အသည်းကွဲလို့သေနိုင်သလား

အသည်းကွဲလို့သေနိုင်သလား google.com

ချစ်ရသူတစ်ယောက်ဆုံးရှုံးသွားခြင်းကြောင့် လူတစ်ယောက်ဟာအသည်းကွဲပြီးသေဆုံးနိုင်ပါတယ်။

 

 

ဗြိတိန်နိုင်ငံဘာမင်ဂန်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုအရ ဝမ်းနည်းပူဆွေးခြင်း၊ ရင်နာခြင်းနှင့် ဆုံးရှုံးလိုက်ရသည့် စိတ်ခံစားချက်များကဲ့သို့ ပြင်းထန်သော စိတ်ခံစားချက်များကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကိုဆိုးရွားစွာ ပျက်စီးစေနိုင်သဖြင့် အသက်အန္တရာယ်ရှိနိုင်ကြောင်းသိရပါတယ်။

 

ချစ်ရသူတစ်ယောက်ဆုံးရှုံးလိုက်ရခြင်းကြောင့် နမိုးနီးယားရောဂါပိုးကဲ့သို့ဘက်တီးရီးယားများကို တိုက်ဖျက်ရာတွင်ကူညီပေးသောနူထရိုဖီးလ် (neutrophils)ဟုခေါ်သည့် သွေးဆဲလ်များအပေါ်ထိခိုက်မှုများကို သုတေသီများလေ့လာခဲ့ကြပါတယ်။ များမကြာမီက ချစ်သူခင်သူတစ်ယောက်ဆုံးရှုံးထားသူများထံမှ သွေးနမူနာများကို သုတေသီများကရယူပြီး ၎င်းတို့၏နူထရိုဖီးလ်များက ဘက်တီးရီးယားများကိုတိုက်ဖျက်ရာတွင် မည်သို့အကျိုးရှိကြောင်း လေ့လာခဲ့ကြပါတယ်။ဝမ်းနည်းပူဆွေးမှုဒဏ်ခံစားခဲ့ရသည့် လူငယ်များ၏ နူထရိုဖီးလ်များမှာ များစွာမပြောင်းလဲဘဲရှိနေသ်ာလည်း အသက် (၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များမှာ ဘက်တီးရီးယားများကိုတိုက်ဖျက်နိုင်ခြင်းမရှိတော့ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့ကြပါတယ်။

 

ယင်းအချက်အပြင် ချစ်သူခင်သူတစ်ယောက်သေဆုံးသွားပြီးနောက် အသက်အရွယ်ကြီးသူများမှာ ရုတ်တရက်အထီးကျန်သွားသည်ဟုခံစားကြရသဖြင့် ၎င်းတို့မှာနာမကျန်းဖြစ်၍ အားလျော့သွားတတ်ကြသည်။ဇနီးသည်ကို ဆုံးရှုံးလိုက်ရသော မုဆိုးဖိုတစ်ဦး၏သေဆုံးနိုင်မှုအန္တရာယ်မှာ နှစ်ဆမြင့်မားပြီးသေဆုံးဖွယ်ခြောက်ဆမြင့်မားကြောင်း သုတေသီများ၏လေ့လာမှုကဖော်ပြခဲ့ပါတယ်။အိမ်ထောင်သက်ကြာရှည်သော ဇနီးမောင်နှံများမှာ၎င်းတို့၏ ဘဝလက်တွဲဖော်ကိုဆုံးရှုံးလိုက်ရပြီးနောက် သေဆုံးနိုင်မှုအန္တရာယ်ပို၍မြင့်မားပြီး အသက်ရှင်ကျန်ခဲ့သူတစ်ဦးအဖို့ ပထမဆုံးနှစ်အတွင်း သေဆုံးနိုင်မှုအန္တရာယ်အမြင့်မားဆုံးဖြစ်ကြောင်းသိရပါတယ်။

 

 

Credit;7Day Daily

Read times Last modified on Tuesday, 18 September 2018 15:46
Rate this item
(0 votes)