လက်ရှိအချစ်ရေးကိုရှေ့ဆက်ဖို့ထက်ရပ်တန့်ဖို့သင့်ကြောင်း ဖော်ပြနေတဲ့အချက် (၇) ချက်

လက်ရှိအချစ်ရေးကိုရှေ့ဆက်ဖို့ထက်ရပ်တန့်ဖို့သင့်ကြောင်း ဖော်ပြနေတဲ့အချက် (၇) ချက် google.com

သင့်အနေနဲ့လက်ရှိအချစ်ရေးနဲ့ပတ်သက်လို့ အရမ်းတွေစိတ်ပင်ပန်းငြီးငွေ့နေပြီ ၊ ဒါပေမယ့် သင်တို့နှစ်ယောက်တွဲလာတဲ့အချိန်တွေကလည်းကြာတော့ ဒီအချစ်ရေးကိုလက်လွှတ်ဆုံးရှုံးဖို့ကျတော့လည်း နှမြော

၊ နှစ်ယောက်ကြားက သံယောဇဉ်ကြောင့်လည်း ရှေ့ဆက်ရမလား၊ ရပ်တန့်ရမလား ဘယ်လိုမှစဉ်းစားဆုံးဖြတ်လို့မရ ဖြစ်နေတယ်ဆိုရင် အခုပြောမယ့်အချက်တွေကို ဖတ်ကြည့်လိုက်ပါ။ သင်တို့နှစ်ယောက်ကြားမှာ ဒီအချက်တွေဖြစ်နေတယ်ဆိုရင် ရှေ့ဆက်ဖို့ထက် ရပ်တန့်လိုက်တာကပိုအဆင်ပြေမှာပါ။

 

 

() တစ်ယောက်နဲ့တစ်ယောက် မယုံကြတော့ဘူး

 

ယုံကြည်မှုဟာ ချစ်သူနှစ်ယောက်ကြားမှာ တော်တော်အရေးကြီးတဲ့အရာပါ။ နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက်ကြား လေးနက်မှုမရှိတော့ဘူး ၊ အပြန်အလှန်ယုံလို့လည်း မရတော့ဘူးဆိုရင်တော့ ဒီအချစ်ရေးကို ရပ်တန့်လိုက်တာ အကောင်းဆုံးပါ။

 

 

() မတူ၊ မတန်ဘူးလို့ ထင်လာတယ်

 

တစ်ဖက်ဖက်က ပိုသာနေတယ်လို့ထင်နေတာမျိုး၊ ငါကသူနဲ့မတန်ဘူး ၊ သူကငါနဲ့မတန်ဘူး အဲ့ဒီလိုအတွေးတွေ ၀င်လာပြီိဆိုရင်၊ ငါတို့နှစ်ယောက်ကမတူတာတွေ အရမ်းများလိုက်တာဆိုတဲ့အတွေးကို တစ်နေ့ထက်တစ်နေ့ ပိုပိုတွေးမိနေပြီဆိုရင်တော့ ရှေ့ဆက်ဖို့ထက်ရပ်တန့်ဖို့က ပိုအဆင်ပြေမှာပါ။

 

 

() အနာဂတ်နဲ့ပတ်သက်လို့ တွေးလိုက်တိုင်း သူ/သူမ ကို ထည့်မတွေးမိတော့ဘူး

 

နှစ်ယောက်တစ်ဘဝတည်ထောင်ချင်တဲ့သူတွေက အနာဂတ်အကြောင်း စဉ်းစားတဲ့အချိန်မှာ သူ/သူမ ကို ထည့်မစဉ်းစားမိတော့ဘူးဆိုရင်တော့ အဆင်ပြေနိုင်မယ့်အခြေအနေ မဟုတ်တော့ပါဘူး။

 

 

() နှစ်ယောက်လုံးမပျော်ကြတော့ဘူးဆိုရင်

 

အချစ်ရေးမှာ ပျော်ရွှင်မှုကလည်း အရေးကြီးပါတယ်။ သူက ကိုယ်နဲ့ရှိတဲ့အချိန်တွေမှာ မပျော်ရွှင်ဘူးဖြစ်နေမယ်၊ စိတ်ညစ်နေမယ်ဆိုရင် ကိုယ်လည်းပျော်နိုင်တော့မှာ မဟုတ်ပါဘူး။ ကိုယ်နဲ့အတူရှိတဲ့အချိန် သူပျော်နေလား၊ မပျော်နေလားဆိုတာကတော့ အရမ်းကိုသိသာပါတယ်။ မသိရင်တော့ တော်တော်ညံ့လို့ပါ။ အဲ့ဒီလိုအပြန်အလှန် မပျော်ရွှင်ဘူးဖြစ်နေရင်တော့ သင်တို့နှစ်ယောက်က ရှေ့မဆက်တော့တာ အကောင်းဆုံးပါ။

 

 

() သူ/သူမ မဟုတ်တဲ့ တစ်ယောက်ယောက်နဲ့ဘဝကို ဖြတ်သန်းဖို့တွေးမိနေရင်

 

အနာဂတ်အတွက် တွေးတဲ့အတွေးမှာ မပါရုံမဟုတ်တော့ဘဲ သူမဟုတ်တဲ့တစ်ယောက်ယောက်နဲ့ ဖြတ်သန်းဖို့တွေးမိနေပြီဆိုရင်လည်း အခုလက်ရှိအချစ်ရေးကို ရပ်တန့်ပစ်တာ အကောင်းဆုံးပါ။

 

 

() သူ/သူမနဲ့လက်ထပ်ဖို့တွေးလိုက်တိုင်း စိတ်လှုပ်ရှားမှု မဖြစ်တော့ဘူးဆိုရင်

 

ကိုယ်ချစ်တဲ့သူနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားမှုကိုမခံစားရတော့တာဟာ အချိန်ကြာလာလို့ သွေးအေးသွားတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူနဲ့လက်ထပ်ဖို့စဉ်းစားလိုက်မယ်ဆိုရင်တော့ နွေးထွေးမှုနဲ့စိတ်လှုပ်ရှားမှုကို ပြန်ခံစားရမှာပါ။ အဲ့ဒီလိုမဟုတ်ဘဲ လက်ထပ်ဖို့စဉ်းစားတာတောင် စိတ်မလှုပ်ရှားတော့ဘူး၊ ထူးခြားမှု မရှိဘူးဆိုရင်တော့ သင်တို့နှစ်ယောက်ကြားကခံစားချက်တွေက လုံးဝကိုအေးစက်သွားပါပြီ။

 

 

() တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေလို့ခံစားလာရပြီဆိုရင်

 

ချစ်သူနှစ်ယောက်က သူငယ်ချင်းတွေထက်တော့ ပိုရင်းနှီးကြတာအမှန်ပါ။ အဲ့ဒီလို ရင်းနှီးတဲ့သူနှစ်ယောက်က သူစိမ်းတွေလိုခံစားနေရပြီဆိုရင်တော့ သင်တို့တွေတကယ်စိမ်းသွားပြီလို့ ယူဆလို့ရပါတယ်။ တော်ရုံခံစားချက်နဲ့တော့ ဒီလိုစိမ်းနေတဲ့ခံစားချက်တွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ဆက်မယ့်အစား ရပ်တန့်တာပိုကောင်းပါတယ်။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 10:57
Rate this item
(1 Vote)