ချစ်သူမိန်းကလေးတွေဆီက အမျိုးသားတွေလိုချင်လေ့ရှိတဲ့အရာများ
ချစ်သူမိန်းကလေးတွေဆီက အမျိုးသားတွေလိုချင်လေ့ရှိတဲ့အရာများ google
Relationshipတစ်ခုတည်ဆောက်တာကလွယ်ပါတယ်။ခိုင်မြဲအောင်လုပ်ဖို့ကသာတကယ်ခက်ခဲတတ်တာပါနော်။
မိန်းကလေးတွေဖက်ကချစ်သူဆီကလိုချင်တဲ့အချက်တွေရှိတတ်ကြသလိုယောက်ျားလေးတွေဖက်ကလည်း
ချစ်သူမိန်းကလေးတွေဆီကလိုချင်တဲ့အချက်အလက်တွေရှိကြပါတယ်။ဒါကြောင့်ဒီနေ့မှာယောကျ်ားလေးတွေအနေနဲ့
ချစ်သူမိန်းကလေးဆီကလိုချင်တတ်တဲ့အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) လေးစားမှု
သူတို့လုပ်သမျှကိုနေရာတိုင်းလေးစားပေးနေရမယ်လို့မဆိုလိုပါဘူးနော်။သူ့ဖက်ကိုယ့်ဖက်မိသားစုဝင်တွေ၊
သူ့သူငယ်ချင်းအပေါင်းအသင်းတွေရှေ့ဆိုရင်တော့ သူ့ကိုလေးစားသမှုနဲ့ပြောဆိုပြုမူတာမျိုးကို အမျိုးသားအများစုကချစ်သူဆီကနေ
လိုချင်တတ်ကြပါတယ်နော်။
(၂)ချီးကျူးမှု
ယောက်ျားလေးတွေလိုချင်တဲ့ ချီးကျူးမှုဆိုတာ ပါးစပ်ကနေတော်တယ်၊တတ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မဟုတ်ပါဘူးနော်။
သူတို့လုပ်ရပ်ကြောင့်ချစ်သူပျာ်ရွှင်ရတယ်ဆိုတာမျိုးကိုသိချင်ရုံသာဖြစ်တာကြောင့်သူ့လုပ်ရပ်နဲ့ပက်သက်ပြီးချီးကျူးပေးဖို့သာလိုတာပါနော်။
သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတွေထက်ညဏပိုင်းဆိုင်ရာကိစ္စတွေမှာ ပိုပြီးချီးကျူးပေးပါနော်။
(၃) စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု
အမျိုးသားတွေဟာ Relationship တစ်ခုကိုတည်ဆောက်ပြီးနှစ်တွေကြာလာတာနဲ့အမျှ ချစ်သူနဲ့စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကိုလိုချင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုဆိုတာ ထုတ်ဖော်ပြောပြစရာမလိုဘဲ တစ်ဦးကို တစ်ဦး နားလည်နေတာမျိုး ဖြစ်ပါတယ်။
(၄) ကိုယ်ပိုင် အချိန်
တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ပဲ ချစ်ပါစေ။အမျိုးသားတွေဟာကိုယ်ပိုင်အချိန်ကိုတော့ တောင့်တကြပါတယ်။
သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းချင်တာ၊တစ်ယောက်တည်းနေချင်တာ၊ကိုယ်နှစ်သက်တဲ့ဝါသနာတစ်ခုလုပ်နေချင်တာစတဲ့ပုဂ္ဂလိကအချိန်လေးတွေ
ရှိတတ်တာကြောင့် သူတို့ကိုကိုယ်ပိုင်အချိန်လေးတော့ပေးဖို့မမေ့ပါနဲ့နော်။
(၅)ရုပ်ပိုင်းဆိုင်ရာ
လက်တွေ့ကျကျ ပြောရရင်တော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကိုလည်း အမျိုးသားတွေလိုချင်ပါတယ်နော်။
(၆) စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု
အမျိုးသားတွေဟာ ချစ်သူသက်တမ်းအချိန်ကြာလာတဲ့အခါ ဘယ်သူ့ကိုမှမတိုင်ပင်တာတွေ ချစ်သူကို တိုင်ပင်ချင်လာတတ်ကြပါတယ်။
ဒီလိုဖြစ်လာတာဟာ သူတို့တွဲနေတဲ့ မိန်းကလေးကသူတို့အတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေးနိုင်တယ်လို့ခံစားရတာကြောင့် ဖြစ်ပါတယ်။
(၁) လေးစားမှု
uu1
(၂)ချီးကျူးမှု
uu2
uu4
(၄) ကိုယ်ပိုင် အချိန်
uu3
(၅)ရုပ်ပိုင်းဆိုင်ရာ
rs
Myanmar Wedding Guide
jjjj
Read times Last modified on Monday, 16 March 2020 17:20
Rate this item
(1 Vote)
Tagged under