေကာက္ေနတဲ့ခ်စ္သူကို ေခ်ာ့ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းေတြက ဘာေတြျဖစ္မလဲဆိုေတာ့…

စိတ္ေကာက္ေနတဲ့ခ်စ္သူကိုေခ်ာ့ဖို႔ အျမန္ဆုံးနဲ႔အထိေရာက္ဆုံးနည္းလမ္းကေတာ့ သူႀကိဳက္တတ္တဲ့ အစားအစာေလးေတြကိုဝယ္ေကြၽးတာပါပဲေနာ္။

ဒီလိုဝယ္ေကြၽးတာက သူ႔ကိုေခ်ာ့ရာေရာက္သလို သူ႔ႀကိဳက္တတ္တာေလးေတြကိုကိုယ္မွတ္ထားျခင္းအားျဖင့္ သူ႔ကို အေလးအနက္ထားပါတယ္ဆိုတဲ့သေဘာေလးလည္းျဖစ္လို႔ သူလည္းေက်နပ္ေလာက္မွာပါေနာ္။

ကိုယ္က အျပစ္တစ္ခုခုလုပ္ထားလို႔ သူက စိတ္ေကာက္ေနတာဆိုရင္ ကိုယ္လုပ္ထားတဲ့အျပစ္ကို အျမန္ဆုံးဝန္ခံလိုက္ပါ။

ၿပီးရင္ေတာ့ ဘာေၾကာင့္ဒီလိုမ်ိဳးျဖစ္သြားတယ္ဆိုတာကို ေသခ်ာေလးရွင္းျပေပးပါ။အျပစ္လုပ္ထားရဲ႕သားနဲ႔ မလုပ္ထားဘူးဆိုၿပီး အတင္းျငင္းတာမ်ိဳးက ႏွစ္ဦးၾကားမွာ ရွိၿပီးသားယုံၾကည္မႈကိုပ်က္သြားေစလို႔ သတိထားေပးပါေနာ္။

ဒါေၾကာင့္အျပစ္လုပ္ထားလို႔ သူစိတ္ေကာက္ေနၿပီဆို ဝန္ခံၿပီးေျဖရွင္းခ်က္ေပးတာက သူ႔ကိုေခ်ာ့ဖို႔အေကာင္းဆုံးနည္းလမ္းပါပဲေနာ္။

ကိုယ့္အေနနဲ႔ သူမႀကိဳက္တာကိုလုပ္မိထားတဲ့အတြက္''ဒီလိုမ်ိဳး ထပ္မျဖစ္ေစရပါဘူး''လို႔ ကတိေပးေပးပါ။ ကတိတည္ဖို႔က ေနာက္ပိုင္းကိုယ့္ဘာသာႀကိဳးစားရမွာျဖစ္ၿပီး အရင္ဆုံးသူ႔ရဲ႕စိတ္လုံၿခဳံမႈအတြက္ ကတိေပးဖို႔ေတာ့ လိုပါတယ္။

ဒါမွသာအတိုင္းအတာတစ္ခုအထိ ေျပလည္သြားႏိုင္ပါတယ္ေနာ္။ ဘယ္လိုပဲျဖစ္ျဖစ္ကိုယ္ခ်စ္တဲ့သူကိုေခ်ာ့ခြင့္ရတယ္ဆိုတာကလည္း ကံေကာင္းမႈတစ္ခုျဖစ္တာေၾကာင့္ မၿငိဳမျငင္ေခ်ာ့ၿပီးသေဘာထားႀကီးေၾကာင္းျပသႏိုင္ပါတယ္ေနာ္။

Ice cream ေရခဲမုန္႕ဆုိင္ ၃၆၂ ဆုိင္ကိုရွာရန္ႏွိပ္ပါ။

 

Myanmar Wedding Guide

 

1we

 
Read times Last modified on Friday, 28 February 2020 17:14
Rate this item
(0 votes)
Tagged under