ပျိုမေတို့ချစ်သူကောင်လေးရဲ့အမူအကျင့်တွေပြောင်းလဲစေချင်ရင်ဒီအချက်(၅)ချက်ကိုလိုက်နာပါ

ပျိုမေတို့ချစ်သူကောင်လေးရဲ့အမူအကျင့်တွေပြောင်းလဲစေချင်ရင်ဒီအချက်(၅)ချက်ကိုလိုက်နာပါ google.com

ကောင်မလေးတွေဟာ သူတို့ချစ်သူကောင်လေးတွေကို သူတို့စိတ်ကြိုက်ပြောင်းလဲစေချင်ပြီး ပြောင်းလဲဖို့လည်း ကြိုးစားကြပါတယ်။ ဒါပေမယ့် ချစ်သူကောင်လေးကတော့ ကိုယ်ဖြစ်စေချင်သလို မပြောင်းလဲသွားဘဲ ကိုယ်ကပဲ စိတ်ပင်ပန်းပြီး ကျန်ခဲ့ရတာပါ

 

 

ကဲ ပျိုမေတို့လည်း အဲဒီလိုမဖြစ်ရအောင်၊ ချစ်သူကောင်လေးတွေကို ကိုယ်လိုချင်တဲ့ပုံစံမျိုး ဖြစ်လာအောင် အမှန်တကယ်ပြောင်းလဲယူလို့ရမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

() သူ့ကိုစိတ်ရှုပ်အောင်မလုပ်ပါနဲ့၊ ဖိအားမပေးပါနဲ့

 

မိန်းကလေးတွေဟာ သူတို့ချစ်သူနဲ့ပတ်သက်လို့ စိတ်တိုင်းမကျတာတွေရှိလာတိုင်း အဲ့ဒီအကြောင်းအရာကို ပါးစပ်ကနေတတွတ်တွတ်ပြောနေတတ်ပြီး သူတို့ဖြစ်ချင်တာကို အတင်းအကြပ်တောင်းဆိုတတ်ပါတယ်။ တကယ်တော့ အဲ့လိုလုပ်တာက ကိုယ်လိုချင်တာရဖို့ ပိုဝေးသွားစေပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာဖြစ်ဖို့အတွက် တစ်ဖက်သားကို စိတ်ရှုပ်အောင်မလုပ်ဖို့ ၊ ဖိအာမပေးမိဖို့လိုပါတယ်။

 

 

() သူ့ ဆန္ဒတွေကိုအလေးထားပါ

 

ကိုယ်ဖြစ်ချင်တာတွေကျ အကုန်လိုက်လုပ်စေချင်ပြီး သူဖြစ်ချင်တာတွေကျ မသိသလိုနေမယ်ဆိုရင်တော့ နှစ်ယောက်သားက အဆင်ပြေမှာမဟုတ်ပါဘူး။ သူ့ကို ကိုယ်လိုချင်သလိုမျိုးဖြစ်စေချင်ရင် ၊ ကိုယ်ကလည်း သူလိုချင်သလိုပြောင်းလဲပစ်ဖို့ဝန်မလေးသင့်ပါဘူး။

 

 

() ချွဲပါ

 

ကဲ … ဒါကတော့ သော့ချက်ပါ။ ချွဲတာမကြိုက်တဲ့ ကိုကို၊မောင်မောင်ဆိုတာ ရှိကိုမရှိပါဘူး။ ကိုယ်ဖြစ်ချင်တာတွေ၊ လိုချင်တာတွေကို ဓားပြတိုက်သလို တောင်းယူနေမယ့်အစား ချွဲနွဲ့ပြီးတောင်းဆိုလိုက်ပါနော်။ သူတို့လိုက်လျောမှာပါ။ အလွန်အကျူးတွေတော့ မဖြစ်စေနဲ့ပေါ့။

 

 

() ကိုယ်သူကြောင့်ပြောင်းလဲလာတာလေးတွေကိုသူသတိထားမိအောင်ပြောပြပါ

 

ကိုယ်ကပဲသူ့ကိုတစ်ဖက်သတ်ပြောင်းလဲခိုင်းတာမဟုတ်ဘူး၊ ကိုယ့်ဘက်ကလည်း သူ့အတွက်ပြောင်းလဲထားတာလေးတွေရှိတယ်ဆိုတာကို သူသိအောင် ပြောပြပေးပါ။ ကိုယ့်ရဲ့ပြောင်းလဲမှုက သူ့အတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာလေးတွေကိုပါ သူသိအောင်ပြောရမှာပါ။ ဒါပေမယ့် သူ့ဆီကလိုချင်လို့ကိုယ့်ဘက်က ပေးလိုက်တဲ့ပုံစံမျိုးတော့မဖြစ်ပါစေနဲ့။ဘာလို့ဆို အချစ်ရေးမှာ အပေးအယူသဘောမျိုးထက် ၊ တစ်ယောက်နဲ့တစ်ယောက်စိတ်ချမ်းသာစေချင်လို့ ဆိုတဲ့ အသွားအပြန်သဘောမျိုးလေးက သင်တို့ကိုပိုပျော်စေမှာမို့ပါ။

 

 

() စိတ်ရှည်ပါ

 

ကိုယ်တောင်မှအကျင့်တစ်ခုကို ပြောင်းလဲဖို့ အချိန်တော်တော်ယူမှရတာကို သူများကိုကျ အခုချက်ချင်းပြောင်းစေချင်လို့မရပါဘူး။ ဒါကြောင့် ကိုယ့်ဘက်က သူပြောင်းလဲလာတာလိုချင်ရင် စိတ်ရှည်မှရမှာပါ။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)