လက်ထပ်ဖို့အတွက်အမျိုးသားတွေအရှောင်ရှားသင့်ဆုံးမိန်းမ (၁၀) မျိုး

လက်ထပ်ဖို့အတွက်အမျိုးသားတွေအရှောင်ရှားသင့်ဆုံးမိန်းမ (၁၀) မျိုး google.com

ဒါကတော့..ကျော်တို့လိုရိုးရိုးသားသားနနေတဲ့ယာက်ျားတွေအတွက်တကယ်ကိုအဖိုးတန်တဲ့ပို့စ်လေးလို့ပဲ ပြောပါရစေ။ ကျော်တို့လိုယာက်ျားတွေကအမျိုးသမီးတွေထက်ပိုပြီးရဲရင့်တယ်၊ ကြံ့ခိုင်တယ်၊ အင်အားကြီးတယ်ဟုထင်ရပေမယ့်

အဆင်မပြေတဲ့မိန်းမမျိုးနဲ့တွေရင်ကျာ်တို့ဘဝတွေဟာစိတ်ဆင်းရဲမှုများဖြင့်ရှင်လျက်နဲ့သေ၊ ဘဝတွေပျက်တဲ့အထိဖစ်တတ်ပါတယ်။ Perfect ဖြစ်တဲ့မိန်းမ၊ယောက်ျားဆိုတာမရှိပေမယ့်ကျာ်တို့ယောက်ျားတွေဘဝအးချမ်းပျော်ရွှင်ချင်တယ်ဆိုရင်တော့ဒီလိုမိန်းကလေးမျိုးတွေနဲ့မပတ်သတ်မိဖို့ ၊ လက်မတွဲမိဖို့ သိပ်အရေးကြီးပါတယ်။

၁။ ယောက်ျားမုန်းဝါဒီရှိနေတဲ့အမျိုးသမီးတွေကိုရှောင်ပါ။ ဒီလိုဝါဒီမျိုးလက်ကိုင်ထားတဲ့အမျိုးသမီးကတော့တကမ္ဘာလုံးပေါ်ကယောက်ျားတွေကိုအသားလွတ်မုန်းနေမှာပါ။ ဒါဟာသူမရဲ့ကြုံတွေ့တဲ့အတွေ့အကြုံဆိုးကြောင့် ဖြစ်နိုင်သလို၊ သူမပတ်ဝန်းကျင်အနေအထားကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုမိန်းကလေးတွေကအများအားဖြင့်ဝါးလုံးရှည်ဖြင့်သိမ်းကျုံးကာအခွင့်အရေးရတာနဲ့ယောက်ျားများမကောင်းဘူးဆိုတာကိုထည့်ပြောတတ်ပါတယ်။ ဒီလိုမိန်းကလေးကတော့ဖြစ်နိုင်ရင်ရှောင်ပါ။

၂။ အတ္တကြီးတဲ့မိန်းကလေးတွေကိုလည်းရှောင်ပါ။ အမျိုးသမီးတွေကလည်းအတ္တကြီးတဲ့အမျိုးသားကိုရှောင်သလိုကျော်တို့လိုအမျိုးသားတွေကလည်းအမြဲတမ်းကိုယ့်အတွက်ကိုယ်ပဲတွေးတတ်တဲ့အမျိုးသမီးတွေကိုရှောင်သင့်ပါတယ်။ ဒါဟာမျှတပါတယ်။ သင့်အတွက်တွေးပေးမှု၊ စာနာပေးမှုမရှိတဲ့မိန်းကလေးကသင့်အတွက်တသက်လုံးစာအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ သူတို့ကစံစားဖို့အတွက်ပဲအသင့်ရှိနေပါလိမ့်မယ်။ ခံစားဖို့တော့ဖြစ်နိုင်မယ်မထင်ပါ။

၃။ ပစ္စည်းမက်လွန်းသူမိန်းကလေးတွေကိုရောမြင်ဖူးလား။ သူတို့ကိုတော့ရုပ်ဝါဒီကိုစွဲလမ်းလွန်းသူဟုပင်ပြောရမလားပါပဲ။ ဈေးကြီးပစ္စည်း၊ အကောင်းစားပစ္စည်း ၊ မြင်သမျှပစ္စည်းအကုန်လိုချင်တပ်မက်စိတ်ရှိလွန်းတာကလည်းသိပ်တော့မဟုတ်ဘူးဗျ။ တချို့မိန်းကလေးတွေဆိုသိပ်ပူဆာတတ်တယ်။ ချမ်းသာတဲ့အမျိုးသားတွေတောင်သိပ်ကိုပူဆာလွန်းရင်အင်သွားတတ်တယ်။ အလယ်အလတ်၊ နွမ်းပါးတဲ့ယော်ကျားတွေဆိုလျှင်ဒီလိုပူဆာနေခြင်းကသူတို့ကိုစိတ်ပင်ပန်းစေပါတယ်။ မရှိတာထက်မသိတာကခက်တယ်ဆိုသလိုပေါ့ဗျာ။

၎။ အမျိုးသားများနှင့်လက်ပွန်းတတီး၊ ပရောပရီနေတတ်သောအမျိုးသမီးကတော့အဝေးဆုံးကရှာင်ပါ။ ဘယ်လောက်ပဲ social ကျတယ်ဆိုဆိုဒီလိုယာက်ျားတကာနှင့်ပွတ်သပ်တွေ့ထိနေတဲ့မိန်းကလေးမျိုးတော့လက်ထပ်ဖို့ထိမစဉ်းစားသင့်ဘူးဗျ။ ကိုယ်ကနားလည်ပေးနိုင်တယ်ဆိုရင်တော့လည်းသဘောပေါ့ဗျာ..

၅။ အမြဲတမ်းပါတီတွေ၊ ပိတ်ရက်တိုင်းမှာလည်ပတ်စရာတွေနဲ့ပဲအချိန်ကုန်နေတတ်တဲ့မိန်းကလေးတွေကိုလည်းသတိထားဗျ။ လုံးဝရှောင်ရမယ်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ဒီလိုအကျင့်တွေအမြဲရှိနေတတ်တဲ့မိန်းကလေးဟာအပျော်အပါးမက်လွန်းတယ်လို့ယူဆလို့ရတယ်။ ဒါမျိုးကိုကိုယ်ကပြုပြင်ထိန်းသိမ်းပေးနိုင်မယ်၊ သေချာလမ်းကြောင်းပြပေးနိုင်မယ်လို့ယူဆရင်တော့လက်တွဲပါ။

၆။ နေရာတကာကိုယ့်အပေါ်ကိုပဲအပြစ်လွဲချခါင်းစဉ်တပ်တတ်တဲ့မိန်းကလေးမျိုးကိုလည်းရှာင်ပါ။ ဒီလိုအကျင့်မျိုးချစ်သူရည်းစားဘဝမှာကတည်းကသတိထားပါ။ ဒါမျိုးဟာအစပိုင်းမှာထင်သလောက်ပဿနာမဟုတ်ပေမယ့်တကယ့်လက်တွေ့ဘဝထဲမှာကပဿနာကိုလွှဲချပြီးဖြေရှင်းလို့မရပါဘူး။ မှားနေရင်တာင်းပန်ဖို့ဝန်မလေးတတ်တဲ့မိန်းကလေးကိုကျာ်တို့လိုယာက်ျားမျိုးတွေ respect ရှိတယ်ဆိုတာသိတယ်မလား။

၇။ အမြဲတမ်းသူ့ကိုပဲအလေးထား၊ ဂရုစိုက်စေချင်နေတဲ့သူမျိုးကလည်းသိပ်တော့မဟုတ်ဘူးဗျ။ မိန်းကလေးတွေကကိုယ့်ချစ်သူရည်းစားရဲ့ဒီလိုဂရုစိုက်မှုတွေကိုလိုချင်ကြတယ်။ ကျွန်တော်တို့ယောက်ျားတွေလည်း အတူတူပါပဲ။ ဒါပေမယ့်တချို့အခြေအနေ၊ အချိန်အခါတွေမှာကျသူတို့ကိုအမြဲဦးစားပေး၊ ဂရုစိုက်လို့မရတဲ့အခိုက်အတန့်တွေဖြစ်တတ်ပါတယ်။ ဒီနေရာမှာဥာဏ်ရည်မြင့်တဲ့မိန်းကလေးတွေကနားလည်မှုနဲ့ရှေ့ဆက်ကြပြီး ဥာဏ်နိမ့်တဲ့သူဆိုရင်တော့ပြဿနာမျိုးစုံရှာလေပါတော့သည်။ အဓိကကတော့နားလည်မှုရှိတဲ့အမျိုးသမီးကို ရွေးသင့်တယ်။

၈။ လေးစားမှုဆိုတာကိုနားမလည်တဲ့မိန်းကလေးကိုလည်းဝါင်ဝေါင်ရှေးလိုက်ပါ။ respect မရှိတဲ့မိန်းကလေးမျိုးကိုတစ်ဘဝလုံးလက်တွဲဖို့မဖြစ်နိုင်ဘူးဗျ။ လက်တွဲမိတယ်ဆိုရင်တောငကြာရှည်မြဲမှာမဟုတ်ဘူး။ အချင်းချင်းအပြင်တစ်ယောက်ပတ်ဝန်းကျင်ကိုပါတစ်ယောက် respect ရှိကိုရှိရမယ်။ Relationship တစ်ခုမှာ respect ကအဲ့လောက်ထိကိုအရေးကြီးတယ်။

၉။ တိတိကျကျအလုပ်အကိုင်မရှိတဲ့မိန်းကလေးကိုလည်းမရွေးသင့်ဘူးတဲ့ဗျာ။ ရှင်းရှင်းလေးတွေးမယ်ဆိုရင်တော့သူ့မှာအာရုံစိုက်လုပ်ရမယ့်အလုပ်တစ်ခုခုမရှိတဲ့အတွက်သူ့ရဲ့ရည်းစားအပေါ်ပဲအာရုံရောက်နေမယ်။ လုပ်ငန်းခွင်ဆိုတာကိုသူကိုယ်ချင်းစားတတ်ချင်မှစာတတ်မယ်။ သူ့အနားမှာဘာလို့ရှိမနေပေးနိုင်လဲဆိုတဲ့မေးခွန်းတွေနဲ့ပဲသူ့ကိုယ်သူရော၊ ခင်ဗျားကိုပါဒုက္ခပေးနေလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ကိုယ့်ရဲ့အန္တရာယ်ကိုရှောင်ရှားနိုင်ပြီထင်ပါတယ်။ ဇနီးကောင်းကိုရရင်သင့်ဘဝဂုဏ်တက်သလိုဇနီးဆိုးကိုပိုင်ဆိုင်ရလို့ဘဝပျက်သွားတဲ့ယောက်ျားတွေလည်းဒုနဲ့ဒေးပါ။ ကံကောင်းကြပါစေခင်ဗျာ…

Credit;Shweinnlay

Read times Last modified on Wednesday, 19 September 2018 09:58
Rate this item
(2 votes)