Crush နဲ့ Date တော့မယ်ဆိုရင်

Crush နဲ့ Date တော့မယ်ဆိုရင် google.com

() ရဲရဲ ဝံ့ဝံ့ ချိန်းဆိုမှု ပြုပါ

တချို့ကောင်လေးတွေ ရှိတယ် ။ ကြိုက်နေတဲ့ ကောင်မလေး ကို တွေ့ရဖို့ကို မတော်တဆ တွေ့မှာလိုလို ၊ မရည်ရွယ်သလို ခရီးသွားဟန်လွဲ တွေချိန်းတာလေ ။ အဲ့တာက တစ်ဖက် မိန်းကလေး ကို မလေးစားရာရောက်တဲ့ အပြင် အရမ်း impression down စေ ပါတယ် ။

ကိုယ်က သူ့အပေါ် မရိုးသားတာ သေချာနေပြီပဲ ၊ ဘာလို့ ဝေ့လည်ကြောင်ပတ် တွေ ချိန်းနေမလဲ ?ကျွန်တော် ခဗျား နဲ့ တွေ့ဆုံချင်လို့ ညနေစာ အတူ စားကြရအောင်လား လို့ပြောတာ တကယ်တော့ ဘာမှ မခက်ခဲဘူးနော် ။ ဒါပေမယ့် ကောင်မလေး တွေက အဲ့လို အပြုအမူမျိုး တွေဆို အရမ်းသဘောကျ ကြပါတယ် ။

 

() ပန်းတွေဟာ အကောင်းဆုံးလက်ဆောင်

Ro မယ့် ro အပြည့်အဝ ro ကြပါ ။ ပန်းမကြိုက်တဲ့ မိန်းကလေး ရှိချင်ရှိလိမ့်မယ် ။ ဒါပေမယ့် ကိုယ့်ကိုယ် တစ်ယုတစ်ယ ပန်းတွေလာပေးတဲ့ ကောင်လေး ကိုတော့မကြိုက်တဲ့ မိန်းကလေးတော့ မရှိပါ ။ ကိုယ့်ကို ငကြောင်လို့ ထင်ခံရမှာ မကြောက်ပါနဲ့ ။ Date မှာ ပန်းပေးတာဟာ တစ်ဖက်မိန်းကလေး ကို တန်ဖိုးထားတဲ့ အပြုအမူ ဖြစ်ပြီး ပန်းတွေက လေးနက်တဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ် ။

 

() နေရာကောင်း ၊ အချိန်ကောင်း ရွေးချယ်တတ်ပါစေ

ညနေ ၆ နာရီ ဝန်းကျင်ကတော့ Dinner date လုပ်ဖို့အတွက် အကောင်းဆုံးဖြစ်ပြီး တကယ်လို့ တစ်ဖက် မိန်းကလေး က ထွက်မရဘူးဆိုလည်း နေ့လည်စာ အတူ သွားစားနိုင်ပါတယ် ။ဖြစ်နိုင်ရင် စားသောက်ဆိုင်ကောင်းကောင်းကို ရွေးချယ်ပါ ။ သူ့ အကြောင်း ကိုယ့်အကြောင်းပြောကြရင်း ပေါ့ပေါ့ပါးပါးပဲ first date ကို ဖြတ်သန်းပါ ။

 

() သပ်သပ်ရပ်ရပ် ဝတ်စားပါ ၊ အပြုအမူကို ဂရုစိုက်ပါ

တကယ်တော့ ဒါက အထွေအထူးပြောစရာ မလိုပါဘူး ။ ကောင်မလေး နဲ့ သွားတွေ့ရင် အကြီးအကျယ် ရွိုင်းကြမှာပါပဲ ။ အရေးကြီးတာ သပ်ရပ် ဖို့ပါ ။ရှုပ်ရှပ်ရှက်ရှက် တွေ မဝတ်ပါနဲ့ ။အစာစားရင် အိနြေ္ဒရရ စားပါ ။ကားပေါ် အဆင်း၊ အတတ်တွေမှာ ကားတံခါးဖွင့် ပေးတာမျိုး ၊ စားသောက်ဆိုင်မှာ မိန်းကလေး ထိုင်ဖို့ ခုံနေရာချ ပေးတာမျိုး ကို မမေ့မလျော့ လုပ်ပါ။စကားအကျယ်ကြီးပြောတာ ရှောင်ပါ ။ မလိုအပ်ပဲ လေကြီးလေကျယ် တွေ မပြောပါနဲ့ ။ မိန်းကလေး တွေက ကြွားတတ်တဲ့ယောကျာ်းတွေကို အထင်မကြီးတဲ့အပြင် အမြင်ပါ ကတ်တတ် တယ်နော် ။

ပြီးပြည့်စုံတဲ့ Date တစ်ခု ဖြစ်ဖို့အတွက် ဒီ ၄ ချက်ထက် မပို ၊ မလို သော နည်းဖြင့် ကြိုးစားကြပါ အမျိုးကောင်းသားတို့ ။

 

Credit;လူငယ်မီဒီယာ

Read times Last modified on Wednesday, 19 September 2018 09:57
Rate this item
(1 Vote)