မိန်းမတွေကသူ့ယောက်ျားဆီမှာ ဒီလိုအကျင့်လေးတွေရှိရင် မကြိုက်ကြဘူး

မိန်းမတွေကသူ့ယောက်ျားဆီမှာ ဒီလိုအကျင့်လေးတွေရှိရင် မကြိုက်ကြဘူး google.com

() အဝတ်အစား သေသေ သပ်သပ် မဝတ်တတ်တာ။

 

() မိမိရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေ အပေါ် စိတ်ဝင်တစား ရှိတာ။

 

() စားတဲ့ သောက်တဲ့ အခါ အသံမြည်အောင် စားတတ်တာ။

 

 

() စကားပြောတိုင်း ဆဲရေးတိုင်းထွာတာ၊ ကြမ်းတမ်းတဲ့စကားမျိုးပြောတတ်တာ၊ အော်ကြီးဟစ်ကျယ်ပြောတာ။

 

() အိမ်ထဲမှာ ဆေးလိပ် သောက်တာ ။

 

() အပေါင်းအသင်းက တိုက်လိုက်လို့ ဆိုပြီး၊ အကြောင်းပြ အရက်သေစာ သောက်တတ်တာ။

 

() မိန်းမက အိမ်ကို လာတဲ့ ဧည့်သည်နဲ့ ရယ်ရယ် မောမော ဧည့်ခံ စကားပြောတာကို ပြဿနာ လုပ်တတ်တာမျိုး ။

 

() ကိုယ့်မိန်းမရဲ့ မွေးနေ့ကို မေ့မေ့ ပျောက်ပျောက် နေတတ်တာ ။

 

() ကလေးတွေကို ဆုံးမတဲ့ အခါတိုင်း လက် ပါတတ်တာ။

 

(၁၀) အိပ်နေတုန်း စကားယောင်ပြောတတ်တာ၊ ဟောက်တတ်တာ ။

 

(၁၁) ကိစ္စတိုင်းမှာ မိန်းမကို အပြစ်ရှာတတ်တာ။

 

(၁၂) ဖုန်းဆက်တဲ့ အခါ အသံကျယ်ကျယ် ပြောတတ်တာ ။

 

 

(၁၃) အင်္ကျီကို ချွတ်ပြီးရင် အိပ်ရာပေါ်ပစ်တင် ထားတတ်တာ။

 

(၁၄) ခေါင်းမှာ ဆီရွှဲအောင် လိမ်းတတ်တာ၊ တချို့ကျတော့ ဆီလုံးဝ မလိမ်းဘဲ ဖွာလန်ကြဲ နေတတ်တာ။

 

(၁၅) ကိုယ့်မိန်းမကို တွေ့ကရာ ယောက်ျားနဲ့ သဝန်တို တတ်တာ။

 

(၁၆) အစားအသောက် တခုခုကို အပြစ်ရှာပြီး ချေးများ တတ်တာ။

 

 

(၁၇) တကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက် တတ်တာ။

 

 

(၁၈) ကိုယ့်ရဲ့ ဘယ်အသုံးအဆောင် ပစ္စည်းကို မဆို စနစ်တကျ မထားဘဲ မိန်းမကို လှမ်းလှမ်း မေးတတ်တာ။

 

(၁၉) အိမ်တွင်းရေး ကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်နေရာမဆို မိန်းမကို ဖက်လဲတကင်း လုပ်တတ်တာ။

 

 

(၂၀) ဟင်းမကောင်းတဲ့အခါ ထမင်းပန်းကန်ကို ပစ်ပေါက်တတ်တာ။

 

(၂၁) အိမ်မှာ အခမ်းအနား တခုခုလုပ်လို့ ဧည့်သည်တွေ ရောက်ချိန်ကိုတောင် မထောက်ဘဲ အကြောင်း တခုခုကြောင့် ဆူညံပူညံ လုပ်တတ်တာ။

 

(၂၂) မိန်းမရဲ့ လုပ်ဖော်ကိုင်ဖက် ယောက်ျားတွေရဲ့ နာမည် ကိုတောင် မကြားချင်တာ။

 

(၂၃) အကြောင်းတခုခုနဲ့ ပတ်သတ်လာရင် မိန်းမရဲ့ ဆွေမျိုးသားချင်းတွေကို တန်းစီပြီး အပြစ်ပြောတတ်တာ။(၂၄) ဆွေမျိုးသားချင်း (သို့မဟုတ်) အပေါင်းအသင်း စုံတဲ့အခါ မိန်းမကို ရှာကြံပြီး အပြစ်ပြောတတ်တာ၊ နှိမ့်ချတတ်တာ။

 

(၂၅) အိမ်အပြင် ထွက်တော့မယ်ဆိုရင် မိန်းမကို ကိုယ့်အကြိုက် အဝတ်အစား ဝတ်ဖို့ တိုက်တွန်းတတ်တာ။

 

 

(၂၆) လူစိမ်းတယောက်ယောက် အိမ်လာတာ တွေ့တာနဲ့ မိန်းမကို ဘုမသိ ဘမသိ သံသယ မျက်လုံးနဲ့ ကြည့်တတ်တာ။

 

 

(၂၇) လင်မယားနှစ်ယောက် အတူနေကြတဲ့ အခါ ကိုယ့်ကိစ္စပြီးတာနဲ့ တဖက်လှည့်သွားပြီး မိန်းမနဲ့ကိုယ် ဘာမှ မဆိုင်သလို နေတတ်တာ။

 

(၂၈) ကိုယ့်ရဲ့ ဆန္ဒတခုတည်းကိုသာ ကြည့်ပြီး ဇနီးသည်ရဲ့ စိတ်အခြေအနေကို လုံးဝ ထည့်မတွက်တတ်တာ။

 

တကယ်လို့ ခင်ပွန်းသည်မှာ အပေါ်က အကျင့်လေးတွေ ရှိခဲ့ရင် သတိလက်လွတ် မနေဘဲ ပြုပြင်လိုက်ရင်တော့ ကိုယ့်အိမ်ထောင်ရေး ပိုပြီး အဆင်ပြေ သာယာ ပျော်ရွှင်လာမှာ အမှန်ပါပဲ။

 

ဒီအချက်တွေကိုလည်း အိမ်ထောင်ပြုကြမဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ကြိုတင်ညှိနိုင်းပြီး တိုင်ပင်ထားမယ် ၊ လျှော့သင့်တာလျှော့ ညှိသင့်တာ ညှိ စတဲ့ adjustment တွေ လုပ်ကြမယ်ဆိုရင် သာယာစိုပြည်တဲ့ အိမ်ထောင်ရေးကို ရရှိမှာ ဧကန် မုချပါပဲ။

 

Myanmar Wedding Guide

 

Credit;Original uploader

Read times Last modified on Wednesday, 19 September 2018 10:02
Rate this item
(1 Vote)