(5.3.2020 မှ 11.3.2020 အထိ) တစ်ပါတ်စာ၇ရက်သားသမီးများ ဟောစာတမ်း

(5.3.2020 မှ 11.3.2020 အထိ) တစ်ပါတ်စာ၇ရက်သားသမီးများ ဟောစာတမ်း google

တနင်္ဂနွေ

ဒီကာလအတွင်းဝန်ထမ်းဖြစ်ပါကရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ လုပ်ပိုင်ခွင့်ရခြင်း၊နေရာ ထိုင်ခင်း ပြောင်းလဲ နေထိုင်ရခြင်းများ ရှိသည်။

မိမိ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ဆရာကောင်း၊ သမားကောင်းများ နှင့်လည်း ဆုံတွေရတတ်သည်။အရမ်းအဆင်မပြေတဲ့ဆရာတွေကိုလဲကူညီခွင့်ရမည်။

ချေးငှားထားသော ငွေကြေး များပြန်လည်မရရှိမှုကြောင့် စိတ်ညစ်ရခြင်းများရှိနေမည်။ အလိမ်ခံရတတ်ခြင်း၊ အမှုဖြစ်ရတတ်ခြင်း၊ အမှုပတ်ခြင်း များကို သတိထားရန် အရေးကြီးပါတယ်။

မကြာခဏ ငွေကြေးအရှုပ်အရှင်း ပြဿနာများ ပေါ်ပေါက်တတ်ပါတယ်။သို့သော် သင်၏ ကုသိုလ်ကံတရားကြောင့် တွေ့ကြုံ ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားသွားနိုင်မည်။

ကျန်းမာရေးမှာ ဆေးရုံ၊ ဆေးခန်း ရောက်ရတတ်သည်။ ညနေဘက် နေရောင်မရှိတော့သည့် အချိန်တွင် ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းမျိုး ကို လုံးဝရှောင်ပါ။ အိမ်ထောင်ရှင်များ အိမ်တွင်းရေး အဆင်ပြေမည်။

မိသားစုဝင်ဦးရေ တိုးပွား လိမ့်မည်။ ငယ်ရွယ်သူများ၏ အချစ်ရေးမှာ ကြားစကားကြောင့် တစ်ယောက်နှင့်တစ်ယောက် အထင်အမြင်လွဲမှား ခြင်း များရှိ မည်။

ပညာသင်ကျောင်းသားဖြစ်ပါက ကြိုးစားလျှင် ကြိုးစားသလောက် အောင်မြင်မှု အထွဋ်အထိပ်သို့ ရောက်ရှိနိုင်မည်။

အကျိုးပေးဂဏန်း ၁/၅/၆

အထူးဟော လူမှုရေးအလုပ်များပြီး အရေးကြီးတာတွေလစ်ဟင်းသွားတတ်ပါတယ်။

ယတြာ သပြေပန်းဘုရားကပ်လှူပေးပါ။

 

တနင်္လာ

ဒီကာလအတွင်းစိတ်ဖိစီးစရာများနေတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အလုပ်တွေကိုပါဝိုင်းကူပေးနေ ရတတ်ပါတယ်။

ဝန်ထမ်းများတာဝန်တွေများနေတဲ့အတွက် အရေးကြီးတာတွေဦးစားပေးလုပ်လိုက်ပါ။ စီးပွားရေး နှင့်ပက်သက်ပြီးတစ်ခုထက်မကသော လုပ်ငန်းများ လုပ်ကိုင်လိုသော ဆန္ဒဖြစ်ပေါ်နေမည်။

စန်းအားကောင်းပြီး တစ်ဖက်လူကို ဆွဲဆောင်နိုင်သော စွမ်းအားများ ရှိနေမှုကြောင့် လိင်မတူသူများစိတ်ဝင်စားနေခြင်း ကိုခံစားရမည်။

နှမ်းတစ်လုံးနှင့် ဆီမဖြစ် ပေမယ့် နှမ်းအလုံးပေါင်းများစွာနှင့် ဆီကြိတ်လျှင်ရနိုင်ပါတယ်။

ဒါကြောင့်မိမိကိုယ်တိုင် ဇွဲရှိ၊စိတ်ရှည်မှပဲ အဆင်ပြေပါလိမ့်မယ်။တကွဲတပြားစီ ဖြစ်နေသော အိမ်ထောင်ရှင်များ ဖြစ်ပါက အတူတကွ ပျော်ရွှင်စွာ ပြန်လည်နေထိုင် ရမည်။

ငယ်ရွယ်သူများ အချစ်ရေးတွင် ပျော်ရွှင်မှုများ ရရှိမည်။ ယခုအချိန်သည် ကံဇာတာကောင်းမွန်မှုများ ကြုံရဖို့အတွက်စတင်တဲ့အချိန်ပါပဲ။

ဒါကြောင့်အလုပ်မရှိသူများ အလုပ်ရမည်။ မထင် မှတ်ဘဲ ခရီးသွားရင်း မတော်တဆ သွေးထွက်သံယို ဖြစ်မှုများ တွေ့ကြုံရတတ်သည်။

ကားလမ်းဖြတ်ကူးခြင်း၊ လှေကားအတတ်အဆင်း၊ ကားအတတ်အဆင်းများကို အထူးသတိထားပါ။

အကျိုးပေးဂဏန်း ၆/၇/၉

အထူးဟော ကျန်းမာရေး မတော်တဆထိခိုက်မှုသတိပြုပါ။

ယတြာ ထောပတ်သီးဖျော်ရည်တစ်ခွက်ဘုရားကပ်လှူလိုက်ပါ။

 

အင်္ဂါ

ဒီကာလအတွင်းလူမှုရေးကိစ္စတွေနဲ့အချိန်ကုန်ရတတ်ပါတယ်။ဆွေမျိုးသားချင်းတွေရဲ့အလှူအတန်းကိစ္စ၊မင်္ဂလာကိစ္စတွေကို ဝိုင်းကူပေးရတတ်ပါတယ်။

စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်ပြီး မွေးမြူရေးလုပ်ငန်းနှင့် ရေထွက် ပစ္စည်းများ ရောင်းဝယ် ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ ဝင်ငွေကောင်းလိမ့်မည်။

မိမိကုသိုလ်ကံကြောင့် ငွေကြေးများ အစုလိုက်၊ အပုံလိုက် ရရှိတတ်မည် ဖြစ်၍ ထီထိုးခြင်း၊ ကံစမ်းခြင်းများ ပြုလုပ်သင့်ပါတယ်။

သင့်အနေ ဖြင့် ဘာသာရေးဆိုင်ရာများ၊ ဂမ္ဘီရဆိုင်ရာ ပညာရပ်များပက်သက်ပြီး အဓိဋ္ဌာန်ကိစ္စတွေပေါ်လာတတ်ပါတယ်။

ပရဟိတလုပ်ငန်းများအတွက်လည်း တစ်ဖတ်တစ်လမ်းမှ အချိန်ပေးလုပ်ကိုင်ခြင်းများ ရှိမည်။

စိတ်ကျေနပ်စရာ သတင်းစကားများ ကြားနေရတတ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူး တိုးခြင်း၊ လစာတိုးခြင်း တစ်ခုခု ရှိမည်။

အချစ်ရေးနှင့် ပတ်သက်ပြီးအချစ်ရေးအဆင်ပြေပေမယ့် တစ်ဦးနှင့် တစ်ဦး ခွဲခွာနေရ ခြင်းများ ရှိမည်။ ကျန်းမာရေး မှာ အဆစ်အမြစ်များ ရောင်ရမ်းခြင်း၊ သွေးအားနည်းခြင်းဖြစ်တတ်သည်။

ဦးခေါင်းပိုင်းတွင် ထိခိုက်ခံရမှုအတွက် အထူးသတိထားရန်လိုသည်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ညှိမရတဲ့ကိစ္စတွေကြောင့် စိတ်ကုန်၊စိတ် ပျက်ဖြစ်နေမည်။

ပညာရေးလိုက်စားနေသူများ ကံကောင်းနေမည်။ မိမိရည်ရွယ်ထားချက်များ အောင်မြင်မှုရရှိ မည်။

ကူညီပေးမည့်သူမျာလည်း သူ့အလိုလို ပေါ်ပေါက်လာလိမ့်မည်။

အကျိုးပေးဂဏန်း ၁/၇/၃

အထူးဟော ကံမြင့်မားနေတတ်ပါတယ်။

ယတြာ အုန်းထမင်းချက်ပြီး ဘုရားကပ်လှူပေးပါ။

 

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းတစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးသော အရပ်ဒေသများသို့ ခရီးထွက်ရလိမ့်မည်။

ဝန်ထမ်း အကြီးအကဲများဖြစ်ပါက လက်အောက်ဝန်ထမ်းများအတွက် စိုးရိမ်ပူပန်ရခြင်း၊ အနစ်နာခံလုပ်ကိုင်ပေးရ ခြင်းများရှိ မည်။

အရေးကြီးသော စာရွက်၊ စာတမ်းများ မေ့ကျန်ရစ်တတ်ခြင်း၊ငွေကြေးသော်လည်ကောင်း၊ ပစ္စည်းသော် လည်ကောင်း ဆုံးရှုံးခြင်းများ ရှိမည်။

စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ အရောင်း အဝယ် လုပ်ငန်း လုပ်ကိုင်နေသူ များဖြစ်ပါက မိမိထင်ထားသလောက် အကျိုးအမြတ်များစွာ ရရှိမည်မဟုတ်ပါ။

မိမိ၏ အရေးကြီး ကိစ္စများမှာ စနေသားသမီးများနှင့် ပြောဆိုတိုင်ပင်ခြင်း ပြုလုပ်ပါ။

အိမ်ထောင်ရှင်ဖြစ်ပါက မိသားစု အလှူအတန်းကိစ္စများ ဆောင်ရွက်ရလိမ့်မည်။သားသမီး၊တူတူမ တွေကိုရှင်ပြုဖြစ်လိမ့်မယ်။

ပညာရေးမှာ အကောင်းနှင့် အဆိုး ဒွန်တွဲနေချိန်ဖြစ်၍ ယခင် အချိန် များထက် ပို၍ အာရုံစူးစိုက်ပေးပါ။ ရှန်းပြီးတော့ အမှတ်တွေ လျော့တတ်ပါတယ်။

ငယ်ရွယ်သူများ၏ အချစ်ရေးမှာ ကောင်းတစ်ခါ ဆိုးတစ်လှည့် ဖြစ်နေ မည်။ ကျန်းမာရေး တွင် ဆီး၊ ကျောက်ကပ်ဝေဒနာ၊ သားအိမ်ဆိုင်ရာ ဝေဒနာများ ပြင်းပြင်းထန်ထန် ခံစားရတတ် သည်။

အကျိုးပေးဂဏန်း ၁/၂/၈

အထူးဟော လူချစ်လူခင်များပြီးတော့ စန်းအားကောင်းနေတတ်ပါတယ်။

ယတြာ အကြော်စုံ တစ်ပွဲ ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

 

ကြာသပတေး

ဒီကာလအတွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လုပ်ငန်းနှစ်မျိုး၊ သုံးမျိုး တစ်ပြိုင်တည်း လုပ်ကိုင်ရ ခြင်းများ ကြုံရတတ်သည်။

သို့သော် မိမိဆန္ဒရှိရာကိုသာ ဦးစားပေးရွေးချယ်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုများ ပိုမို ရရှိနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းများသာမက မည်သည့်ကိစ္စတွင်မဆို မိမိကိုယ်မိမိ ယုံကြည်စိတ်များရှိရန် လိုအပ် လိမ့်မည်။

လုပ်ငန်းကိစ္စအဝဝတို့ အောင်မြင်ပြီး အဆင်ပြေမှုများ ရရှိစေနိုင်ရန်အတွက် ဘာသာရေးအလုပ် များကို များများပြုလုပ်ပေးပါ။

မမြင်ရသော ပုဂ္ဂိုလ်များ၏ စောင့်ရှောက်မှုများကို ခံရတတ်၍ ထူးထူး ခြားခြား အောင်မြင်မှု ရရှိ တတ်သည်။

ကြီးမားတဲ့ငွေကြေးရင်းနှီးမြုပ်နှံမှုတွေကိုတော့ဒီ ၇ရက်အတွင်းရှောင်စေချင်ပါတယ်။အချစ်ရေး တွင် မိမိချစ်သူနှင့် အနေဝေးနေတတ်သည်။

နှစ်ယောက်စလုံးအလုပ်များနေတာကြောင့် ဖုန်းနဲ့ပဲအလွမ်းဖြေနေရ တတ်ပါတယ်။

အိမ်ထောင်ရှင်များ ဆွေမျိုးများကြောင့် စိတ်အနှောက် အယှက် ဖြစ်ရတတ်ခြင်း၊ အိုးအိမ် အပြောင်း အရွှေ့နှင့် အမွေကိစ္စများ ဖြေရှင်းရ ခြင်းများ ရှိတတ်သည်။

ကျန်းမာရေးနှင့်ပတ်သက်ပြီး အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာ ရောဂါဝေဒနာ များ ဖြစ်ပေါ်ခံစားရတတ်ခြင်း၊ အစာအိမ်ဖြစ်တတ်ခြင်းများအတွက် အထူးသတိ ထား ပါ။

အကျိုးပေးဂဏန်း ၂/၃/၅

အထူးဟော ကံကြမ္မာအဆိုးလေးတွေများနေရတတ်ပါတယ်။

ယတြာ ပရိတ်ကြီး ၁၁သုတ် ရွတ်ပွားပူဇော်ပါ။

 

သောကြာ

ယခုကာလအတွင်း မိမိကျွမ်းကျင်မှု မရှိသော၊မိမိနားမလည်သော၊ မလုပ်ဖူးသေးသော လုပ်ငန်းများအား စမ်းသပ်လုပ်ကိုင်ခြင်းမျိုးကို ရှောင်ပါ။

မြေစမ်းခရမ်းပျိုးလုပ်တာတွေကတော့ဒီကာလမှာအဆိုးများစေပါတယ်။ လုပ်လက်စကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေခြင်းများမှ ဝင်ငွေကောင်းမည်။

မိမိပြောသမျှ၊ ဆိုသမျှအားလုံးသည် အောင်မြင်တတ်သည်။ သို့သော် တစ်ကြိမ်တစ်ခါတည်းနှင့် အဆင်မပြေတတ်ဘဲ ကြန့်ကြာနေတတ်ခြင်း၊ နှစ်ခါပြန် လုပ်ရခြင်းများ ရှိတတ်သည်။

ဝန်ထမ်းဖြစ်ပါက ဌာနအပြောင်းအရွှေ့ရှိတတ်ခြင်း၊နယ်မှာယာယီတာဝန်ထမ်း ဆောင်ရ ခြင်းတွေဖြစ်တတ်ပါတယ်။

ကျန်းမာရေးမှာ အနာရောဂါ၊အဖုအပိန့်များရှိပါက မမျှော်လင့်ပဲ ခွဲစိတ်ကုသမှု ခံယူရခြင်း များ ဖြစ်တတ်သည်။

ဘာသာရေးအလုပ်များ ၊အလှူအတန်းကိစ္စများဦးဆောင်ပေးနေရတတ်ပါတယ်။ အသက်ကြီးရင့်သူများမိမိစရိုက်နှင့်ကိုက်ညီမည့် ကမ္မဌာန်းတရားများကို စနစ်တကျရှုမှတ်သင့်သည်။

ငွေအစုလိုက်၊အပုံလိုက် ရရှိတတ်သည်ဖြစ်၍ ထီးထိုးသင့်ပါတယ်။ ငယ်ရွယ်သူများ အချစ်ရေးကံ ညံ့နေမည်။ အချစ်ရေးကြောင့် ပညာရေးတွင် ထိခိုက် နစ်နာရမှုများ ရှိတတ်သည်။

အိမ်ထောင်ရေးသာယာမည်။ အိမ်ထောင်ဘက်ရဲ့အလိုလိုက်၊ အကြိုက်ဆောင်ခြင်းကိုခံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၄/၆

အထူးဟော အကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။

ယတြာ သစ္စာပန်း ၆ ခက် ဘုရားကပ်လှူလိုက်ပါ။

 

စနေ

ဒီကာလအတွင်းစာပေဆိုင်ရာလုပ်ငန်း၊စက်ပစ္စည်းနှင့်ဆေးဝါးဆိုင်ရာလုပ်ငန်းတွေ လုပ်ကိုင်သူများ ပြဿနာ ရှုပ်ထွေးမှုများ ဖြစ်တတ်သည်။

သို့သော် ယခုကာလအတွင်း မိမိအခက်အခဲများအား ကူညီဖြေရှင်းပေးမည့်သူ ပေါ်ပေါက်လာတတ်သည်။ အထူးသဖြင့် လိင်မတူသူများထံမှ အကူအညီပေးမှုများ ရရှိတတ်သည်။

အများ၏ လေးစားချစ်ခင်မှုကို ရရှိပြီး လူချစ်၊ လူခင်ပေါ်များမည်။ သွားလေရာမျက်နှာပွင့်လန်းနေလိမ့်မည်။

စီးပွားရေးလုပ်ငန်း နှင့်ပက်သက်ပြီး အများ၏တိုက်တွန်းမှုမပါပဲ မိမိဝါသနာပါရာ မိမိသဘောဆန္ဒအတိုင်းသာ လုပ်ကိုင်သင့်ပါတယ်။

မိမိလုပ်ကိုင်လိုသည့် လုပ်ငန်းကတခြား၊ လုပ်ကိုင်နေရသည့် လုပ်ငန်းကတခြား ဖြစ်နေခြင်းမျိုးကို အတက်နိုင်ဆုံး ရှောင်ပါ။

လက်ဆောင်ပစ္စည်း သို့မဟုတ် ငွေကြေးဝင်ကိန်း ရှိမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ဖော်ကိုင်ဖက်များရဲ့ ထောက်ခံမှုကြောင့် ခေါင်းဆောင်နေရာမျိုးရတတ်ပါတယ်။

အိမ်ထောင်ရှင်ဖြစ်ပါက မိမိအိမ်ထောင်ဖက်နှင့် အဆင်မပြေမှုများရှိခြင်း၊ ခွဲခွာနေရတတ်ခြင်းများ ရှိမည်။ကျန်းမာရေးအညံ့အဆိုးကတော့ မရှိသလောက်နည်းပါးပါတယ်။

အချစ်ရေးမှာတော့ သာယာပျော်ရွှင်စရာများပါတယ်။ ဝေးကွာနေတဲ့ချစ်သူနဲ့ပြန်ဆုံဖို့အကြောင်းဖန်လာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၅/ဝ

အထူးဟော အလုပ်စီးပွားတွေတိုးတတ်နေပါလိမ့်မယ်။

ယတြာ လိမ္မော်သီး ၉ လုံးဘုရားကပ်လှူလိုက်ပါ

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09 77 5555 695 / 09 44 5555 695

Gems and Jewelleries (1712) ဆိုင်များကိုရှာရန်။

 

Zawgyi ျဖင့္ဖတ္ရန္....

တနဂၤေႏြ

ဒီကာလအတြင္းဝန္ထမ္းျဖစ္ပါကရာထူးတိုးျခင္း၊ လစာတိုးျခင္း၊ လုပ္ပိုင္ခြင့္ရျခင္း၊ေနရာ ထိုင္ခင္း ေျပာင္းလဲ ေနထိုင္ရျခင္းမ်ား ရွိသည္။

မိမိ၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္မည့္ ဆရာေကာင္း၊ သမားေကာင္းမ်ား ႏွင့္လည္း ဆုံေတြရတတ္သည္။အရမ္းအဆင္မေျပတဲ့ဆရာေတြကိုလဲကူညီခြင့္ရမည္။

ေခ်းငွားထားေသာ ေငြေၾကး မ်ားျပန္လည္မရရွိမႈေၾကာင့္ စိတ္ညစ္ရျခင္းမ်ားရွိေနမည္။ အလိမ္ခံရတတ္ျခင္း၊ အမႈျဖစ္ရတတ္ျခင္း၊ အမႈပတ္ျခင္း မ်ားကို သတိထားရန္ အေရးႀကီးပါတယ္။

မၾကာခဏ ေငြေၾကးအရႈပ္အရွင္း ျပႆနာမ်ား ေပၚေပါက္တတ္ပါတယ္။သို႔ေသာ္ သင္၏ ကုသိုလ္ကံတရားေၾကာင့္ ေတြ႕ႀကဳံ ရင္ဆိုင္ေနရေသာ အခက္အခဲမ်ားကို ေက်ာ္လႊားသြားႏိုင္မည္။

က်န္းမာေရးမွာ ေဆး႐ုံ၊ ေဆးခန္း ေရာက္ရတတ္သည္။ ညေနဘက္ ေနေရာင္မရွိေတာ့သည့္ အခ်ိန္တြင္ ေရခ်ိဳးျခင္း၊ ေခါင္းေလွ်ာ္ျခင္းမ်ိဳး ကို လုံးဝေရွာင္ပါ။ အိမ္ေထာင္ရွင္မ်ား အိမ္တြင္းေရး အဆင္ေျပမည္။

မိသားစုဝင္ဦးေရ တိုးပြား လိမ့္မည္။ ငယ္႐ြယ္သူမ်ား၏ အခ်စ္ေရးမွာ ၾကားစကားေၾကာင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ အထင္အျမင္လြဲမွား ျခင္း မ်ားရွိ မည္။

ပညာသင္ေက်ာင္းသားျဖစ္ပါက ႀကိဳးစားလွ်င္ ႀကိဳးစားသေလာက္ ေအာင္ျမင္မႈ အထြဋ္အထိပ္သို႔ ေရာက္ရွိႏိုင္မည္။

အက်ိဳးေပးဂဏန္း ၁/၅/၆

အထူးေဟာ လူမႈေရးအလုပ္မ်ားၿပီး အေရးႀကီးတာေတြလစ္ဟင္းသြားတတ္ပါတယ္။

ယၾတာ သေျပပန္းဘုရားကပ္လႉေပးပါ။

 

တနလၤာ

ဒီကာလအတြင္းစိတ္ဖိစီးစရာမ်ားေနတတ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အလုပ္ေတြကိုပါဝိုင္းကူေပးေန ရတတ္ပါတယ္။

ဝန္ထမ္းမ်ားတာဝန္ေတြမ်ားေနတဲ့အတြက္ အေရးႀကီးတာေတြဦးစားေပးလုပ္လိုက္ပါ။ စီးပြားေရး ႏွင့္ပက္သက္ၿပီးတစ္ခုထက္မကေသာ လုပ္ငန္းမ်ား လုပ္ကိုင္လိုေသာ ဆႏၵျဖစ္ေပၚေနမည္။

စန္းအားေကာင္းၿပီး တစ္ဖက္လူကို ဆြဲေဆာင္ႏိုင္ေသာ စြမ္းအားမ်ား ရွိေနမႈေၾကာင့္ လိင္မတူသူမ်ားစိတ္ဝင္စားေနျခင္း ကိုခံစားရမည္။

ႏွမ္းတစ္လုံးႏွင့္ ဆီမျဖစ္ ေပမယ့္ ႏွမ္းအလုံးေပါင္းမ်ားစြာႏွင့္ ဆီႀကိတ္လွ်င္ရႏိုင္ပါတယ္။

ဒါေၾကာင့္မိမိကိုယ္တိုင္ ဇြဲရွိ၊စိတ္ရွည္မွပဲ အဆင္ေျပပါလိမ့္မယ္။တကြဲတျပားစီ ျဖစ္ေနေသာ အိမ္ေထာင္ရွင္မ်ား ျဖစ္ပါက အတူတကြ ေပ်ာ္႐ႊင္စြာ ျပန္လည္ေနထိုင္ ရမည္။

ငယ္႐ြယ္သူမ်ား အခ်စ္ေရးတြင္ ေပ်ာ္႐ႊင္မႈမ်ား ရရွိမည္။ ယခုအခ်ိန္သည္ ကံဇာတာေကာင္းမြန္မႈမ်ား ႀကဳံရဖို႔အတြက္စတင္တဲ့အခ်ိန္ပါပဲ။

ဒါေၾကာင့္အလုပ္မရွိသူမ်ား အလုပ္ရမည္။ မထင္ မွတ္ဘဲ ခရီးသြားရင္း မေတာ္တဆ ေသြးထြက္သံယို ျဖစ္မႈမ်ား ေတြ႕ႀကဳံရတတ္သည္။

ကားလမ္းျဖတ္ကူးျခင္း၊ ေလွကားအတတ္အဆင္း၊ ကားအတတ္အဆင္းမ်ားကို အထူးသတိထားပါ။

အက်ိဳးေပးဂဏန္း ၆/၇/၉

အထူးေဟာ က်န္းမာေရး မေတာ္တဆထိခိုက္မႈသတိျပဳပါ။

ယၾတာ ေထာပတ္သီးေဖ်ာ္ရည္တစ္ခြက္ဘုရားကပ္လႉလိုက္ပါ။

 

အဂၤါ

ဒီကာလအတြင္းလူမႈေရးကိစၥေတြနဲ႔အခ်ိန္ကုန္ရတတ္ပါတယ္။ေဆြမ်ိဳးသားခ်င္းေတြရဲ႕အလႉအတန္းကိစၥ၊မဂၤလာကိစၥေတြကို ဝိုင္းကူေပးရတတ္ပါတယ္။

စီးပြားေရးလုပ္ငန္းႏွင့္ ပတ္သက္ၿပီး ေမြးျမဴေရးလုပ္ငန္းႏွင့္ ေရထြက္ ပစၥည္းမ်ား ေရာင္းဝယ္ ေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနသူမ်ား ဝင္ေငြေကာင္းလိမ့္မည္။

မိမိကုသိုလ္ကံေၾကာင့္ ေငြေၾကးမ်ား အစုလိုက္၊ အပုံလိုက္ ရရွိတတ္မည္ ျဖစ္၍ ထီထိုးျခင္း၊ ကံစမ္းျခင္းမ်ား ျပဳလုပ္သင့္ပါတယ္။

သင့္အေန ျဖင့္ ဘာသာေရးဆိုင္ရာမ်ား၊ ဂမၻီရဆိုင္ရာ ပညာရပ္မ်ားပက္သက္ၿပီး အဓိ႒ာန္ကိစၥေတြေပၚလာတတ္ပါတယ္။

ပရဟိတလုပ္ငန္းမ်ားအတြက္လည္း တစ္ဖတ္တစ္လမ္းမွ အခ်ိန္ေပးလုပ္ကိုင္ျခင္းမ်ား ရွိမည္။

စိတ္ေက်နပ္စရာ သတင္းစကားမ်ား ၾကားေနရတတ္သည္။ ဝန္ထမ္းျဖစ္ပါက ရာထူး တိုးျခင္း၊ လစာတိုးျခင္း တစ္ခုခု ရွိမည္။

အခ်စ္ေရးႏွင့္ ပတ္သက္ၿပီးအခ်စ္ေရးအဆင္ေျပေပမယ့္ တစ္ဦးႏွင့္ တစ္ဦး ခြဲခြာေနရ ျခင္းမ်ား ရွိမည္။ က်န္းမာေရး မွာ အဆစ္အျမစ္မ်ား ေရာင္ရမ္းျခင္း၊ ေသြးအားနည္းျခင္းျဖစ္တတ္သည္။

ဦးေခါင္းပိုင္းတြင္ ထိခိုက္ခံရမႈအတြက္ အထူးသတိထားရန္လိုသည္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္နဲ႔ညႇိမရတဲ့ကိစၥေတြေၾကာင့္ စိတ္ကုန္၊စိတ္ ပ်က္ျဖစ္ေနမည္။

ပညာေရးလိုက္စားေနသူမ်ား ကံေကာင္းေနမည္။ မိမိရည္႐ြယ္ထားခ်က္မ်ား ေအာင္ျမင္မႈရရွိ မည္။

ကူညီေပးမည့္သူမ်ာလည္း သူ႔အလိုလို ေပၚေပါက္လာလိမ့္မည္။

အက်ိဳးေပးဂဏန္း ၁/၇/၃

အထူးေဟာ ကံျမင့္မားေနတတ္ပါတယ္။

ယၾတာ အုန္းထမင္းခ်က္ၿပီး ဘုရားကပ္လႉေပးပါ။

 

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းတစ္ႀကိမ္တစ္ခါမွ် မေရာက္ဖူးေသးေသာ အရပ္ေဒသမ်ားသို႔ ခရီးထြက္ရလိမ့္မည္။

ဝန္ထမ္း အႀကီးအကဲမ်ားျဖစ္ပါက လက္ေအာက္ဝန္ထမ္းမ်ားအတြက္ စိုးရိမ္ပူပန္ရျခင္း၊ အနစ္နာခံလုပ္ကိုင္ေပးရ ျခင္းမ်ားရွိ မည္။

အေရးႀကီးေသာ စာ႐ြက္၊ စာတမ္းမ်ား ေမ့က်န္ရစ္တတ္ျခင္း၊ေငြေၾကးေသာ္လည္ေကာင္း၊ ပစၥည္းေသာ္ လည္ေကာင္း ဆုံးရႈံးျခင္းမ်ား ရွိမည္။

စီးပြားေရးလုပ္ငန္းႏွင့္ပတ္သက္ၿပီး ေ႐ႊ၊ ေငြ၊ ေက်ာက္မ်က္ရတနာ အေရာင္း အဝယ္ လုပ္ငန္း လုပ္ကိုင္ေနသူ မ်ားျဖစ္ပါက မိမိထင္ထားသေလာက္ အက်ိဳးအျမတ္မ်ားစြာ ရရွိမည္မဟုတ္ပါ။

မိမိ၏ အေရးႀကီး ကိစၥမ်ားမွာ စေနသားသမီးမ်ားႏွင့္ ေျပာဆိုတိုင္ပင္ျခင္း ျပဳလုပ္ပါ။

အိမ္ေထာင္ရွင္ျဖစ္ပါက မိသားစု အလႉအတန္းကိစၥမ်ား ေဆာင္႐ြက္ရလိမ့္မည္။သားသမီး၊တူတူမ ေတြကိုရွင္ျပဳျဖစ္လိမ့္မယ္။

ပညာေရးမွာ အေကာင္းႏွင့္ အဆိုး ဒြန္တြဲေနခ်ိန္ျဖစ္၍ ယခင္ အခ်ိန္ မ်ားထက္ ပို၍ အာ႐ုံစူးစိုက္ေပးပါ။ ရွန္းၿပီးေတာ့ အမွတ္ေတြ ေလ်ာ့တတ္ပါတယ္။

ငယ္႐ြယ္သူမ်ား၏ အခ်စ္ေရးမွာ ေကာင္းတစ္ခါ ဆိုးတစ္လွည့္ ျဖစ္ေန မည္။ က်န္းမာေရး တြင္ ဆီး၊ ေက်ာက္ကပ္ေဝဒနာ၊ သားအိမ္ဆိုင္ရာ ေဝဒနာမ်ား ျပင္းျပင္းထန္ထန္ ခံစားရတတ္ သည္။

အက်ိဳးေပးဂဏန္း ၁/၂/၈

အထူးေဟာ လူခ်စ္လူခင္မ်ားၿပီးေတာ့ စန္းအားေကာင္းေနတတ္ပါတယ္။

ယၾတာ အေၾကာ္စုံ တစ္ပြဲ ဘုရားကပ္လႉၿပီးလိုရာဆုေတာင္းပါ။

 

ၾကာသပေတး

ဒီကာလအတြင္းစီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ရာတြင္ လုပ္ငန္းႏွစ္မ်ိဳး၊ သုံးမ်ိဳး တစ္ၿပိဳင္တည္း လုပ္ကိုင္ရ ျခင္းမ်ား ႀကဳံရတတ္သည္။

သို႔ေသာ္ မိမိဆႏၵရွိရာကိုသာ ဦးစားေပးေ႐ြးခ်ယ္လုပ္ကိုင္ျခင္းျဖင့္ ေအာင္ျမင္မႈမ်ား ပိုမို ရရွိႏိုင္ပါတယ္။

စီးပြားေရးလုပ္ငန္းမ်ားသာမက မည္သည့္ကိစၥတြင္မဆို မိမိကိုယ္မိမိ ယုံၾကည္စိတ္မ်ားရွိရန္ လိုအပ္ လိမ့္မည္။

လုပ္ငန္းကိစၥအဝဝတို႔ ေအာင္ျမင္ၿပီး အဆင္ေျပမႈမ်ား ရရွိေစႏိုင္ရန္အတြက္ ဘာသာေရးအလုပ္ မ်ားကို မ်ားမ်ားျပဳလုပ္ေပးပါ။

မျမင္ရေသာ ပုဂၢိဳလ္မ်ား၏ ေစာင့္ေရွာက္မႈမ်ားကို ခံရတတ္၍ ထူးထူး ျခားျခား ေအာင္ျမင္မႈ ရရွိ တတ္သည္။

ႀကီးမားတဲ့ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈေတြကိုေတာ့ဒီ ၇ရက္အတြင္းေရွာင္ေစခ်င္ပါတယ္။အခ်စ္ေရး တြင္ မိမိခ်စ္သူႏွင့္ အေနေဝးေနတတ္သည္။

ႏွစ္ေယာက္စလုံးအလုပ္မ်ားေနတာေၾကာင့္ ဖုန္းနဲ႔ပဲအလြမ္းေျဖေနရ တတ္ပါတယ္။

အိမ္ေထာင္ရွင္မ်ား ေဆြမ်ိဳးမ်ားေၾကာင့္ စိတ္အေႏွာက္ အယွက္ ျဖစ္ရတတ္ျခင္း၊ အိုးအိမ္ အေျပာင္း အေ႐ႊ႕ႏွင့္ အေမြကိစၥမ်ား ေျဖရွင္းရ ျခင္းမ်ား ရွိတတ္သည္။

က်န္းမာေရးႏွင့္ပတ္သက္ၿပီး အစာအိမ္ႏွင့္ အူလမ္း ေၾကာင္းဆိုင္ရာ ေရာဂါေဝဒနာ မ်ား ျဖစ္ေပၚခံစားရတတ္ျခင္း၊ အစာအိမ္ျဖစ္တတ္ျခင္းမ်ားအတြက္ အထူးသတိ ထား ပါ။

အက်ိဳးေပးဂဏန္း ၂/၃/၅

အထူးေဟာ ကံၾကမၼာအဆိုးေလးေတြမ်ားေနရတတ္ပါတယ္။

ယၾတာ ပရိတ္ႀကီး ၁၁သုတ္ ႐ြတ္ပြားပူေဇာ္ပါ။

 

ေသာၾကာ

ယခုကာလအတြင္း မိမိကြၽမ္းက်င္မႈ မရွိေသာ၊မိမိနားမလည္ေသာ၊ မလုပ္ဖူးေသးေသာ လုပ္ငန္းမ်ားအား စမ္းသပ္လုပ္ကိုင္ျခင္းမ်ိဳးကို ေရွာင္ပါ။

ေျမစမ္းခရမ္းပ်ိဳးလုပ္တာေတြကေတာ့ဒီကာလမွာအဆိုးမ်ားေစပါတယ္။ လုပ္လက္စကိုယ္ပိုင္စီးပြားေရးလုပ္ကိုင္ေနျခင္းမ်ားမွ ဝင္ေငြေကာင္းမည္။

မိမိေျပာသမွ်၊ ဆိုသမွ်အားလုံးသည္ ေအာင္ျမင္တတ္သည္။ သို႔ေသာ္ တစ္ႀကိမ္တစ္ခါတည္းႏွင့္ အဆင္မေျပတတ္ဘဲ ၾကန႔္ၾကာေနတတ္ျခင္း၊ ႏွစ္ခါျပန္ လုပ္ရျခင္းမ်ား ရွိတတ္သည္။

ဝန္ထမ္းျဖစ္ပါက ဌာနအေျပာင္းအေ႐ႊ႕ရွိတတ္ျခင္း၊နယ္မွာယာယီတာဝန္ထမ္း ေဆာင္ရ ျခင္းေတြျဖစ္တတ္ပါတယ္။

က်န္းမာေရးမွာ အနာေရာဂါ၊အဖုအပိန႔္မ်ားရွိပါက မေမွ်ာ္လင့္ပဲ ခြဲစိတ္ကုသမႈ ခံယူရျခင္း မ်ား ျဖစ္တတ္သည္။

ဘာသာေရးအလုပ္မ်ား ၊အလႉအတန္းကိစၥမ်ားဦးေဆာင္ေပးေနရတတ္ပါတယ္။ အသက္ႀကီးရင့္သူမ်ားမိမိစ႐ိုက္ႏွင့္ကိုက္ညီမည့္ ကမၼဌာန္းတရားမ်ားကို စနစ္တက်ရႈမွတ္သင့္သည္။

ေငြအစုလိုက္၊အပုံလိုက္ ရရွိတတ္သည္ျဖစ္၍ ထီးထိုးသင့္ပါတယ္။ ငယ္႐ြယ္သူမ်ား အခ်စ္ေရးကံ ညံ့ေနမည္။ အခ်စ္ေရးေၾကာင့္ ပညာေရးတြင္ ထိခိုက္ နစ္နာရမႈမ်ား ရွိတတ္သည္။

အိမ္ေထာင္ေရးသာယာမည္။ အိမ္ေထာင္ဘက္ရဲ႕အလိုလိုက္၊ အႀကိဳက္ေဆာင္ျခင္းကိုခံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၄/၆

အထူးေဟာ အေကာင္းအဆိုးဒြန္တြဲေနတတ္ပါတယ္။

ယၾတာ သစၥာပန္း ၆ ခက္ ဘုရားကပ္လႉလိုက္ပါ။

 

စေန

ဒီကာလအတြင္းစာေပဆိုင္ရာလုပ္ငန္း၊စက္ပစၥည္းႏွင့္ေဆးဝါးဆိုင္ရာလုပ္ငန္းေတြ လုပ္ကိုင္သူမ်ား ျပႆနာ ရႈပ္ေထြးမႈမ်ား ျဖစ္တတ္သည္။

သို႔ေသာ္ ယခုကာလအတြင္း မိမိအခက္အခဲမ်ားအား ကူညီေျဖရွင္းေပးမည့္သူ ေပၚေပါက္လာတတ္သည္။ အထူးသျဖင့္ လိင္မတူသူမ်ားထံမွ အကူအညီေပးမႈမ်ား ရရွိတတ္သည္။

အမ်ား၏ ေလးစားခ်စ္ခင္မႈကို ရရွိၿပီး လူခ်စ္၊ လူခင္ေပၚမ်ားမည္။ သြားေလရာမ်က္ႏွာပြင့္လန္းေနလိမ့္မည္။

စီးပြားေရးလုပ္ငန္း ႏွင့္ပက္သက္ၿပီး အမ်ား၏တိုက္တြန္းမႈမပါပဲ မိမိဝါသနာပါရာ မိမိသေဘာဆႏၵအတိုင္းသာ လုပ္ကိုင္သင့္ပါတယ္။

မိမိလုပ္ကိုင္လိုသည့္ လုပ္ငန္းကတျခား၊ လုပ္ကိုင္ေနရသည့္ လုပ္ငန္းကတျခား ျဖစ္ေနျခင္းမ်ိဳးကို အတက္ႏိုင္ဆုံး ေရွာင္ပါ။

လက္ေဆာင္ပစၥည္း သို႔မဟုတ္ ေငြေၾကးဝင္ကိန္း ရွိမည္။ ဝန္ထမ္းျဖစ္ပါက လုပ္ေဖာ္ကိုင္ဖက္မ်ားရဲ႕ ေထာက္ခံမႈေၾကာင့္ ေခါင္းေဆာင္ေနရာမ်ိဳးရတတ္ပါတယ္။

အိမ္ေထာင္ရွင္ျဖစ္ပါက မိမိအိမ္ေထာင္ဖက္ႏွင့္ အဆင္မေျပမႈမ်ားရွိျခင္း၊ ခြဲခြာေနရတတ္ျခင္းမ်ား ရွိမည္။က်န္းမာေရးအညံ့အဆိုးကေတာ့ မရွိသေလာက္နည္းပါးပါတယ္။

အခ်စ္ေရးမွာေတာ့ သာယာေပ်ာ္႐ႊင္စရာမ်ားပါတယ္။ ေဝးကြာေနတဲ့ခ်စ္သူနဲ႔ျပန္ဆုံဖို႔အေၾကာင္းဖန္လာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၅/ဝ

အထူးေဟာ အလုပ္စီးပြားေတြတိုးတတ္ေနပါလိမ့္မယ္။

ယၾတာ လိေမၼာ္သီး ၉ လုံးဘုရားကပ္လႉလိုက္ပါ

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 09 77 5555 695 / 09 44 5555 695

Gems and Jewelleries (1712) ဆိုင္မ်ားကိုရွာရန္။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under