အိမ်ထောင်ရေးသာယာစေဖို့ လုပ်ဆောင်ရမည့်အချက်များ

အိမ်ထောင်ရေးသာယာစေဖို့ လုပ်ဆောင်ရမည့်အချက်များ google.com

နှစ်ဦးအတူတူခရီးထွက်ခြင်း


ချစ်သူနှစ်ဦးကြား တည်ကြည်ခိုင်မာပြီး ချစ်ခြင်းတရားရှိလာဖို့အတွက်က ပျော်ရွှင်စရာ ခရီးတစ်ခုကို နှစ်ဦး အတူတူသွားသင့်ပါတယ်။


ဒီလိုမျိုးသွားခြင်းအားဖြင့် အပြန်အလှန်ဂရုစိုက်မှု၊ စောင့်ရှောက်မှုများရှိလာပြီး တစ်ဦးပေါ်တစ်ဦး ပိုမိုအားကိုးလာစိတ်၊ ယုံကြည်မှုစိတ်တို့ မြင့်တက်လာစေမှာဖြစ်ပါတယ်။


ဒီလို အခြေအနေကမှတဆင့် ခိုင်မြဲတဲ့ မေတ္တာတရားတွေနဲ့ရှေ့ဆက်လျှောက်လှမ်းဖို့ စိတ်ခွန်အားတွေလည်း ရရှိစေမှာဖြစ်ပါတယ်။

 

မိဘများနှင့် မကြာခဏတွေ့ဆုံခြင်း


နှစ်ဘက်မိဘများနှင့် မကြာခဏတွေ့ဆုံခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး သေတပန် သက်တဆုံး လက်တွဲကြဖို့ဆိုတဲ့ အမြင်မျိုးကို ရရှိစေမှာဖြစ်ပါတယ်။


နှစ်ဘက်မိဘတွေနဲ့ပေးတွေ့ခြင်းအားဖြင့် မိမိလက်တွဲဖော်ရဲ့အကြောင်းကို နှစ်ဖက်မိဘတွေလည်း သိရှိလာမှာဖြစ်ပြီး မိသားစုအချင်းချင်း ရင်းနှီးမှုလည်း ရရှိစေမှာဖြစ်ပါတယ်။


ပွင့်လင်းရိုးရှင်းမှုအပြည့်အ၀နဲ့ လက်တွဲကြမယ်ဆိုရင်တော့ ချစ်သူတို့ရဲ့ အချစ်သက်တမ်းက ရည်ရွယ်ထားတဲ့အတိုင်း ခိုင်မြဲမှုအပြည့်အ၀ရှိလာမှာဖြစ်ပါတယ်။

 

နှစ်ဦးအတူလွတ်လပ်စွာနေထိုင်ခြင်း


ချစ်သူဘ၀မှာ ရိုမန်းတစ်ဆန်ဆန်လေးတွေ ပြုမူနေထိုင်တာတွေက နှစ်လိုဖွယ်ရာကောင်းလှပါတယ်။ အဲဒီလို ရိုမန်းတစ်ဆန်တာမျိုးက အခင်မင်ဆုံး၊ အရင်းနှီးဆုံးဆိုတဲ့ သူငယ်ချင်းတွေပုံစံမျိုး ရှိနေတာကလည်း ချစ်သူနှစ်ဦးကြားက သံယောဇဉ်တွေကို အမြဲတမ်း ဆန်းသစ်စေမှာဖြစ်ပါတယ်။


နှစ်ဦးအတူတူ ဟာသလေးတွေ ပြောပြီး ရယ်မောနေတာမျိုး၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံတာမျိုး အစရှိတဲ့ သူငယ်ချင်းပုံစံ ချစ်သူဘ၀ကလည်း နှစ်ဦးကြားမှာ ဆန်းသစ်တဲ့ချစ်ခြင်းမျိုးတွေကို တွေ့ကြုံခံစားရစေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:03
Rate this item
(3 votes)