ဒီအချက်လေးတွေကြုံတွေ့နေရပြီဆိုရင် သင့်ဆီကို ကောင်းတဲ့ပြောင်းလဲခြင်းတွေဆီဦးတည်နေပါပြီ...

ဒီအချက်လေးတွေကြုံတွေ့နေရပြီဆိုရင် သင့်ဆီကို ကောင်းတဲ့ပြောင်းလဲခြင်းတွေဆီဦးတည်နေပါပြီ... google

ဒီအချက်လေးတွေကြုံတွေ့နေရပြီဆိုရင် သင့်ဆီကို ကောင်းတဲ့ပြောင်းလဲခြင်းတွေဆီဦးတည်နေပါပြီ...

ဘဝမှာ ကောင်းတာချည်းပဲကြုံနေရတာမဟုတ်သလို၊ ဆိုးတာချည်းပဲလည်း အမြဲကြုံမနေရပါဘူး။ သင့်အနေနဲ့ကံဆိုးတာတွေအဆုံးသတ်ပြီး

ကံကောင်းတာတွေ ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာကို သိချင်နေမယ် ထင်ပါတယ်။

ကဲ … ဒီအချက်တွေ ကြုံတွေ့နေရပြီဆိုရင် သင့်ဆီကို ကံကောင်းခြင်းတွေ မကြာခင် သေချာပေါက် ရောက်လာတော့မယ်လို့ သိထားလိုက်ပါတော့..

(၁) လက်ရှိအချိန်မှာ အာရုံစိုက်လို့ရနေပြီ ဆိုရင်

အတိတ်တွေ၊ အနာဂတ်တွေကို မတွေးဘဲ လက်ရှိအချိန်မှာ အာရုံစိုက်လို့ ရနေတာဟာ သင့်မှာ ပြည့်ဝတဲ့ စိတ်စွမ်းအင်ရှိနေတာကို ပြတာပါ။

စိတ်စွမ်းအင်က မပြည့်ဝဘူးဆိုရင် အာရုံတွေက ထွေပြားပြီး လက်ရှိအချိန်၊ လက်ရှိအလုပ်တွေကို အာရုံစိုက်လို့ လုံးဝမရပါဘူး။

ဒါကြောင့် လက်ရှိအချိန်မှာ အာရုံစိုက်လို့ ရနေပြီဆိုရင် သင့်အတွက် ကံကောင်းခြင်းတွေ မကြာခင်ရောက်လာဖို့ သေချာနေပါပြီ။

(၂) အလိုလိုသိနေတာတွေ ပိုများလာတယ်

တစ်ခုခုဖြစ်တော့မယ်ဆို ကြိုသိနေတာမျိုး၊ ဘေးနားကလူက တစ်ခုခုလုပ်တော့မယ်ဆို သူဖွင့်မပြောလည်း အလိုလိုသိနေတာမျိုးတွေ

အရင်ကထက်ပိုများလာမယ်ဆိုရင်လည်း သင့်စိတ်နဲ့ကံကြမ္မာက ကောင်းတဲ့စွမ်းအင်တွေပိုအားကောင်းနေလို့ပါ။

(၃) ကိုယ်လိုချင်တာရယူဖို့ သတ္တိတွေ ရှိလာပြီဆိုရင်

ကိုယ်လိုချင်တာကိုသိပေမယ့် မရနိုင်ဘူးလို့ ထင်နေတာဟာ စိတ်အင်အားနည်းလို့ပါ။ တကယ်လို့သင်က သင်လိုချင်တာတွေကိုရယူဖို့အတွက်

သတ္တိတွေရှိလာပြီ၊ ဆုံးဖြတ်ချက်တွေခိုင်မာလာပြီဆိုရင်တော့ ကောင်းတဲ့စွမ်းအင်တွေ သင့်ဆီရောက်လာနေပြီဆိုတာ သိနိုင်ပါပြီ။

(၄) အေးချမ်းတဲ့ ခံစားချက်မျိုးဖြစ်နေရင်

လူဆိုတာ ကြောက်တတ်၊ တုန်လှုပ်တတ်ကြတာချည်းပါပဲ။ ဒါပေမယ့် ကိုယ့်စိတ်အခံအင်အားနည်းနေတဲ့အခါ ဘာမှမဟုတ်တဲ့အဖြစ်အပျက်လေးတစ်ခုအတွက်

တုန်လှုပ်တတ်ကြပြီး စိတ်အင်အားပြည့်ဝနေတဲ့အခါဆိုရင်တော့ ဘာကိစ္စတွေပဲဖြစ်ဖြစ်မတုန်လှုပ်တော့ပါဘူး။

သင့်ဘေးနားမှာ ဘာအဖြစ်အပျက်တွေပဲဖြစ်နေနေ အေးအေးဆေးဆေးပဲဖြစ်နေမယ်ဆိုရင်တော့

သင့်ကံကြမ္မာက အကောင်းအဆိုးညီမျှတဲ့အခြေအနေကိုရောက်နေပြီး ကောင်းတဲ့ဘက်ကိုဦးတည်နေလို့ပါတဲ့။

(၅) 111,11:11,11 အဲ့လိုနံပါတ်လေးတွေနေရာတိုင်းမှာတွေ့နေရတယ်

အဲ့ဒီ နံပါတ်တွေကို angel numbers လို့ခေါ်ကြပြီး သင့်အနေနဲ့ အဲ့ဒီနံပါတ်တွေကို မကြာခဏတွေ့မိနေတယ်ဆိုရင်တော့ ကံကောင်းမှုတွေကြုံရမယ်လို့ ပြောကြပါတယ်။

(၆) ကောင်းတဲ့အရာတစ်ခုခုဖြစ်တော့မယ်လို့ခံစားနေရတယ်

သင်ဟာ အိပ်ရာကနေနိုးနိုးချင်းမှာ အလိုလိုစိတ်ကကြည်လင်နေတယ်၊ ပျော်ရွှင်နေတယ်ဆိုရင် ဒါဟာ သင့်အနားမှာ ကောင်းမွန်တဲ့အငွေ့အသက်တွေရှိနေလို့ပါ။

အရင်ကစိတ်ညစ်စရာလို့ထင်ခဲ့ဖူးတဲ့ကိစ္စတွေကိုတောင် စိတ်ညစ်စရာလို့မမြင်တော့ဘဲ သင့်အတွက် ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုခုဖြစ်တော့မယ်လို့စိတ်ထဲကနေခံစားနေရတတ်ပါတယ်။

ဒီအချက်တွေကိုကြုံတွေ့ခံစားနေရပြီဆိုရင်တော့ သင့်ဆီကိုကံကောင်းခြင်းတွေရောက်ရှိလာတော့မှာဖြစ်ပြီး၊ သင့်ဘဝကလည်း ကောင်းတဲ့ပြောင်းလဲခြင်းတွေဆီဦးတည်နေပါပြီ။

ခရက်ဒစ် အန်တီမေ MAY THAZINHTOO

 

Zawgyi ဖြင့်ဖတ်ရန်



























 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 21 February 2020 16:31
Rate this item
(0 votes)
Tagged under