ချစ်သူနဲ့စကားများရန်ဖြစ်တဲ့အချိန်မှာလုံးဝလုံးဝမပြုလုပ်သင့်တဲ့အချက်များ…

ချစ်သူနဲ့စကားများရန်ဖြစ်တဲ့အချိန်မှာလုံးဝလုံးဝမပြုလုပ်သင့်တဲ့အချက်များ… google

အားလုံးပဲ မင်္ဂလာပါရှင့်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ချစ်သူနဲ့စကားများရန်ဖြစ်တဲ့အချိန်မှာလုံးဝလုံးဝမပြုလုပ်သင့်တဲ့အချက်လေးတွေကိုဖော်ပြပေးချင်ပါတယ်။

အခုပြောပြပေးမယ့်အချက်တွေက ချစ်သူနဲ့မှမဟုတ် ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားများရန်ဖြစ်တိုင်း မပြုလုပ်သင့်တဲ့အချက်လေးတွေဆိုလည်းမမှားပါဘူး။

ဒါကြောင့် သတိပြုဆင်ခြင်လို့ရအောင် ဆောင်းပါးလေးကိုဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်ပါနော်။

(1)မိသားစုနဲ့တိုင်တောခြင်း

ရန်ဖြစ်ခြင်းဟာ သင်နဲ့သူ ၂ယောက်ကြားမှာ စတင်တာဖြစ်လို့ မိဘ (သို့)မောင်နှမ များကို တိုင်တောမှုပြုလုပ်ခြင်းဟာ ပုံမှန်ရန်ဖြစ်ခြင်းကနေ ပဋိပက္ခအကြီးကြီးကိုဖြစ်စေပါတယ်။

နောက်ပိုင်းနှစ်ဦးသားပြန်လည်အဆင်ပြေသွားခဲ့ရင်တောင် မိသားစုဝင်တွေအနေနဲ့ အနေခက်စေမှာဖြစ်လို့ ရန်ဖြစ်တဲ့အချိန်မှာ မိသားစုကို ပါဝင်စေတာမျိုးတွေမပြုလုပ်ပါနဲ့နော်။

(2)ခြေပါ၊လက်ပါအကြမ်းဖက်ခြင်း

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လူလူချင်းတော့ နာကျင်အောင်မပြုလုပ်သင့်ပါဘူးနော်။ကိုယ့်ကိုချစ်တဲ့သူ၊ကိုယ်ကချစ်ရတဲ့သူဖြစ်နေရင် ပိုတောင်သတိထားသင့်ပါတယ်။

စိတ်ဆိုးဒေါသဖြစ်နေလို့ဆိုတဲ့ဆင်ခြေနဲ့ နာကျင်အောင်ပြုလုပ်မိတဲ့အခါမျိုးမှာ နှစ်ဦးစလုံးအတွက် ကိုယ်ရောစိတ်ရောနာကျင်ရတတ်တာဖြစ်လို့ ဒီအချက်ကျုတော့ သတိထားပေးစေချင်ပါတယ်နော်။

(3)လမ်းခွဲဖို့ပြောခြင်း

ပြဿနာသေးသေးလေးကြောင့် ရန်ဖြစ်စကားများကြပေမယ့် ထစ်ခနဲရှိ လမ်းခွဲမယ်ပြောတတ်တဲ့အကျင့်တွေကိုလည်း သတိထားစေချင်ပါတယ်။

စချစ်ကတည်းက လမ်းခွဲဖို့မရည်ရွယ်ခဲ့ဘူးဆို ဒီလိုစကားမျိုးကိုသတိထားပြောဆိုသင့်ပါတယ်။

တစ်ဖက်လူအတွက်လည်းကြားရဖန်များလာတဲ့အခါမျိုးမှာအမှန်တကယ်လမ်းခွဲဖို့တွန်းအားတစ်ရပ်ဖြစ်သွားစေနိုင်တာဖြစ်လို့ မပြောပါနဲ့နော်။

(4)လူကြားထဲအော်ကြီးဟစ်ကျယ်ရန်ဖြစ်ခြင်း

လူကြားထဲအော်ကြီးဟစ်ကျယ်ရန်ဖြစ်ခြင်းက တစ်ဦးအပေါ်တစ်ဦးမလေးစားရာရောက်သလို ပတ်ဝန်းကျင်အတွက်လည်းစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

ပြဿနာကိုခေါင်းအေးအေးထားပြီးဆွေးနွေးဖြေရှင်းတာမျိုးကမှ အဖြေအမှန်ကိုတွေ့နိုင်တာဖြစ်လို့ စိတ်အေးအေးထားပြီးဖြေရှင်းဖို့အကြံပြုချင်ပါတယ်။

တတ်နိုင်ရင်တော့ ရန်မဖြစ်ကြတာအကောင်းဆုံးပါပဲနော်။

Jewellery Hire လက်ဝတ်ရတနာအငှားဆိုင် ၁၄၈ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင့္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို ခ်စ္သူနဲ႔စကားမ်ားရန္ျဖစ္တဲ့အခ်ိန္မွာလုံးဝလုံးဝမျပဳလုပ္သင့္တဲ့အခ်က္ေလးေတြကိုေဖာ္ျပေပးခ်င္ပါတယ္။

အခုေျပာျပေပးမယ့္အခ်က္ေတြက ခ်စ္သူနဲ႔မွမဟုတ္ ဘယ္သူနဲ႔ပဲျဖစ္ျဖစ္ စကားမ်ားရန္ျဖစ္တိုင္း မျပဳလုပ္သင့္တဲ့အခ်က္ေလးေတြဆိုလည္းမမွားပါဘူး။

ဒါေၾကာင့္ သတိျပဳဆင္ျခင္လို႔ရေအာင္ ေဆာင္းပါးေလးကိုဆက္လက္ဖတ္ရႈၾကည့္လိုက္ၾကရေအာင္ပါေနာ္။

(1)မိသားစုနဲ႔တိုင္ေတာျခင္း

ရန္ျဖစ္ျခင္းဟာ သင္နဲ႔သူ ၂ေယာက္ၾကားမွာ စတင္တာျဖစ္လို႔ မိဘ (သို႔)ေမာင္ႏွမ မ်ားကို တိုင္ေတာမႈျပဳလုပ္ျခင္းဟာ ပုံမွန္ရန္ျဖစ္ျခင္းကေန ပဋိပကၡအႀကီးႀကီးကိုျဖစ္ေစပါတယ္။

ေနာက္ပိုင္းႏွစ္ဦးသားျပန္လည္အဆင္ေျပသြားခဲ့ရင္ေတာင္ မိသားစုဝင္ေတြအေနနဲ႔ အေနခက္ေစမွာျဖစ္လို႔ ရန္ျဖစ္တဲ့အခ်ိန္မွာ မိသားစုကို ပါဝင္ေစတာမ်ိဳးေတြမျပဳလုပ္ပါနဲ႔ေနာ္။

(2)ေျခပါ၊လက္ပါအၾကမ္းဖက္ျခင္း

ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ လူလူခ်င္းေတာ့ နာက်င္ေအာင္မျပဳလုပ္သင့္ပါဘူးေနာ္။ကိုယ့္ကိုခ်စ္တဲ့သူ၊ကိုယ္ကခ်စ္ရတဲ့သူျဖစ္ေနရင္ ပိုေတာင္သတိထားသင့္ပါတယ္။

စိတ္ဆိုးေဒါသျဖစ္ေနလို႔ဆိုတဲ့ဆင္ေျခနဲ႔ နာက်င္ေအာင္ျပဳလုပ္မိတဲ့အခါမ်ိဳးမွာ ႏွစ္ဦးစလုံးအတြက္ ကိုယ္ေရာစိတ္ေရာနာက်င္ရတတ္တာျဖစ္လို႔ ဒီအခ်က္က်ဳေတာ့ သတိထားေပးေစခ်င္ပါတယ္ေနာ္။

(3)လမ္းခြဲဖို႔ေျပာျခင္း

ျပႆနာေသးေသးေလးေၾကာင့္ ရန္ျဖစ္စကားမ်ားၾကေပမယ့္ ထစ္ခနဲရွိ လမ္းခြဲမယ္ေျပာတတ္တဲ့အက်င့္ေတြကိုလည္း သတိထားေစခ်င္ပါတယ္။

စခ်စ္ကတည္းက လမ္းခြဲဖို႔မရည္႐ြယ္ခဲ့ဘူးဆို ဒီလိုစကားမ်ိဳးကိုသတိထားေျပာဆိုသင့္ပါတယ္။

တစ္ဖက္လူအတြက္လည္းၾကားရဖန္မ်ားလာတဲ့အခါမ်ိဳးမွာအမွန္တကယ္လမ္းခြဲဖို႔တြန္းအားတစ္ရပ္ျဖစ္သြားေစႏိုင္တာျဖစ္လို႔ မေျပာပါနဲ႔ေနာ္။

(4)လူၾကားထဲေအာ္ႀကီးဟစ္က်ယ္ရန္ျဖစ္ျခင္း

လူၾကားထဲေအာ္ႀကီးဟစ္က်ယ္ရန္ျဖစ္ျခင္းက တစ္ဦးအေပၚတစ္ဦးမေလးစားရာေရာက္သလို ပတ္ဝန္းက်င္အတြက္လည္းစိတ္အေႏွာက္အယွက္ျဖစ္ေစပါတယ္။

ျပႆနာကိုေခါင္းေအးေအးထားၿပီးေဆြးေႏြးေျဖရွင္းတာမ်ိဳးကမွ အေျဖအမွန္ကိုေတြ႕ႏိုင္တာျဖစ္လို႔ စိတ္ေအးေအးထားၿပီးေျဖရွင္းဖို႔အႀကံျပဳခ်င္ပါတယ္။

တတ္ႏိုင္ရင္ေတာ့ ရန္မျဖစ္ၾကတာအေကာင္းဆုံးပါပဲေနာ္။

 

Jewellery Hire လက္ဝတ္ရတနာအငွားဆုိင္ ၁၄၈ ဆုိင္ကိုရွာရန္ႏွိပ္ပါ။

 

Myanmar Wedding Guide

 

1we

 

Read times
Rate this item
(1 Vote)
Tagged under