(၇) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ

(၇) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ Google

အင်္ဂလိပ်ရက် ၇ ရက် ၊ ၁၆ ရက် ၊ ၂၅ ရက် မွေးဖွားသောမိတ်ဆွေများကို (၇) ဂဏာန်းသမားများ ဟုခေါ်သည်။

 

နှစ်စပိုင်းမှာ အစစအရာရာ တအားကြီးမကောင်းသေးပေမယ့် နောက်ပိုင်းမှာ ဖြေဖြေးချင်း ကောင်းလာပါလိမ့်မယ်။ ရှေ့မတိုးသာ၊နောက်မဆုတ်သာ ၊ ရှေ့တိုးရခက် ၊ နောက်ဆုတ်ရခက် အခြေအအေများကြုံတွေ့ရအံ့။ အကြံအစည် ရည်ရွယ်ချက်များလည်း ထစ်ငေါ့ကြန့်ကြာြ့ပီးမှအောင်မြင်လတ္တံ့။

 

ကံကြမ္မာဟာ အကောင်းမှအဆိုး ၊ အဆိုးမှအကောင်းသို့ ဇောက်ထိုးမိုးမျှော် ရောက်ရှိသွားအံ့။ အပြောင်းအလဲကြီးကြီးမားမားဖြစ်အံ့။ စီးပွားရေး၊ငွေကြေး ၊ လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွင်လည်း တအားကောင်းနိုင်သလို တအားလည်းညံ့သွားအံ့။

 

သူတပါးအတွက် ဓါးစားခံဖြစ်တတ်။အစစအရာရာသတိထားပြီးဖြတ်သန်းသင့်။ မိမိရဲ့အောင်မြင်မှုတွေကို သူတစ်ပါး နှောက်ယှက်အံ့။ စိတ်ပူစရာ ၊ စိတ်အနှောက်အယှက်ဖြစ်စရာ ၊ အတိုက်အခံ ၊ အခက်အခဲများ ရောထွေးနေအံ့။
ခင်မင်ရင်းနှီးသောသူတွေနဲ့ စိတ်သဘော ထားမတိုက်ဆိုင်ပဲ လမ်းခွဲရတတ်။မိတ်ဆွေရင်း လူရင်းများက နောက်ကျောကိုဓါးဖြင့်ထိုးတတ်။အထူးသတိရှိပါ။

 

မမျှော်လင့် ပဲအကြွေးကိစ္စ ၊ငွေကိစ္စ မျက်နှာပျက်စရာ ဖြစ်တတ်။သူတပါးအတွက် အာမခံပေးခဲ့တဲ့ ကိစ္စများအတွက် ကိုယ်ကတာဝန်ယူရတတ် …။ သူတစ်ပါး ချောက်တွန်းတာခံရတတ်။ ဒါကြောင့် ဒီနှစ်ထဲမှာ သူတပါးအတွက် အာမခံတာ၊သက်သေ လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။

မိမိရမယ့် အခွင့်အရေးကောင်းတွေကို လည်း သူတပါးရှိသွားတတ်။ ဘယ်အလုပ်ကိုမဆို ၊ ဘယ်အခြေအနေကိုမဆို စိတ်ရှည်လက်ရှည်ခေါင်းအေးအေးနဲ့ဖြတ်သန်းပါ။

 

အချစ်ရေး - အဆင်ပြေသလိုလို မပြေသလိုလို တောမရောက် တောင်မရောက် ဖြစ်နေအံ့ … ။ ပြတ်မလို ကွဲမလိုဖြစ်နေသူများ လက်ရှိအခြေအနေအတိုင်း ကြန့်ကြာနေတတ် …။ ချစ်သူအပေါ်ကို အလိုလိုက် နားလည်ခွင့်လွှတ်ပေးနေရအံ့ …။ အနစ်နာခံပေးနေရတတ် … ။

ဟိုလိုလို ဒီလိုလို ဘာမှန်းမသိ အီလည်လည်ကြီးဖြစ်နေအံ့ … ။

 

အိမ်ထောင်ရေး - ကောင်းလည်းမကောင်း ဆိုးလည်းမဆိုး အခြေအနေရှိအံ့ …။ တစ်ခါတစ်ရံ တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ချင် မျက်နှာကြောမတည့်ဖြစ်နေအံ့ … ။ မိမိဘက်ကသာ နားလည်ခွင့်လွှတ် အလိုလိုက်ပေးနေရတတ် … ။ ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေများလည်း ကြုံရတတ် … ။

 

ငွေရေးကြေးရေး - ရစရာ ပေးစရာငွေများ ထစ်ငေါ့ကြန့်ကြာနေတတ် … ။ ငွေကြေးကိစ္စများ စိတ်ပူထစ်ငေါ့ပြီးမှ အောင်မြင်အံ့ … ။ ငွေကြေးကိစ္စများ မစွန့်စားသင့် …။ သူတပါးချောက်ချတာခံရတတ် …။ သူတပါးကို အနစ်နာခံကူညီရတတ် … ။

 

၁ ။ အလုပ်ကိုင်အကြံစည် ရည်ရွယ်ချက်များ ထစ်ငေါ့ကြန့်ကြာပြီးမှ အောင်မြင်တတ်

၂။ ငွေအဝင်များသောလည်း အဖတ်မတင်ဖြစ်နေတတ်

၃။ မိမိနေအိမ်ရဲ့ ခေါင်းရင်းဘက် မျက်နှာစာဘက်တွင် နာရေးပေါ်တတ် ။ မသွားသင့်။ မဖြစ်နေသွားရလျှင် တရော်ကင်ပွန်းနှင့်ခေါင်းလျှော်ပစ်ပါ။

၄။ အငြိမ်နေရတာမရှိဘဲ လှုပ်ရှားနေရတတ်

၅။ ကျန်းမာရေးတစ်ခုပြီးတစ်ခု ညံ့တတ် ။သွေးထွက်သံယို ဖြစ်တတ် သတိထားသင့်

၆။ မြေအတွက် အမွေအတွက် စကားအကြီးကျယ်ပြောရတတ်

၇။ ဗုဒ္ဓဟူးနံ ယ၊ရ၊လ၊၀ အကြောင်းပြုပြီးငွေးကြေး အကျိုးမြတ်များ ရတတ်

၈။ သူတစ်ပါး၏ အကြောင်းမဲ့ စွပ်စွဲ ပြောဆိုခြင်းခံရတတ်

၉။ အလှူအတန်းလုပ်ရတတ် မင်္ဂလာကိစ္စများ စကားပြောရတတ်

၁၀။ ဟိုလိုလို ဒီလိုလိုနဲ့ အချိန်တွေကုန်သွားတတ်

၁၁။ လုပ်ငန်းသစ် စီးပွားသစ် လုပ်ကိုင်ဖို့ အကြောင်းတွေပေါ်လာတတ်

၁၂။ ပစ္စည်းများကို ထုခွဲရောင်းချပြီး လုပ်ငန်းသစ် လုပ်ချင်စိတ်ပေါ်နေတတ်

 

အကျိုးပေးအဆောင် - ဂေါ်မုတ်ကျောက် ၊ အနီရောင်ကျောက် ၊ ခဲမဖြူ ၊ ငွေ

အကျိုးပေးအရောင် - အနီရောင် ၊ ခရမ်းရောင် ၊ ကြက်သွေးရောင်

သင့်တော်သည့် ဓါတ်စာ - စတော်ဘယ်ရီ ၊ ဆီးဖြူ ၊ နာနတ် ၊ တည်သီး ၊ ဗန်ဒါ ၊ လေးညှင်း ၊ ဂျုံ

သတိထားသင့်သည့် အန္တရာယ် - မီးဘေး ၊ လျှပ်စစ် ၊ အပူလောင်

သတိထားသင့်သည့် ရောဂါ - အာရုံကြော ၊ အကြော ၊ အရေပြား

နေ့ကောင်း - ကြာသပတေး ၊ သောကြာ ၊ အင်္ဂါ

ရက်သာ(ထီဂဏန်း) - ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇

 

ယတြာ ။ ။ ကျန်းမာရေးမကောင်းသူကို ဆေးဝါးဓါတ်စာ ၊ ငွေကြေးမာကာခဏ လှူဒါန်းပေးပါ …။ အဆင်မပြေမှုများ အခက်အခဲများ ကြုံတွေ့နေရပါလျှင် - မိမိရဲ့ဓါတ်ပုံကို နံရံမှာ ၁၂နာရီကြာအောင် ဇောက်ထိုးကပ်ထားလိုက်ပါ။ မကြာခဏလုပ်ပေးပါ။

 

Myanmar Wedding Guide
Crd: ဆရာမင်းသိမ်းခိုင်

Read times Last modified on Thursday, 07 January 2021 10:37
Rate this item
(0 votes)
Tagged under